အပိုင်း<၃၁>{z +u }

556 24 4
                                    

<Unicode>

ထွက်ပြေးဖို့ကြိုးစားရင်း တစ်မင်တစ်ကာလမ်းမှားလို့ ခင်ဗျားဆီ ပြန်ရောက်လာပြန်တယ်။
ဒီဆက်ဆံရေးကို ကျွန်တော်ကရှေ့မဆက်ချင်ခဲ့တာမဟုတ်ဘဲ၊ ခင်ဗျားက အဆုံးသတ်ချင်ခဲ့တာပါ။

_____________________

"အိမ်ပြန်ကြရအောင်၊မမလည်း လုလင်လေးကို သတိရနေပြီ၊အိမ်မပြန်တာကြာပြီမဟုတ်လား ပြန်ကြရအောင် "

အနှီစကားလုံးတွေကိုမကြားရသေးခင်ကတော့ဖြင့် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့မိပါသည်။အကြင်သူသည် မိမိအားလွမ်းဆွတ်တမ်းတခြင်းကြောင့် လက်ကမ်းခြင်းဖြစ်လိမ့်မည်ဟုမျှော်လင့်ခဲ့မိသော်လည်း အမြင့်ရောက်မှခြေချော်ကျသူလို အရှိန်ပြင်းပြင်းနှင့်ထိချက်ပြင်းလှသည့်မျိုးတော့ဖြင့် ထပ်၍မလိုချင်ပါ။

လုလင်ပျိုက ကျဆင်းလာမဲ့မျက်ရည်တို့အား ကြိုးစားထိန်းချုပ်၍ ခံစားချက်များ သူမမြင်ရလေအောင် ကျောခိုင်းလိုက်သည်။ဦးခေါင်းတစ်ချက်ခါရမ်းကာ ငြင်းဆန်ခြင်းတို့တွင် ဒဏ်ရာရနှလုံးသားလေးလည်းလွင့်စင်သွားခဲ့သည်။

"ကိုယ်လည်း မင်းကိုလွမ်းတယ်၊အိမ်ပြန်ကြရအောင် ကလေးလေး"

ထွက်ခွာရန်တက်ကြွနေသည့် ခြေလှမ်းတို့ကရုတ်ချည်းရပ်တန့်သွားရသည်။လိုရာလှိမ့်ကစားနိုင်သည့်ဘောလုံးလေးလို သဘောထားကာ ထပ်တစ်ကြိမ်ဆော့ကစားရန်လာရောက်ခဲ့သည်လား၊အမှတ်သည်းခြေမရှိသည့်လူရယ်လို့သတ်မှတ်ကာ ဒဏ်ရာအသစ်ပေးရန် လာရောက်လေသလားမသိခဲ့ပါ။သို့ပါသော်လည်း မိမိအား လွမ်းသည်ဆိုသော စကားတစ်ခွန်းနဲ့ပင် ဦးနှောက်မရှိသောပုစွန်တစ်ကောင်ကဲ့သို့ဖြစ်ပျက်ခဲ့သမျှအတိတ်မှအရာများအား ပြည်ပုံကားချလိုက်ချင်ခဲ့မိသည်။

လုလင်ပျိုက နောက်ပြန်လှည့်၍ သားဒီပနှင့်မျက်လုံးခြင်းစုံလိုက်သည်။မျှော်လင့်စောင့်စားနေသည့်မျက်ဝန်းများနှင့် စိတ်အားထက်သန်စွာမိမိ၏အဖြေအားစောင့်မျှော်နေသူအား မြင်ရခြင်းသည် မရင်းနှီးလှပါ။

"ကျွန်တော့်ကိုထပ်ပြီး မကစားပါနဲ့လားဦးငယ်၊ကျွန်တော်လေ ကျွန်တော်တစ်ကယ်နာကျင်ရလို့ပါ။ဦးငယ်အဆင်ပြေအောင် ဦးငယ်စိတ်တိုင်းကျ၊ဒီနှစ်ထဲမှာ ဦးငယ်အရှေ့ကိုပေါ်လာဖို့လည်း မကြိုးစားခဲ့ပါဘူး၊ဒါ့အပြင်ဘာတွေများထပ်အလိုရှိသေးလို့လဲဗျာ၊ကျွန်တော်လည်း ခံစားတက်တဲ့နှလုံးသားနဲ့လူပါ ကျွန်တော်လည်းနာကျင်ရတယ်ဗျ..."

Has llegado al final de las partes publicadas.

⏰ Última actualización: Feb 01, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Donde viven las historias. Descúbrelo ahora