"ဒီဆွယ်တာ လေး ထည့်ရမယ်...ဒါရော..မပါမဖြစ် ပဲ့....ဒီရေမွှေးလဲ ထည့်မယ်...အယ်...မေ့နေတာ အရေးကြီး ဆုံးက....စတော်ဘယ်ရီ..."
ထယ်ယောင်း အောက်ထပ်က ရေခဲသေတ္တာထဲက စတော်ဘယ်ရီဗူးတွေ ယူဖို့ ဆင်းလာသည်။ဒီနေ့ ဂျောင်ဂု လာခေါ်မယ်ဆိုလို့ မနက်အစောကြီး ထပီး ထည့်ရမယ့်ဟာတွေ ပြင်ဆင်နေသည်။ရေခဲသေတ္တာထဲက စတော်ဘယ်ရီဗူးတွေ တစ်ခုပီးတစ်ခု ယူထုတ်ရင်း တစ်စုံတစ်ခုကိုသတိရလာသည်။
"နေပါအုံး...ငါတစ်ခုခုကို မှတ်မိနေသလိုပဲ့....ဟို...ဟို..ကုန်တိုက်မှာ ေတွ့ခဲ့တဲ့တစ်ယောက်..."
နားထင်ကို လက်ညိုးလေးထောက်ကာ ထယ်ယောင်းစဉ်းစားနေသည်။
"ငါသူ့ကို..ရင်းရင်းနှီးနှီးတွေ့ဖူးသလိုပါပဲ့...ဘယ်သူပါလိမ့်...စဉ်းစားစမ်း...စဉ်းစားစမ်း.."
ပြောရင်း ဟိုကြည့်ဒီကြည့်နဲ့ စဉ်းစားနေသည်။သူဆိုသည်မှာလဲ တစ်ခုခုအကြောင်းသိချင်ပြီဆို မသိရမချင်း ရပ်နားတတ်တဲ့ လူမဟုတ်ပါဘူးလေ။
"ဟာ..သိပြီ...မျက်လုံး မျက်လုံးတွေ.....ဂျောင် ..ဂျောင်ဂု.."
"ဟုတ်တယ်...ကို...ပါ ...."
"အမလေး...လန့်လိုက်တာ ..ဘယ်တုန်းကရောက်နေတာလဲ"
"ကြာပီလေ....ကုန်တိုက်က လူကို စဉ်းစားနေတယ်မလား..အဲဒါ ကို...လေ..."
"အော်...အာ့ကြောင့်ကိုး....ဒါနဲ့ မင်းက အဲတုန်းကအကြောင်းတွေကိုလဲ မှတ်ထားတာလား"
"မှတ်ထားတယ်လို့ဘယ်ဟုတ်မလဲ...တိုက်ဆိုင်လာတော့လဲ စဉ်းစားမိမှာပေါ့.."
"အော်...."
ဂျောင်ဂု ထယ်ယောင်းကို နေ့လည်လောက်မှ လာခေါ်မို့ စဉ်းစားထားသည်။ဘာရယ်ကြောင့်မသိ...မနက်တည်းက ခေါ်ချင်နေမိသည်။ဘာရယ်ညာရယ် စဉ်းစားမနေတော့ဘဲ မနက်စာတောင်မစားဖြစ်...ထယ်ယောင်းတို့အိမ် ထွက်လာခဲ့သည်။အိမ်ရောက်တော့ လူခေါ်ဘဲလ်တီးပါသေးသည်။အထဲက ဘာမှ အကြောင်းမပြန်တာမို့ တံခါးကို ဖွင့်လိုက်တော့ ဂျစ်မထိုးထားပေ။ဒါနဲ့ပဲ့ ဂျောင်ဂု အိမ်ထဲက ဧည့်ခန်းဆို သွားမို့လုပ်တုန်း မီးဖိုခန်းထဲက ထယ်ယောင်းအသံကြားတာမို့ မီးဖိုခန်းဆီ လျှောက်လာသည်။ပွစိပွစိနဲ့ တစ်ယောက်တည်း ပြောနေတဲ့ ထယ်ယောင်းကို ဂျောင်ဂု အသိမပေးဘဲ တံခါးနောက်ကွယ်က ချောင်းကြည့်နေသည်။သူ့အကြောင်းပြောနေမှန်းသိတာနဲ့ ထယ်ယောင်းအနား တိတ်တိတ်လေး သွားပီး အနောက်ကနေ ရုတ်တရက် ဖြေလိုက်တော့ ထယ်ယောင်းလန့်သွားရသည်။
YOU ARE READING
Dear Jeon💌 (Completed)
Romance"ကိုက စစ်သားတစ်ယောက်ပါယောင်း...ကိုတို့ စစ်သားတွေက နိုင်ငံနဲ့လူမျိုးအတွက် အသက်နဲ့လဲပီး ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေပါ...ယောင်း ကို့ကို မချစ်ပါနဲ့...ယောင်းပင်ပန်းရလိမ့်မယ် ...ယောင်း ခံစားရလိမ့်မယ်...တောင်းပန်ပါတယ်...." ဗိ...