အပိုင်း<၁၃>{z+u}

256 15 3
                                    

<Unicode>

မပြည့်စုံတဲ့ နှလုံးသားရယ်ပါ၊
မေ့ပြစ်လည်း ခံ၊စွန့်ပြစ်လည်း တန်။
နီးစပ်တယ်ရယ်လို့ ယူစခဲ့ယုံပါ၊
ချန်ခဲ့လည်း ဆွေး၊ဝေးသွားလည်း ငေး။

________________________

ခပ်ဝေးဝေးမှငုံမိုးကာကြည့်လျှင် ပုရွတ်ဆိတ်အုံတစ်ခုနှယ်ထင်ရနိုင်သည့် ကြီးမားသောလူအုပ်ကြီးသည် ညအခါတွင် လှုပ်ရှားသွားလာလို့နေသည်။ထိုလူအများအား ထိခိုက်မှုမရှိရန် လမ်းမပေါ်မှ အသေးအကြီးစုံလင်သော ကားများကဂရုတစိုက်မောင်းနှင်နေကြရသည်။

မုန့်ဟင်းခါးနံ့များမွှေးပျံ့လျက် မလှမ်းမကမ်းမှ ရောက်ရှိလာသော အကြော်အိုးမှမီးခိုးငွေ့က မျက်လုံးရှေ့မှဖြတ်ကာပြေးလို့သွားသည်။အဝါရောင်ပိတ်စရှည်ကြီးတွင် ဒေါင်လိုက်ဖြစ်စေ၊အလျားလိုက်သော်လည်းကောင်း အစီအရီချိတ်ဆွဲထားသည့် ရေမုန့်များကို သားဒီပက သတိလက်လွတ်ငေးကြည့်နေခဲ့မိသည်။

"ရေမုန့်လေ စျေးကြီးပေမဲ့ စားကြည့်လိုက်၊မင်းကြိုက်မယ်လို့အာမခံတယ်.."

ရင်းနှီးနေသည့်အသံတစ်ခုက အာရုံကြောအားလှုပ်ဆော်၍အလိုအလျောက်ထွက်ပေါ်လို့လာသည်။တစ်ပြိုင်ထဲတွင် အပ်ထိပ်လေးနှင့်ပေါက်သကဲ့သို့နာကျင်မှုများအား ခံစားလိုက်ရသည်။
ဤရက်ပိုင်းများထဲတွင် မပီမသစကားသံများကြားလာရခြင်းနှင့်အတူ ခေါင်းကိုက်ခြင်းသည်လည်းပို၍ပြင်းထန်လာခဲ့သည်။

ခပ်လှမ်းလှမ်းမှ မိုးကြိုးဌက်ငယ်လေးများဆိုသည့်ဇာတ်ရုံမှ ကြေငြာသံကျယ်ကျယ်က တစ်ချက်တစ်ချက်ထွက်ပေါ်လာသည်။ဤနေရာ(ကျိုက်ခေါက်ဘုရားပွဲ)သည် အလွန်တရာမှရင်းနှီးနေသည်ဟု ခံစားနေခဲ့ရသည်။ဟိုဟိုသည်သည်လျှောက်ကြည့်နေမိသည်မှ သတိပြန်ဝင်လာချိန်တွင် လူကွဲသွားပြီဖြစ်သည်။သားဒီပက ဖုန်းအားထုတ်ကာ ဆက်သွယ်ရန်ပြင်လိုက်သည်။

ကျွီ~~~

ကျယ်လောင်သောကားဘရိတ်ဆွဲသံက သူ့ရဲ့အာရုံကိုဆွဲဆောင်လို့သွားသည်။လူတစ်ဦးအား အနည်းငယ်ပွတ်မိတော့မည်အချိန်တွင် ၃၁ကားက ရပ်တန့်လိုက်ခြင်းဖြစ်သည်။များများစားစားထိခိုက်သွားခြင်းမရှိသော်လည်း ထိုလူအနားသို့လူများဝိုင်းအုံလာကြသည်၊ထိုလူများထဲတွင် ခပ်လှမ်းလှမ်းမှ စိုးရိမ်ထိပ်လန့်နေသောအမူအရာလေးနှင့်အပြေးလာနေသော လုလင်ပျိုအား သားဒီပတွေ့လိုက်ရသည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Onde histórias criam vida. Descubra agora