< Zawgyi>
အပြောင်းအလဲကိုမုန်းတဲ့လူသားက ကောင်းကောင်း၊ဆိုးဆိုး ရွေးချယ်ထားတဲ့ အရာတစ်ခုထဲကိုပဲ အဆုံးထိ ဖက်တွယ်ထားခဲ့တယ်...........။
________________________________
တိမ်ကင်းစဉ်ပြီး မိုးနံ့ပျောက်တဲ့ သာယာသောတစ်နေ့မှာ သားဒီပ ခရီးဆောင်အိတ်တစ်လုံးဆွဲပြီး သူ၏အိမ်ရှေ့သို့ပြန်လည်ရောက်ရှိလာခဲ့သည်..။ခရမ်းနုရောင်နှစ်ထပ်တိုက်ပုလေးက
တိတ်ဆိတ်ကာငြိမ်းချမ်းလို့နေသည်..။သားဒီပ အိမ်ထဲသို့ဝင်လာချိန်တွင် ဧည့်ခန်း၌သူ့အား ကျောပေးကာ ကြမ်းပြင်တွင်ထိုင်နေသည့် ကိုယ်လုံးသေးသေးလေးအား တွေ့လိုက်ရသည်..။"ဟယ် အကိုလေးပြန်ရောက်ပြီလား..ခဏလေး၊ခဏလေး သီသီဒါလေးသွားချပေးပြီးရင် အကိုလေးအိတ်တွေလာသယ်ပေးမယ်..."
သားဒီပ အိမ်ထဲကိုမျက်လုံးကစားနေတုန်းမှာပဲ နောက်ဖေးကထွက်လာတဲ့ သီသီက တတွတ်တွတ်ပြာရင်း၊ကိုင်လာသည့်အအေးခွက်လေးကို သူတို့အားကျောပေးထိုင်နေသည့် ကိုယ်လုံးသေးသေးလေးရှေ့တွင် ချပေးလိုက်သည်..။
"ဆိုဖာပေါ်တက်ထိုင်လို့ရတယ်လို့ မမလေးမှာသွားတယ်လေ..ဘာလို့အောက်မှာထိုင်နေတာတုန်း..အအေးမိကုန်တော့မှာပဲ.."
သီသီက သူ့အကျင့်အတိုင်း မျက်မှောင်လေးကျုံ့၊ခါးလေးထောက်ကာ ပူညံပူညံလုပ်နေလေသည်..။သားဒီပ ခပ်ဖြေးဖြေးလျှောက်ကာ
ထိုနှစ်ဦးအနားလျှောက်သွားလိုက်သည်..။
ကျုံ့ကျုံ့ကလေးထိုင်နေသည့် ကလေးလေးက သီသီအနားကနေ အဝေးကိုရွေ့သွားကာ၊ခန္ဓာကိုယ်လေး ပိုကျုံ့သွားသည်..။"သီသီ နင့်မမလေးခေါ်လာတာ ဒီကလေးလား..."
သားဒီပ အသံထွက်ပေါ်လာချိန်မှာ ကလေးငယ်ရဲ့ခန္ဓာကိုယ်က တစ်ချက်တုန်လို့သွားသည်..။သီသီက သားဒီပကို ခေါင်းငြိမ့်ပြသည်..။သားဒီပ အလုပ်ခရီးသွားရချိန်တွင် မမက သူ၊
ကလေးတစ်ယောက်အား မွေးစားမည်ဟု အသိပေးလာသည်..။မေမေနဲ့ဖေဖေကပါ ကန့်ကွတ်ခြင်းမရှိဟုဆိုသည်ကြောင့် သူ့တွင်လည်း ကန့်ကွတ်ဖို့အစီအစဉ်မရှိပါ..။ကလေးတစ်ယောက်မွေးစားမည်ဟူသော အကြောင်းသာပြော၍ ကျန်သည့်အသေးစိတ်ကိုတော့ ပြန်ရောက်မှသာပြောပြမည်ဟု မမဆိုသည်..။
ESTÁS LEYENDO
ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်
Romance[U] အဲ့ဒီလောက်တောင် ချစ်ခဲ့ရပါတယ် မဟုတ်ပါဘူး ဦးလေးငယ်။ အဲ့ဒီလောက်တောင် ချစ်နေတုန်းပါပဲ။ ဦးလေးငယ်ဟာ လုလင် ဘယ်တော့မှရိုးမသွားမဲ့ ချောကလတ်တုံးလေးရယ်ပါ။ အရာရာအားလုံးက အဲ့ဒီနေ့မှာ ပြန်လည် စတင်တယ်....၊ကံတရားဟာ တစ်ပတ်ပြန်လည်တယ်......၊အိမ်မက်တွေက အချိန်တစ်ခ...