"ဘာ အသတ်ခံ ရပြန်ပီ လား"
"ဟုတ်ပါတယ် စီအီးအို..."
"သေချာလို့လား..မန်နေဂျာ လီရယ်..ဘယ်သူသတ်တာလဲ"
"ဟိုအဖွဲ့ကပဲ့ ထင်တယ်"
"တောက်ခ်...ငါ့ကိုသတ်ခိုင်းတဲ့ ကောင်က ငကြောက်လားကွ...ငါ့ဆီ တိုက်ရိုက်မလာဘဲ...ငါ့ဘော်ဒီဂတ်တွေကိုပဲ့ ရွေးသတ်နေတယ်"
"ကျွန်တော်တို့လဲ မပြောတတ်ပါဘူး..သေချာတာ တစ်ခုက သူတို့ က စီအီးအို ကိုယ်တိုင် ဖြစ်မှ ကြိုက်တယ်နဲ့တူတယ်"
"ဟား...ဟာသ ပဲ့ ဒီပုံစံအတိုင်းဆို..ပါးနဲ့မားက ငါ့ကို အိမ်ထဲကနေအိမ်ပြင်တောင် ပေးထွက်မှာမဟုတ်ဘူး.."
"စိတ်မပူပါနဲ့ စီအီးအို..ကျွန်တော်အဲထက်ကောင်းတဲ့ လူတွေ ထပ်ခန့်ပေးပါမယ်"
"တော်ပါတော့ဗျာ..ကျွန်တော်ကြောင့်နဲ့ အပြစ်မရှိတဲ့ လူတွေ ကို ထပ်မသေစေချင်တော့ဘူး"
"ဒါမယ့်..စီအီးအို"
"တော်ပါတော့ ..ထွက်သွားတော့..လုပ်စရာရှိတာ လုပ်..ကျွန်တော် တစ်ယောက်တည်းနေချင်တယ်"
"ကောင်းပါပီ"
မန်နေဂျာလီ အရိုအသေ ပေးကာ ထွက်သွားလေသည်။
"ဒီလူကကွာ..ငါ့ကို ဘာလုပ်စေချင်တာလဲ..ကျစ်...နားမလည်နိုင်တော့ဘူး"
သက်ပြင်းချကာ ပွယောင်ယောင် ဆံပင်တွေ ကို လက်ချောင်းလေးတွေနဲ့ထိုးဖွနေသည်။ခုဆိုရင် ဂျောင်ဂုတို့နဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ တစ်လလောက်ရှိပါပီ။ထယ်ယောင်း US ကနေ ပြန်လာပီးကတည်းက အတိုက်အခိုက်တွေဆက်တိုက် ကြုံနေသည်။ပါးနဲ့မားက တစ်ပတ်လောက် ထယ်ယောင်းကို အိမ်ထဲကနေ အိမ်ပြင် ထွက်ခွင့်မပေးချေ။ထယ်ယောင်းဒီတိုင်း အိမ်မှာချည်းအောင်းနေေတာ့ ကုမ္ပဏီမှာရှယ်ယာ၀င်ထားတဲ့ လူတစ်ချို့ တောင် ထွက်ကုန်ကြသည်။ကြာလာရင် ကုမ္ပဏီအေခြအေန မကောင်းတော့မှာ ထယ်ယောင်းသိတော့ ပါးနဲ့မားကို နည်းမျိုးစုံနဲ့ ဖြောင်းဖြကာ ဘော်ဒီဂတ် တွေငှားပီး ကုမ္ပဏီသွားရသည်။ကံဆိုးစွာပင် သူခန့်လိုက်တဲ့ ဘောဒီဂတ်တွေ အကုန်အသတ်ခံလိုက်ရသည်။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...