အပိုင်း<၁၀>{z+u}

293 20 0
                                    

<unicode>

တံခါးတစ်ချပ်ကို အတိအကျဖွင့်ထားတယ်။
ကိုယ်မြင်နေရပေမဲ့၊ ဖမ်းဆုပ်ခွင့်မရခဲ့တဲ့..မင်းဟာကိုယ့်ရဲ့ တိမ်တိုက်ငယ်...။
____________________

လုလင်ပျိုက သူ့လက်ထဲမှာရှိသည့် ဖတ်ဖူးစိမ်းရောင် ဂစ်တာလေးကို ကြိုးညှိလိုက်သည်။ဒီ ဂစ်တာလေးက သူ၉ တန်းအောင်တော့ ဦးလေးငယ်က လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်သည်။ လုလင်ပျိုရဲ့ ပထမဆုံးအရာများက ဦးလေးငယ်သာ ဖြစ်သည်။ပထမဆုံး နွေးထွေးမှုပေးသည့် သူစိမ်းတစ်တစ်ယောက်၊ပထမဆုံး စက်ဘီးစီးသင်ပေးသူ၊ပထမဆုံး ဆိုင်ကယ်စီးသင်ပေးသူ၊ပထမဆုံး လက်ဆောင်အဖြစ် ဂစ်တာတစ်လက်ဝယ်ပေးကာ၊ကိုယ်တိုင်သင်ပေးခဲ့သူဖြစ်သည်။
သူ့ရဲ့ ပထမဆုံး အချစ်တို့ပေါက်ဖွားလာခဲ့သည်ကလည်း ဦးလေးငယ်ကြောင့်သာဖြစ်သည်။

လုလင်ပျိုက ကျောင်းတွင် မမများ၊ရွယ်တူများနှင့် ညီမလေးများပါ မကျန် မိန်းကလေးများ၏သဘောကျခြင်း ခံရသူဖြစ်သည်။မိန်းမငယ်လေးများကြား နာမည်ကြီးသည့် ကိုရီးယားမင်းသားများ၊ရှောင်ကောကောများလို ရုပ်ရည်နှင့်အရပ်ကြောင့်လည်း နာမည်ကြီးနေခဲ့ခြင်းဖြစ်သည်။သိုသော်လည်း အချစ်ကိုစိတ်မဝင်စား၍ စာထဲသာစိတ်နှစ်ထားဟန်ဆောင်ထားသည့် လုလင်ပျို၏ နှလုံးသားထဲတွင်တော့ သူ၏ဦးလေးငယ်က နေရာအပြည့်ယူထားနေပြီဖြစ်သည်။

၁၀တန်းရောက်ပြီဖြစ်တာကြောင့် အခန်းထောင့်တွင် ဂစ်တာလေးအား မထိမကိုင်ဘဲ ထားထားခဲ့ရတာဖြစ်သည်။လုလင်ပျိုက ငယ်စဥ်အခါကတည်းက ထူးချွန်ကျောင်းသာဖြစ်ခဲ့ပြီး ၊ယခုအခါ ၁၀တန်းကျောင်းသားဘဝသို့ရောက်သည့်အခါတွင်လည်း ဆရာမများက သူ့အား ဘာသာစုံဂုဏ်ထူးထွက်ရန်မျှော်လင့်နေကြသည်။သူကိုယ်တိုင်သည်ကလည်း အန်တီယဥ်ယဥ် နှင့် ဦးလေးငယ်၏ ကျေးဇူးအားစပ်ခွင့်ရရန် ကြိုးစားနေသူဖြစ်တာကြောင့် အကောင်းဆုံးတွေရအောင်သာ ကြိုးစားခဲ့ခြင်းဖြစ်သည်။

လုလင်ပျိုရဲ့ လက်ချောင်းရှည်ရှည်သွယ်သွယ်တို့က ကြိုးများပေါ် စတင်ပြေးလွှားသည်။လုလင်ပျို၏ ရင်အုပ်ကျယ်ကျယ်ထဲသို့ ဂစ်တာငယ်ဟာ တိုးဝင်သည်။ကြိုးညှိ၍ စမ်းသပ်တီးခတ်ပြီးနောက်တွင် မကိုင်တာကြာပြီဖြစ်သော ဂစ်တာလေးအား အပူပေးရန် လုလင်ပျိုက ဆုံးဖြတ်လိုက်သည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Donde viven las historias. Descúbrelo ahora