အပိုင်း<၁၆>{z+u}

274 14 3
                                    

<Unicode>

ပန်းနဲ့ပန်းပါပဲ။
ချစ်ခြင်းမှာ အပြည့်အဝအရှုံးပေးပါတယ်။
စွန့်လွှတ်ခြင်းမှာ မင်းပျော်မယ်ဆို...
အသက်ရယ် ဘဝအဆက်ဆက်ပေါ့ ကိုယ် မင်းကိုစွန့်လွှတ်ပါ့မယ်။

___________________

"မမလေးရှင်နှောင်းရဲ့ မိဘတွေက မန္တလေးက ကျောက်ကုန်သည်တွေလေ ချမ်းသာလိုက်တာမှ ကျိကျိတက်ပဲ၊မမလေးကိုလည်း ငယ်ငယ်ကတည်းက သြဂျီဆိုလား အဲ့မှာကျောင်းထားပေးထားတာတဲ့ မနေ့တနေ့ကမှပြန်ရောက်လာတာဆိုပဲ..."

မသီက သူ့ပန်းကန်ထဲကို ဟင်းတွေခက်ထည့်ပေးရင်း အိမ်ရှေ့ဘက်မေးလေးငေါ့ငေါ့ကာ ပြောလို့နေသည်။ခါတိုင်းလည်း ထမင်းစားချိန်နောက်ကျသည့် လုလင်ကို တစ်ယောက်ထဲမဖြစ်စေချင်တာကြောင့် အတူထိုင်ပေးပြီး သူ(မ)ကြည့်ခဲ့တဲ့ ကိုရီးယားကားများအကြောင်းပြောကာ အဖော်လုပ်ပေးသည်။
ခါတိုင်းရက်များမှာတော့ လုလင်က ခေါင်းလေးတစ်ခါတစ်ရံငြိမ့်ရင်း နားထောင်တက်ပေမဲ့ ယခုအကြိမ်တွင်တော့ တစ်ယောက်ထဲသာရှိနေချင်ခဲ့သည်။

"နာမည်လေးကလည်း လူလိုပဲလှချက် ရှင်နှောင်းရိပ်ထင် တဲ့..."
ချိန်မှာ
တစ် ဦးငယ်ကို ပိုင်ဆိုင်သွားမည့် ထိုအမျိုးသမီးအကြောင်းကို လုလင်ဘာမှမသိချင်ပါ။ထိုအမျိုးသမီးက သူ့ထက်အစစအရာရာ သာလွန်ပါသည်။အမျိုးသားတစ်ယောက်ဖြစ်နေခြင်းကပင် သူဟာအရာရာမှာရှုံးပါသည်။

လုလင်ပျိုက ထမင်းစားခြင်းကို အပြီးသတ်လိုက်သည်။သူ့ကိုလှမ်းကြည့်နေသည့် အမျိုးသမီးကို မသိချင်ယောင်ဆောင်ကာ အပေါ်ထပ်သို့သာ တက်ခဲ့လိုက်သည်။သစ်သားတံခါးလေးကို အသံပေးလို့ ထုလိုက်ပြီး သိပ်မကြာခင်မှာပဲ ဦးငယ်က တံခါးလာဖွင့်ပေးသည်။

"လုလင်လေး ပြန်ရောက်တာကြာပြီလား၊ဦးငယ် အလုပ်ကိစ္စဖုန်းပြောရင်းကြာနေလို့ ၊ ထမင်းရောစားပြီးပြီလား..."

အပြုံးလူသားက သူ့ရဲ့မူပိုင်အပြုံးကိုချိတ်ဆွဲလို့ ပူလောင်နေသည့် သူ့ရင်ကိုပင်ငြိမ်းချမ်းစေသည်။
ဒီအပြုံးတွေမှာ ငြိတွယ်ပြီး၊ဒီအပြုံးမှာပဲ သေဆုံးရပါတယ်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Where stories live. Discover now