အပိုင်း<၂၈>{z+u}

216 17 2
                                    

< Unicode >

အသဲလှိုက်လှိုက်အစုံ ခိုက်ခိုက်တုန် ရင်ခုန်ရပါသည်။မပြယ်သောမေတ္တာများနဲ့ သက်ဆုံးတိုင်း မင်းကိုမောင်ချစ်ပါတယ်။

____________________

နွေရာသီ လေရူးကလေးက တိုက်ခက်နေသည်။ပန်းခြောက်များကြွေလို့ ဥသြကလေးများကရောက်မလာသူအား တမ်းတသီကြွေးနေကြသည်။မောင့်မယ် အတူငိုလို့ အပူသည်လေးဖြစ်ရော့မယ်။

မောင်လည်း ဒီလိုပါပဲအသက်ရယ် ဥသြတွေလို အဖော်မဲ့နေရတယ်။ဥသြတွေကူညီလို့ မင်းကိုချစ်ကြောင်း သီကြူးရင်း လမ်းပြပေးခဲ့ရင်သိပ်ကောင်းမယ်။ မင်းအကြောင်းတွေးတိုင်း နွေဦးလေးလို နွေးထွေးရပါတယ်။နှလုံးသားလည်း သစ်ရွက်ခြောက်တွေလို ကြွေလုနီးပါပြီ။ဥသြများရဲ့ အလွမ်းသီချင်းသံက မောင့်အတွက်ရည်ရွယ်တာလည်း ဖြစ်ပါလိမ့်မည်။

မတွေ့ဖြစ်ကြတော့သည့်ရက်များတွင် လုလင်ပျိုရဲ့ အတွေးရထားကအဆုံးမရှိခဲ့ပေ။ချစ်ရသူအား မယုံကြည်၍မဟုတ်ခဲ့ပါ။ဦးငယ်သည် လူတစ်ယောက်သေစေသည်အထိ အသဲမမာကြောင်း လုလင်ပျိုယုံကြည်ပါသည်။ဦးနှောက်ကကမဟုတ်ဘဲ၊နှလုံးသားမှယုံကြည်ခြင်းသာဖြစ်သော်လည်း မှားယွင်းမည်မဟုတ်ပ။

မထင်မှတ်ထားသော ဦးလေးငယ်၏အတိတ်သည် သူ့ရဲ့စိတ်အားဒွိဟဖြစ်စေသည်။အမျိုးသားတစ်ယောက်အား ချစ်မြတ်နိုးခဲ့သည်ဆိုပါလျှင် သူ့တွင်အခွင့်အရေးရှိနိုင်လောက်သည်မို့ ပျော်ရွှင်ရသော်လည်း၊ထိုအတိတ်မှရည်းစားဟောင်းအားမမေ့နိုင်ခဲ့ပါဘူးဆိုလျှင်ဖြင့် မိမိသာကြေကွဲရမည်ဖြစ်သည်။ဘာကြောင့်ပဲဖြစ်ဖြစ် မိမိတွင်အခွင့်အရေးကရှိလာမည်ဟုမထင်တော့ပါ။​သွေးသားရင်းမဟုတ်သော်လည်း ဦးလေးနှင့်တူဟူသည့် ကန့်သတ်ချက်စည်းက ဦးငယ်အားတွန့်ဆုတ်စေလိမ့်မည်။

လင်းညိုက သူ့အားအကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။မဖွင့်ပြောလိုက်ရလို့ နောင်တရခြင်းထက်၊
ဖွင့်ပြောပြီးမှရသည့်နောင်တက ပို၍ချိုမြိန်သည်ဟုဆိုသည်။အနည်းဆုံးတော့ ချစ်ခြင်းတွေအားချစ်မိသူထံသိစေခွင့်ရသေးသည်မဟုတ်လား။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Tempat cerita menjadi hidup. Temukan sekarang