"အစ်ကို နမ်ဂျွန်....ကျွန်တော်တို့ ယောင်းတို့နား ရောက်နေပီလား"
"အင်း...ဒီမှာပြထားတာတော့.....ဒီနေရာပဲ့.....ဒီအဆောက်အဦတွေထဲမှာ သူတို့ ရှိနိုင်တယ်...အားလုံးသတိနဲ့နေကြ"
ခြေရာခံစက် လိုက်နေတဲ့ ဖုန်းကို နမ်ဂျွန် ကြည့်ပီး ပြောသည်။ယွန်းဂီပြောပြတဲ့ မှောင်ခိုသမားတွေ ကျင်လည်ရာ နေရာတစ်ခုထဲ သူတို့ ရောက်နေကြသည်။ပုံစံတူ ရှေးဟောင်းနှစ်ထပ်တိုက် အိမ်အိုတွေ တစ်အိမ်နှင့်တစ်အိမ် ကပ်လျက်သား ဆောက်ထားကြတာဖြစ်သည်။
"အဆောက်အဦ တွေက အများကြီးပဲ့....ကျွန်တော်တို့ လူခွဲ ရှာကြမယ်"
"အေ...ကောင်းတယ်....အားလုံး နားကြပ်တွေ တပ်ထားကြ ...တစ်ခုခု ထူးခြားရင် အကြောင်းပြန်ကြ......"
"အားလုံး သတိရှိကြနော်...."
"ငါတို့က ကိုးရီးယားစစ်သားတွေ...ရဲရဲတိုက်..ရဲရဲတက်..ရဲရဲ ချေမှုန်းရဲရမယ်...."
"ဟုတ်.......!!!"
ဂျောင်ဂုတို့ ဗိုလ်မှူး လေးယောက် က တစ်ယောက်တစ်ခွန်းစီ မိန့်လေတော့ တပ်သားတွေ အလေးပြုရပ်ကာ သံပြိုင် အော်ကြသည်။
"ကဲ....ချီတက်မယ်..."
ဆွန်းဂျင် ၊နမ်ဂျွန်၊ ဂျောင်ဂု ၊ဟိုဆော့ ဗိုလ်မှူး လေးယောက်က တစ်ယောက်တစ်နေရာစီ ဦးဆောင်ကာ သူတို့နောက် တပ်သား ရှစ်ယောက်ခန့် လိုက်စေသည် ။သေနပ်တွေ မောင်းတင် အဆင်သင့်ချိန်ပြီး သတိအနေအထားနဲ့ သူတို့ အဆောက်အဦတွေထဲ ၀င်လိုက်ကြသည်။အချိန်တော်တော်ကြာ သူတို့ တစ်ဆောင်၀င် တစ်ဆောင် ထွက် ရှာဖွေကြသည်။
"ဗိုလ်မှူး..ဂျင်....."
"ရှူးးး......ခြေသံတွေကြားနေရတယ်."
"ဟုတ်...ကျွန်တော်တို့လဲ အဲဒါပြောမလို့"
"သတိနဲ့နေကြ"
ဆွန်းဂျင် ဦးဆောင်တဲ့ အဖွဲ့ က အဆောက်အဦပျက်တစ်ခုထဲ လူတွေ သွားလာ စောင့်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ဆက်သွယ်ရေးနာကြပ်အသုံးပြုကာ ဆွန်းဂျင် ...အသိပေးလိုက်သည်။
"ဗိုလ်မှုးဂျွန်၊ ဗိုလ်မှူးဟိုဆော့ ၊အရာရှိ နမ်ဂျွန်...တောင်ဖက်အစွန်းက မိုးပြာရောင် အဆောက်အဦပျက်ဆီ လာခဲ့ကြပါ....အဲဖက်မှာ ငါတို့ ရှိတယ်....မှောင်ခိုသမားတချို့ကို တော့ တွေ့ပီ..."
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...