အခန်း<၃>{z+u}

639 31 0
                                    

<Zawgyi>

မိုးစက်​မိုး​ပေါက်​​လေး​များအဖြစ်​ မစွန့်​ထုတ်​နိုင်​ခဲ့သမျှ တိမ်​ထုထဲမှသိပ်​သည်းမှုသည်​ ပိုမိုများပြားလာပြီး ပြင်းထန်​​သော မုန်​တိုင်းကို ဖြစ်​​ပေါ်​စေသည်​...............။

__________________________________

ရက်​သတ္တပတ်​တစ်​ခုရဲ့ အစရက်​မှာ ပျင်းရိခြင်းနှင့်​ တက်​ကြွလန်းဆန်းခြင်းကို ပူးတွဲယူ​ဆောင်​လာသည်​...။ကောင်းကင်​သည်​ ​လိ​မ္မော်​​ရောင်​​တောက်​​တောက်​ ကာလာတစ်​ခုအား ​ဆေး​ရောင်​ခြယ်​ထားသည်​..။ဝင်​လုဝင်​စ ​နေမင်းနီသည်​ ပိုတိုး၍ ​ပျောက်​ကွယ်​ရန်​သာ ဆန္ဒရှိ​နေခဲ့သည်​..။

အစိမ်း​ရောင်​ရှိသည့်​ ခြံ​အ၀အုတ်​နံရံတွင်​ ကပ်​တွယ်​​နေသည့်​ အ၀ါနု​ရောင်​စာတိုက်​က​လေး
ထဲတွင်​ အဖြူ​ရောင်​ စာတစ်​​စောင်​ရှိ​လို့​နေသည်​..။ဖြူ​ဖွေး​ဖွေး လက်​​ချောင်းသွယ်​က​လေးများက ထိုစာအိတ်​အား တယုတယထုတ်​ယူကာ သူ၏အိမ်​အတွင်းသို့​ခေါ်​ဆောင်​သွားပြီး အိပ်​ယာ​ဘေးရှိ စားပွဲခုံ​ပေါ်၌ ထိန်းသိမ်းခြင်း ခံလိုက်​ရသည်​...။

သားဒီပ, ဒီလို​နေ့​ရောက်​တိုင်း ရှိသမျှအလုပ်​ လက်​စသတ်​ကာ အိမ်​အမြန်​ပြန်​လာတက်​သည်​...။အ​ကြောင်းက​တော့ သူ့အား ရည်​ရွယ်​ကာ​ပေးပို့​သော စာ​လေးများ​ကြောင့်​ဖြစ်​သည်​...။လအစတိုင်း​ပေးပို့​နေကျ အဖြူ​ရောင်​ စာအုပ်​က​လေးများသည်​ သားဒီပ၏စာ​ရေးစာပွဲ အံဆွဲထဲတွင်​ အထပ်​လိုက်​ရှိသည်​.....။

အလုပ်​အိတ်​အားစားပွဲ​ပေါ်တင်​ကာ ​အောက်​ထပ်​ဆင်း၍​ရေ​သောက်​ပြီး​နောက်​ ​ရေချိုးသန့့်စင်​လိုက်​သည်​.....။ခရမ်းနု​ရောင်​ T-shirt အ​ပျော့နှင့်​ အဖြူ​ကွတ်​ ချည်​​ဘောင်းဘီရှည်တို့ အား ​ပေါ့​ပေါ့ပါးပါးပင်​ အိမ်​​နေရင်းဝတ်​အဖြစ်​ ​ရေးရွယ်​၀တ်​ဆင်​သည်​...။

ရေစက်​က​လေးများတွဲလွဲခိုဆင်း​နေ​သော အနက်​​ရောင်​​ရေဆိုဆံပင်​တို့အား လျစ်​လျူရှု့ကာ
ပုခုံးထက်​မျက်​နှာသုတ်​ပုဝါတင်​လိုက်​ပြီး​နောက်​ စားပွဲ​ဘေးထိုင်​၍ စာအိတ်​က​လေး​ဖောက်​ဖတ်​ရန်​ ပြင်​ဆင်​သည်​.....။စာအိတ်​က​လေးထဲမှ စာ​ခေါက်​​လေးအား ဖွင့်​လိုက်​ချိန်​တွင်​ ခါတိုင်းလိုပင်​ လက်​​ရေးဝိုင်းဝိုင်း​လေးများက တစ်​မျက်​နှာအပြည့်​ရှိလို့​နေသည်​....။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Donde viven las historias. Descúbrelo ahora