အပိုင်း<၁၁>{z+u}

332 21 0
                                    

<Unicode>

ချစ်ခြင်းအကြောင်း တစ်စုံတစ်ရာပြောသည့်အခါ သူ့ကို ဦးဆုံးပြေးမြင်ပါတယ်။
နှလုံးသားဟာ နွမ်းလျက်၊ပန်းလျက် သက်ဆုံးတိုင် ခစားဝင်ခဲ့ပါသည်။

____________________

မိုးကုတ်စက်ဝိုင်းအားကျော်လွန်၍ ပတ္တမြားရောင်တောက်ပလို့နေသည့် နေရောင်ခြည်ဟာ နေ့သစ်ကို အဖော်ပြု၍စတင်ဖွင့်လှစ်သည်။
ခပ်ပါးပါးလိုက်ကာတို့ကို ဇွတ်တရွတ်ဖြတ်ကျော်လာသည့် ဖူးသစ်စနေရောင်ခြည်က ကုတင်ပေါ်မှာ အိပ်လို့ပျော်နေသည့် မတိမ်းမရိမ်းယောင်္ကျားသားနှစ်ဦးပေါ်သို့ နယ်ချဲ့သည်။

နှစ်ဦးသားတွင် အဖျားသက်သာကာ အရင်ဆုံးနိုးလာသူသည် လုလင်ပျိုဖြစ်သည်။ထိုသူက သူ၏ဘေးတွင် အသက်ရှူမှန်မှန်နှင့် အိပ်ပျော်နေသော အခြားလူတစ်ဦးအား တိတ်တိတ်ကလေး မေးထောက်ကာကြည့်လို့နေသည်။

မျက်တောင်တို့ကဖြာကျကာ ဖုံးအုပ်ထားသော၊ သူမြတ်နိုးသည့် မျက်ဝန်းနက်တို့က ယခုအချိန်တွင် ဖုံးဖိခြင်းခံထားရသည်။ဖြောင့်တန်းသော နှာတံက ဖူဂျီတောင် ထက်ပင်မြင့်နေသေးသည်။အနီရောင် နှုတ်ခမ်းပါးပါးအောက်တွင် တည်ရှိနေသော မှည့်နက်ကလေးသည် တစ်ဘဝလုံးစာအတွက် ကျရှုံးရန်လုံလောက်ပေသည်။

လုလင်ပျိုက ဦးလေးငယ်အား ယခုကဲ့သို့ အနီးကပ်မျိုးကြည့်ရန် အခွင့်အရေးမရခဲ့ဖူးပေ။ပုံသဏ္ဍန်ကျသည့်မေးရိုးကြောင့် ပိုလို့ ယောင်္ကျားဆန်စေပြီး၊ပျားရည်ရောင်အသားအရည်နှင့်မဟာနဖူးက အထောက်အပံ့ကောင်းစွာပေးနေပြန်သည်။ထိုသူ၏ ဆံနွယ်တို့က Nivea men hair cream၏ ချိုမြမြရနံ့တို့သင်းပျံ့လို့နေပြီး၊ထိုသူ၏ ကိုယ်သင်းရနံ့သည် ပူရှိန်းကဲ့သို့ လန်းဆန်တက်ကြွသော ခံစားချက်အားဖြစ်ပေါ်စေ၏။

လုလင်ပျိုသည် သူ၏ဘဝတွင် ယခုကဲ့သို့သော ယောင်္ကျ်ားပီသသော အမျိုးသားတစ်ဦးအား ချစ်မိခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပေ။ယခုတွင်တော့ သူ၏ဘေးမှထိုယောင်္ကျားအား မြတ်နိုးလွန်း၍ သူ့တွင် ထိန်းချုပ်ရပင် ခက်လို့နေခဲ့သည်။

လုလင်ပျိုက အရဲစွန့်ကာ သားဒီပ အနားသို့ပို၍တိုးပြီး ပါးပြင်ပေါ်အား တစ်ချက် ဖိကပ်နမ်းကာ အမြန်ခွာလိုက်သည်။ပုရွက်ဆိတ်တစ်ကောင်ဖြတ်ပြေးသကဲ့သို့ အလျင်ဖြင့် အနမ်းတစ်ပွင့်အားခြွေလိုက်သော်လည်း သူ၏နှလုံးခုန်သံများက ဘင်ခရာတီးသကဲ့သို့ ဆူညံနေပြီဖြစ်သည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Onde histórias criam vida. Descubra agora