Part 28

296 28 1
                                    

"ဂျောင်ဂု...ဂျွန်ဂျောင်ဂု....မင်းကလေ...ရုပ်လေးနဲ့မှ မလိုက်အောင် ယုတ်ညံ့လွန်းတယ်နော်....မင်းကိုမှ ယုံစားမိတဲ့ ငါပဲ့ မှားတာ...တောက်ခ်....ဟာကွာ..."

"ခွမ်း...ခွတ်..ခွမ်း.....!!!💥."

ထယ်ယောင်း စားပွဲပေါ်က ပစ္စည်းတွေ ပန်းအိုးတွေ လွှင့်ပစ်ကာ ဒေါသထွက် ပေါက်ကွဲနေတော့သည်။ဘေးနားရပ်‌ကြည့်နေတဲ့ မန်နေဂျာလီကတော့ လက်ပိုက်ရင်း ပြုံးကာ ကြည့်နေလေသည်။

"စိတ်ကိုထိန်းပါအုံးလား စီအီးအိုရယ်....ဒီတန်ဖိုးကြီးပစ္စည်းတွေကို ဒီတိုင်းပစ်ခွဲနေလဲဘာထူးမှာလဲ..ဗျ"

"ခများကြီး ပါးစပ်ပိတ်ထားလိုက် မန်နေဂျာလီ....ထွက်သွား ကျွန်တော် စိတ်ရှုပ်နေတယ်..."

"ဟို...ကုန်...ကုန်ပစ္စည်းတွေကြည့်တဲ့ကိစ္စကရော..."

"ထွက်သွားလို့ပြောနေတယ်နော်....ထွက်သွား!!!..စိတ်ရှုပ်နေတဲ့ကြားထဲ ခများကတစ်မျိုး.."

ထယ်ယောင်း ဒေါသထွက်လွန်းလို့ စိတ်မထိန်းနိုင်ဖြစ်ကာအော်တော့ မန်နေဂျာလီ လဲ ဘာမှမပြောနိုင်ဘဲ အခန်းပြင်ထွက်ဖို့ တံခါးတွန်းဖွင့်လိုက်သည်။

"မန်နေဂျာလီ...မန်‌ေနဂျာလီ....စီအီးအို..ဘာဖြစ်တာလဲဟင်....??"

"ငါမသိဘူး...သူ့ကိုဒီတိုင်းထား ထားလိုက် ..မင်းတို့လဲ ကိုယ့်နေရာကိုယ်သွားကြတော့"

"ဟုတ်..ဟုတ်"

ထယ်ယောင်းအခန်းထဲ က ဆူညံသံတွေကြောင့် တံခါးနား ‌၀န်ထမ်း လေးငါး ယောက်လောက် ခိုးနားထောင်နေကြသည်။ကျန်တဲ့ ၀န်ထမ်းတွေကတော့ ကြောက်ဒူးတုန်လို့ တစ်ယောက်နှင့်တစ်ယောက်ဟိုကြည့်ဒီကြည့်နဲ့ ငြိမ်ကုပ်နေကြရသည်။မန်နေဂျာလီ ထွက်လာတာမြင်တော့ သူတို့ မေးကြသည်။မန်နေဂျာလီလဲ မျက်နှာကြီးမှုန်ကာ ပြန်ပြောရင်း ကိုယ့်နေရာကိုယ်ပြန်သွားခိုင်းသည်။

"ငါတို့..စီအီးအို..ဘာဖြစ်တာလဲမသိဘူး.နော်..ကြောက်စရာကြီး...ငါတော့ ဒူးတွေတုန်လို့"

"အဟေ..ငါလဲ အဲလိုပဲ့..."

"သူ့နဂိုစိတ်က ဆတ်တာဟ...ဒေါသထွက်ရင်အဲလိုပဲ့ သောင်းကျန်းတတ်တယ်"

Dear Jeon💌 (Completed)Where stories live. Discover now