အခန်း<၂>{z+u}

876 43 0
                                    

<Zawgyi>

အဖြူ​ရောင်​​ပြေး​နေသည့်​ မီးခိုး​ရောင်​တိမ်​တိုက်​တို့ ​ကောင်းကင်​အပြည့်​​နေရာယူလို့ထားသည်​....။ကောင်းကင်​ထက်​မှ အငြိုးဖြင့်​သွန်းချ​နေသည့်​ မိုးစက်​မိုး​ပေါက်​တို့သည်​ သိပ်​သည်းတစ်​လှည့်​၊​လျော့နည်းတစ်​လှည့်​ဖြင့်​ ကျဆင်း​နေကြသည်​.....။

အနီတစ်​လှည့်​၊အစိမ်းတစ်​လှည့်​နှင့်​ အ၀ါတစ်​လှည့်​စီကျ ​ပြောင်းလဲသွားချိန်​တိုင်း အနက်​​ရောင်​လမ်းမ​ပေါ်မှ ​ရောင်​စုံ၊မျိုးစုံ​သော ကားတို့သည်​လည်း ထိုသက်​​ရောက်​မှု​ကြောင့်​ ​ပြောင်းလဲလို့​နေသည်​.....။
အနီ​ရောင်​မီးလုံး​လေး ထွက်​​ပေါ်လာချိန်​တွင်
ရပ်​တန့်​​စေလိုက်​သည့်​ ကားများအနားသို့ အ
ပြေးအလွှားသွား​နေကြသည့်​ လူတစ်​ချို့ရှိလို့
နေသည်​......။

အသက်​မပြည့်​​သေးသည့်​ က​လေးငယ်​ အများအပြား ပါဝင်​သည့်​ ထိုလူစု၏ လက်​ထဲတွင်​ သီကုံးထားသည့်​ ပန်းတွဲကြီးများနှင့်​ ​ရေသန့်​ဘူး၊မိုးမဆို​​စေရန်ဖုံးအုပ်ထားသည့်​ သီတင်းစာအထပ်​လိုက်​ ​တို့ပါဝင်​သည်​......။ထိုလူတစ်​စုသည်​ နွမ်းရိ၊စုတ်​ပြဲ​နေ​သော အ၀တ်​အစားများနှင့်​ သူ့ထက်​ငါ ​ပြေးလွှား​နေကြသည်​......။

ထိုလူများထဲမှ အဖြူ​ရောင်​စွပ်​ကျယ်​ဟုပင်​ ​ခေါ်ဆိုရန်​ မဖြစ်​နိုင်​​တော့သည့်​ အ​ရောင်​ညစ်​ညစ်​ အထဲခံအင်္ကျီ​အပြဲ​လေးအားဝတ်​လျက်​ ​ခြေဗလာနှင့်​ လမ်း​လျောက်​​နေသည့်​ ၁၁နှစ်​၊၁၂အရွယ်​ ​ကောင်​​လေးသည်​ အဖြူ​ရောင်​ကား​လေးနားသို့ ချည်းကပ်​ကာ ကားမှန်​အား တစ်​ချက်​​ခေါက်​လိုက်​ပြီး​နောက်​ သူ၏လက်​ထဲမှ ပန်းကုံးများအား ​မြှောက်​ပြလိုက်​သည်​......။
ကား​မောင်းသူ​နေရာမှ ရှိ​နေသည့်​ လူသည်
ခေါင်းခါရန်​ ဟန်​ပြင်​ပြီးမှ ​ခေါင်းပြန်​ညိမ့်​ပြ
လာသည်​.....။

"ဘယ်​လို​ရောင်းတာလည်း....ဦးကိုတစ်​​ထောင်​ဖိုး​ပေး က​လေး...."

မိုးသံများကြားမှ ထွက်​​ပေါ်လာ​သော နူးညံ့သည့်​အသံနှင့်​ သူ၏မျက်​နှာထပ်​မှ နူးညံ့​သော အပြုံးသည်​ ထိုလူအား စိတ်​သ​ဘောထားပြည့်​ဝ​သူဟု ​ကောက်​ချက်​ချနိုင်​​စေသည်​.....။
ကားအပြင်​မှ ​နှာ​ခေါင်းလုံးလုံးနှင့်​​ကောင်​​လေးသည်​ မျက်​လုံးဝိုင်းဝိုင်း​လေးများဖြင့်​ ​တောက်​ပ
စွာကြည့်​လိုက်​ပြီး​နောက်​ ​ခေါင်းငြိမ့်​ပြကာ သူ ၏ လက်​ထဲမှ အဖြူ​ရောင်​ စံပယ်​ပန်းကုံး​လေးများအား စနစ်​တကျ ဖြတ်​ကာ ကားထဲရှိ လူအား ​ပေးလိုက်​သည်​......။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Donde viven las historias. Descúbrelo ahora