အပိုင်း<၁၉>{z+u}

209 11 0
                                    

< Unicode >

နေခြည်မဖြာလည်း နွေးပါတယ်။
နှလုံးသားထဲမယ် ခင်ဗျားရှိတယ်ဆိုတဲ့အတွေးနဲ့နွေးရတယ်။
ခင်ဗျားတစ်ယောက် နေကောင်းကျန်းမာတဲ့အခါ မောင့်မှာ ပြုံးလို့ပျော်ရပါတယ်။

____________________

နေကွယ်ချိန်တွင် လမင်း၏အလင်းရောင်ဟာစိုးမိုးလို့၊တစ်စုံတစ်ယောက်ထွက်ခွာလျင် အခြားတစ်ဦးကရောက်ရှိလာမည်ဖြစ်သည်။သေသောသူကြာရင်မေ့ ပျောက်သောသူရှာရင်တွေ့ ဟူသည့်ရှေးဆိုရိုးက မှားယွင်းခဲ့ပုံပင်။

သားဒီပက အိပ်ယာပေါ်မှခြေနှစ်ချောင်းကို ကြမ်းပြင်ပေါ်သို့ချကာ ပြတင်းပေါက်မှတစ်ဆင့် အခန်းပြင်ကိုကြည့်လို့နေခဲ့သည်။နိုးလာကတည်းက စလို့ တိတ်ဆိတ်နေပြီး၊လုလင်ပျိုကိုလည်း အသေအချာစကားမပြောခဲ့ပါ။

သားဒီပ၏ စိတ်အစဥ်က ရှုပ်ထွေးလို့နေသည်။ခေါင်းထိ၍အတိတ်မေ့သွားလျင် ဦးခေါင်းအားနောက်တစ်ကြိမ်ထပ်ရိုက်လျင် ပြန်လည်သတိရလာသည်ဟူသော စကားကို ဤအချိန်မတိုင်ခင်က ဟာသတစ်ခုဟုသာထင်ခဲ့ဖူးသည်။ယခုတော့ကိုယ်တွေ့ကြုံလိုက်ရပြီမို့ မရယ်နိုင်တော့ပေ။အတိတ်မေ့နေခြင်းကသာ ကောင်းမည်ဟု ထင်မိသည်အထိပင်။

"အန်တီယဥ်ယဥ်က ညနေဆိုင်ကအပြန်ဝင်ခဲ့မယ်လို့ပြောတယ်..."

သားဒီပက ခေါင်းငြိမ့်ယုံသာ တုံ့ပြန်လိုက်သည်။ဆေးရုံခန်းလေးက အတော့်ကိုတိတ်ဆိတ်လို့နေသည်။လုလင်ပျိုက သူကြိုက်တဲ့ ပန်းသစ်တော်သီးကိုဂရုတစိုက် အခွံခွာကာ၊အမွှာလေးတွေရအောင် စိတ်ပေးလို့နေသည်။

"လုလင်လေး ပင်ပန်းရင်ပြန်နားလိုက်တော့လေ.."

"ရပါတယ် ဦးငယ်၊အိမ်မှာလည်း လုပ်စရာမှမရှိတာ ကျွန်တော်အဆင်ပြေပါတယ်.."

သားဒီပက ဘာမှဆက်မပြောတော့ပဲခေါင်းငြိမ့်ကာ အပြန်ဖက်သို့တစ်ဖြန်အကြည့်ပြန်လွှဲလိုက်တော့သည်။

ကောင်ငယ်လေးက ဟန်ဆောင်ကောင်းပြီး၊မြိုသိမ့်နိုင်စွမ်းမြင့်မားလွန်းလှသည်။

အခန်းလေးက တရားလွန်းတိတ်ဆိတ်နေဆဲတွင် တံခါးခေါက်သံသဲ့သဲ့အားကြားလိုက်ရသည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Tempat cerita menjadi hidup. Temukan sekarang