<unicode>
တစ်စုံတစ်ယောက်က ရပ်စောင့်နေမယ်လို့ပြောခဲ့တယ်။
သက်ဆိုင်သူဟာ ပြေးထွက်ခြင်းမှာ ကျွမ်းဝင်နေခဲ့ပါသလား။____________________
နေ့တစ်နေ့၏ စာမျက်သစ်အား ထပ်မှန်ဖွင့်လှစ်ခဲ့ပြန်သည်။နေရောင်ခြည်ဟာ ကန့်လန့်ကာဖွင့်လို့ လောကကြီးအားအရောင်ခြယ်သည်။အစိမ်းရောင် ပင်အိုပင်ပျိုတို့နှင့် မိုးတွင်းအချိန်အခါသမယ၌တည်ရှိနေသော ပြာလဲ့သည့် ကောင်းကင်ပြာသည် ထူးကဲကာအစွမ်းကုန်လှပလို့နေသည်။
တစ်ညတာလုံးရွာသွန်းထားသည့် မိုးရေစက်တို့ကြောင့် အချို့သော သစ်ရွက်ကြီးများပေါ်တွင် မိုးစတို့ကျန်ရစ်နေစဲဖြစ်သည်။လေပြင်းတစ်ချက် သော့သော့ကလေးဝေ့ဝဲလိုက်သည်ဖြင့် တင်ကျန်ရစ်သောမိုးစက်တို့က မြေပြင်ထက်သို့ ကသောကမျော ပြေးဆင်းကြတော့သည်။
အ.ထ.က (၁) ကျောင်းဝင်းထဲရှိ အရွယ်အစားအမျိုးမျိုးသော သစ်ပင်၊ပန်းပင်တို့က စိမ်းစိမ်းစိုလို့နေသည်။ကျောင်းဝင်းအပြင်မှ ပျဥ်းမပင်ကြီးက အစွမ်းကုန်ဖူးပွင့်နေလိမ့်မည် ဖြစ်သလို၊ကျောင်းစောင့်၏ ပျဥ်ထောင်အိမ်ဘေးမှ ယုဇနပင်သည်လည်း ပန်းများဖွေးဖွေးလှုပ်နေမည်ဖြစ်သည်။
အဂ်လိပ်ခေတ်ရဲ့ လက်ကျန်အဆောက်အဦးဖြစ်သော အနီရောင်နှစ်ထပ်တိုက်၏အပေါ်ထပ်သည် ၉တန်းကျောင်းသားများသင်ကြားရာ အခန်းများရှိသည်။ထောင့်ဆုံးအခန်းရှိ ၉တန်း (A)ခန်းသည် အရှေ့ဆုံးမှသင်ကြားပြသနေသူ ဆရာမ၏အသံမှ လွဲ၍တိတ်ဆိတ်လို့နေသည်။
လုလင်သည် မိမိ၏လက်ထဲမှ ဗလာစာအုပ်အဝါလေးအား တင်းတင်းဆုတ်လိုက်မိသည်။မကြာခင်တွင် ဖြေဆိုရမည့် လပတ်စာမေးပွဲအား အာရုံစိုက်ကာ တစ်ချို့သော အကြောင်းအရာများကို မေ့ပျောက်ရန်ကြိုးစားလို့နေရသည်။သို့ပါသော်လည်း ဦးလေးငယ်အား မြင်ရချိန်တိုင်းတွင် မြန်ဆန်နေတက်သည့် နှလုံးခုန်သံကြောင့် ကိုယ်တိုင်လည်း ထိန်းချုပ်ဖို့ မတက်နိုင်ခဲ့ပါ။
မိမိသည် မျိုးတူယောကျ်ားတစ်ယောက်အား ကြိုက်နှစ်သက်ကြောင်း သိရှိခဲ့ရချိန်တွင် များစွာထိပ်လန့်ရခဲ့သည်။ထို့အပြင် ထိုသူသည်လည်း မိမိလေးစားအားကျခဲ့ရသူဖြစ်လို့နေပြန်သည်။ဦးလေးငယ်သာ သိသွားခဲ့လျင် သူ့ကိုလှောင်ရယ်လို့နေပါမလား။ထိုသူသည် နူးညံ့သော စိတ်ထားရှိသည်ကြောင့် သိရှိသွားခဲ့ပင်လျှင် စိတ်ကစားသည်ဟုသာ အဆိုးဆုံးဝေဖန်လိမ့်မည်။ဤကဲ့သို့ တိတ်တိတ်ကလေးရှိနေခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။အချိန်တန်၊ အရွယ်ရောက်လျင် စိတ်ကစားခြင်းများလည်း ရှိတော့မည် မဟုတ်ပေ။
ESTÁS LEYENDO
ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်
Romance[U] အဲ့ဒီလောက်တောင် ချစ်ခဲ့ရပါတယ် မဟုတ်ပါဘူး ဦးလေးငယ်။ အဲ့ဒီလောက်တောင် ချစ်နေတုန်းပါပဲ။ ဦးလေးငယ်ဟာ လုလင် ဘယ်တော့မှရိုးမသွားမဲ့ ချောကလတ်တုံးလေးရယ်ပါ။ အရာရာအားလုံးက အဲ့ဒီနေ့မှာ ပြန်လည် စတင်တယ်....၊ကံတရားဟာ တစ်ပတ်ပြန်လည်တယ်......၊အိမ်မက်တွေက အချိန်တစ်ခ...