<Zawgyi>
ထိုသူ့ရဲ့ ချစ်ခြင်းများဟာ ပါးချိုင့်ခွက်လေးများပေါ်တွင် ဖြစ်တည်သည်..။ထိုသူ၏ချစ်ခြင်းများသည် ကမ္ဘာအဆုံးထိ တည်တံ့သည်..။
____________________
နေဝင်ဆည်းဆာက မိုးကုက်စက်ဝိုင်းအောက် ရောက်လုနီးပြီဖြစ်၍ ဝေးကွာလှသည့် ကောင်းကင်ပြင်က လိမ္မော်ရောင်သန်းနေပြီဖြစ်သည်။ထိုအချိန်တွင် အိမ်ရှေ့ထောင့်ရှိ နှင်းဆီပန်းအိုးများကြားတွင် အလုပ်ရှုပ်နေသူ တစ်ယောက်ရှိလေသည်။
အဖြူရောင် တီရှပ်လက်ရှည်အား တံတောင်ဆစ်အထိ ခေါက်တင်လို့ထားပြီး၊နှင်းဆီနီနီတို့အား ပုံဖော်နေသည့် သားဒီပ၏ ပုံသဏ္ဍာန်သည် ပိန်ပါးသည်ဟုထင်ရပြီး အရပ်ရှည်ရှည်ပုံစံက ပို၍မြင့်သယောင်ခံစားရစေသည်။ဘေးဘက်မှကြည့်လျင် ကော့ညွတ်လှသည့်မျက်တောင်များက ယက်တောင်တစ်ချောင်း ဖွင့်ထားသကဲ့သို့ ရှိလို့နေသည်။ကျနသေပ်လှသော ယောက်ျားဆန်သည့် U ပုံသဏ္ဍန် မေးရိုးတို့ရှိသည်။အသားညိုညိုနှင့်နဖူးပေါ်မှစီးကျလာသော ချွေးစအချို့ကြောင့် ယောက်ျားဟော်မုန်းအား အတော်အတန်ထုတ်လွှတ်နေသည်ဟု ထင်မြင်စေသည်။
အရှေ့အရပ်က လေညှင်းသဲ့သဲ့တိုက်ခတ်လို့လာသည်။ထိုလေညှင်းက ပန်းပင်တွေကြားထဲမှသူကို ညင်သာစွာ တိုက်ခတ်လို့သွားပြီး သူ့ဆံပင်တွေက လေနဲ့အတူလွင့်ပါလို့သွားသည်။
"လုလင်...လာလေ ဦးလေးငယ်ကို ပြောစရာရှိလို့လား..."
အိမ်၏အဝင်အထွက်အပေါက်ဝတွင် ထောင့်ကပ်ကာ သူ့အားကြည့်နေသည့် ကလေးငယ်ကို သားဒီပက လှမ်း၍ခေါ်သည်။သွားတန်းဖြူဖြူတို့ပေါ်နေသည့် အကျနေရောင်အောက်မှ အပြုံးတစ်ပွင့်သည် ၊ လုလင်ပျို အား အားအင်တို့ပေးစွမ်းသည်။
"သား....ပီတာလေးနဲ့ဆော့ချင်လို့ဗျ.."
လုလင်ပျိုက လက်နှစ်ဖက်အား အရှေ့ပို့ကာ လက်ချောင်းအခြင်းခြင်း ပွတ်တိုက်လျက် ခေါင်းငုံကာ တောင်းဆိုသည်။တိတ်ဆိတ်မှုသာ ရွေးချယ်သော ကလေးငယ်သည် သူ့အားတောင်းဆိုလာသည်ဆိုခြင်းသည် ခင်တွယ်စပြုလာပြီဟု ဆိုခြင်းလည်းဖြစ်နိုင်သည်။
VOUS LISEZ
ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်
Roman d'amour[U] အဲ့ဒီလောက်တောင် ချစ်ခဲ့ရပါတယ် မဟုတ်ပါဘူး ဦးလေးငယ်။ အဲ့ဒီလောက်တောင် ချစ်နေတုန်းပါပဲ။ ဦးလေးငယ်ဟာ လုလင် ဘယ်တော့မှရိုးမသွားမဲ့ ချောကလတ်တုံးလေးရယ်ပါ။ အရာရာအားလုံးက အဲ့ဒီနေ့မှာ ပြန်လည် စတင်တယ်....၊ကံတရားဟာ တစ်ပတ်ပြန်လည်တယ်......၊အိမ်မက်တွေက အချိန်တစ်ခ...