".…..ဝါး...အိပ်လို့ ကောင်းလိုက်တာ..ညက အိပ်မက်လှသလိုပဲ့....."
မနက်ရောက်တော့ ထယ်ယောင်းနိုးလာသည်။သူ့စိတ်ေတွ လန်းဆန်းနေသည် ။ လက်နှစ်ဖက် အညောင်းပြေ ဆန့်လိုက်ကာ စားပွဲပေါ်က နာရီကြည့်လိုက်တော့...
"ဟာ....ကိုးနာရီတောင်...ထိုးနေပီ..! !..သွားပီ ..အစည်းအဝေး ချိန်းထားတာကို...ငါနှယ်...အသုံးမကျလိုက်တာ..…မားကလဲ ဘာလို့ လာမနှိုးတာလဲ မသိဘူး....မဖြစ်ဘူး မဖြစ်ဘူး...မြန်မြန်လုပ်မှဖြစ်မယ်..."
ထယ်ယောင်း ကသောကမျော ထကာ မျက်နှာသစ် သွားတိုက် ရေချိုး ပြင်ဆင်ပီး ...အ၀တ်အစားလဲကာ ...အောက်ထပ် ပြေးဆင်းလာတော့သည်။message ၀င်လို့ ဖုန်းလေး မီးစိမ်းနေတာ သူသိပါသည်။နောက်ကျနေပြီမို့ ..သူမကြည့်ဖြစ်သေးပေ။
"မား...မား..!.."
"ဟင်..ဘာလို့....တအားအော်နေတာလဲ သားရယ်...မား ရှိပါတယ်..အဲလောက်မအော်ပါနဲ့...ဟဲ့...မနက်စာစားသွားအုံးလေ"
"မား...မားမတရားဘူး"
"ဟင်...ဘာတွေ ကမူးကရူးနဲ့ ပြောနေတာတုံး...အိပ်ရေးမ၀သေးဘူးလား"
"ဟာ..ဘယ်ကသာ ..မားရယ်...မား ဘာလို့သားကို မနှိုးတာလဲ...ကုမ္ပဏီမှာ အစည်းအဝေး ချိန်းထားတာကို..."
"မားမသိဘူးလေ....ပုံမှန်ဒီချိန်ပဲ့..သားက ကုမ္ပဏီသွားတာမလား"
"ဟုတ်ကဲ့ပါမားရယ်...ခု သား နောက်ကျနေပီ...သားသွားတော့မယ်.…..မနက်စာ ကို ဟိုေရာက်တာနဲ့ ဆိုင်မှာပဲ့ မှာ၀ယ်လိုက်မယ်..."
ထယ်ယောင်းပြောကာ ကားထဲပြေး၀င်ကာ ကုမ္ပဏီသို့ မောင်းထွက်သွားသည်။ကုမ္ပဏီရောက်တော့လဲ ၀န်ထမ်းတွေ ဝိုင်းကြည့်နေတာတောင် ဂရုစိုက်မအားဘဲ....အစည်းအဝေးခန်းက ကိုးလွှာမှာဆိုတော့ လဲ ပုံပျက်ပန်းပျက် နဲ့ ဓာတ်လှေကားဆီ ပြေးသည်။ကိုးလွှာရောက်တော့ အစည်းအဝေးခန်း အပြင်မှာ မန်နေဂျာလီ စောင့်နေသည်။ပံုပျက်ေနေသာ ဆံပင်တွေ အကျီတွေကို ပြန်ပြင်ဆင်ပြီး ထယ်ယောင်း လက်ပတ်နာရီ တစ်ချက် ကြည့်ကာ ပြောသည် ။
"နောက်ကျသွားလို့ ဆောရီး မန်နေဂျာလီ.....မိနစ် နှစ်ဆယ် နောက်ကျသွားတယ်...."
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...