အပိုင်း<၇>{z+u}

329 24 0
                                    

< Unicode>

အထိအခိုက်မခံနိုင်တဲ့ နွေးထွေးမှုလေးရယ်ပါ..။အချစ်ခံရတဲ့အခါ ရောင့်တက်မိခဲ့ပါသည်။

____________________

ရက်သတ္တပတ် အချို့ကုန်ဆုံးပြီးခဲ့ပြီဖြစ်သည်။နှစ်လည်ရောက်ခါနီးမှ ကျောင်းစတက်ခဲ့သော်လည်း ဥာဏ်ရည်ထက်မြတ်သည့် လုလင်ပျိုက အမှီလိုက်နိုင်ခဲ့သည်။အနေတည်သော်လည်း တစ်ခါတစ်ရံပြုံးလိုက်တိုင်း ပေါ်လာတက်သည့် ပါးချိုင့်နှစ်ဖက်က ထင်းလို့နေသည်ကြောင့် လူချစ်လူခင် ပေါများလေသည်။တစ်ဦးတည်းသီးသန့် နေတက်သောကြောင့် အပေါင်းအသင်းမများတဲ့ လုလင်ပျိုအနားတွင် စကားများလွန်းသည့် 'ရိုးမြေကျ' ဟုခေါ်ဆိုသော သူငယ်ချင်းတစ်ယောက်သာရှိလေသည်။

လုလင်ပျိုရဲ့ ကျောင်းအပ်နှံသည်မှစ၍ ကျောင်းပို့၊ကျောင်းကြိုအထိပါ သားဒီပက တာဝန်ယူသည်။သားဒီပ၏  အဖြူရောင်ကားလေးသည် ကျောင်းရှေ့ရှိ ပျဥ်းမပင်ကြီးနားတွင် ကျောင်းဆင်းချိန်တိုင်း အချိန်မှန်ရောက်နေတက်သည်။

လုလင်ပျိုက တစ်နှစ်အောက်ထားသည်ကြောင့် အတန်းဖော်များက ငယ်ကျသော်လည်း အရွယ်အစားက အတူတူပင်ဖြစ်ကြသည်။ထို့ကြောင့်ပဲ သားဒီပက လုလင်ပျိုအား အားဆေးများသောက်စေသလို၊ ညအိပ်ခါနီးတိုင်း နွားနို့ပူပူလေးတစ်ခွက် ကိုယ်တိုင်တိုက်သည်။

'ဒေါက် ဒေါက်'

သစ်သားတံခါးပေါ်သို့ လက်စစ်ကလေးများ တီးခေါက်သံက ထွက်ပေါ်လို့လာသည်။

"လုလင် ဦးလေးငယ် ဝင်ခဲ့ပြီနော်..."

သားဒီပ၏ ခွင့်တောင်းသံတိုးတိုး အဆုံးတွင် အခန်းတွင်းမှ သေးငယ်သော တုံ့ပြန်သံလေးကြားလိုက်ရသည်။သားဒီပက အခန်းထဲဝင်ပြီးနောက်တွင် အခန်းတံခါးကို ဖွဖွကလေးပြန်ပိတ်သည်။

ရေးချိုးပြီးခါစ ဖြစ်ပုံရသော လုလင်ပျိုက ကုတင်ပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်လို့နေသည်။အိမ်နေရင်း ဝတ်ရန် ဝယ်ပေးထားသည့် အဖြူရောင် တီရှပ်လေးက အနည်းကြီးလို့နေပြီး လျောကျနေသည်ကြောင့် ဖြူဖြူဖွေးဖွေးပုခုံးသားလေးတစ်ဖက်က ပေါ်လို့နေသည်။ဘေးအစင်းကြားအနက်ရောင်ဘောင်းဘီရှည်လေးနှင့် လူကြီးအကျီးကြားက ကလေးလေးလို လွန်စွာချစ်ဖို့ကောင်းလှသည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Onde histórias criam vida. Descubra agora