အခန်း<၅>{z+u}

387 26 0
                                    

<Unicode>

ပြီးပြည့်စုံတဲ့ လူသားရယ်လို့မရှိဘူး..။တစ်စုံတစ်ယောက်တိုင်းဟာ ချွတ်ယွင်းခဲ့ကျဖူးပါသည်..။

____________________

မနက်အစောပိုင်း အာရုံတက်၅နာရီတွင် သာယာသော ဘုရားကန်တော့သံက ပျံ့လွင့်လို့လာသည်။သြကာသ ကန်တော့ချိုးနှင့် စတင်လိုက်သည်က မေတ္တာသုတ်မှစ၍၊အမျှဝေသည်အထိ ကြားရသူအား ရင်ထဲသို့ပင် ငြိမ်းချမ်းစေသည်။

ပုံမှန်အာရုံတက်၅နာရီတွင် ရှုတိုင်းယဥ်က ဘုရားဝတ်ပြုတက်သည်။ခါတိုင်းနေ့များဆိုလျှင် အိပ်ချိန်မမှန်သည့် သားဒီပက ဘုရားစာရွတ်ဆိုသံကြားသော်လည်း၊ ပြန်လည်အိပ်ပျော်သွားတက်သည်။ယခုတစ်ခေါက်တွင်တော့ ဘုရားစာရွတ်ဆိုသံ သဲ့သဲ့ကိုကြားလိုက်ရသည်နှင့် မျက်ဝန်းအစုံက ကြောင်စီသွားခဲ့ပြီး၊ပြန်လည် အိပ်မရတော့ပါ..။

အိပ်ယာမှထကာ ကိုယ်လက်သန့်စင်ပြီးချိန်တွင် သူသည်လည်း ဘုရားဝတ်ပြုရန် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်..။

"သား..ဒီနေ့အစောကြီးနိုးလို့ပါလား၊တစ်ခုခုလုပ်စရာရှိလို့လား..."

"မဟုတ်ဘူး မမ၊သား ဒီနေ့မျက်လုံးကျယ်နေလို့ အိပ်မရမဲ့အတူ ဘုရားစောစောလာကန်တော့လိုက်တာ.."

"ကောင်းတယ် ကောင်းတယ်၊ဒါဆိုလည် ကန်တော့ချေ မမ အောင်ဆင်းပြီး သီသီနဲ့ဟင်းသွားချက်အုန်းမယ်.."

"ဟုတ်ကဲ့ မမ.."

ရှုတိုင်းယဥ်က သူမလက်ထဲက ဘုရားစာအုပ်နဲ့ကြေးစည်ကို နေရာတကျပြန်ထားကာ အောက်ထပ်သို့ဆင်းလို့သွားသည်။သားဒီပက ကြမ်းပြင်ပေါ်မှ ကတီပါအခင်းအဝိုင်းလေးကို သေချာနေရာချပြီးမှ ကန်တော့နည်းအမှန်ထိုင်ကာ၊ ဘုရားကန်တော့သည်..။

"သြကာသ သြကာသ သြကာသ ကာယကံ ၊ ဝစီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးဌာ ပထမ၊ဒုတိယ၊တတိယ တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူစော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား..."

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Onde histórias criam vida. Descubra agora