< Unicode >
စချစ်ခဲ့ရသူက မင်းဖြစ်ပြီး၊
အဆုံးထိ ချစ်ခဲ့ရသူကတော့ ကိုယ်သာဖြစ်သည်။
စချစ်ဖို့ဆုံးဖြတ်ပြီးနောက်တွင် တစ်သက်တာအတွက်ဖြစ်ခဲ့သည်။__________________
အဝါရောင်နှစ်ထပ်တိုက်လေး၏ ခြံဝန်းထဲတွင် ပုံမှန်ထက်ပို၍ လူများလို့နေသည်။မနေ့တနေ့ကမှ ကျောင်းပြီး၍ ဘွဲ့ရခဲ့သော ဤအိမ်မှ အငယ်ဆုံးသားအတွက် ပွဲတစ်ခုလုပ်နေကြခြင်းဖြစ်သည်။ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့အခန်းအနားတက်၍ ထည်ထည်ဝါဝါယူထားသော ဘွဲ့လက်မှတ်နှင့် သစ်ပုတ်ပင်ကြီးရှေ့တွင် ဝင့်ကြွားစွာ ရိုက်ထားသော ဓာတ်ပုံနောက်တစ်ပုံက အိမ်ရှေ့ခန်းတွင်တိုးလို့လာသည်။
ရန်ကုန်တက္ကသိုလ်ထဲတွင် ကျင်းပသော ဘွဲ့နှင်းသပင်တွင်တက်ရောက်ဘွဲ့ယူနိုင်ရန်က နယ်မှမိဘများ၏ရင်ထဲက သားသမီးများအတွက် ဆန္ဒတစ်ခုဖြစ်သည်။သားဒီပ၏မိဘများက မန္တလေးမြို့ပေါ်သို့မတက်လာခင်က သာမာန်ရွာတစ်ခုက ရွာသူဌေးများသာဖြစ်ကြသည်။သားဒီပကိုမွေးပြီးမှ စီးပွားတက်လာပြီး မြို့တော်အထိပင်လုပ်ငန်းများတိုးချဲ့လာနိုင်ပြီး အိမ်ကိုလည်းပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။
ယခု၌ကျင်းပနေသော ဂုဏ်ပြုပွဲသည် သားဒီပအတွက်ဖြစ်သည်။မနက်စောစောကို သံဃာတော်၅ပါးပင့်၍အာရုံဆွမ်းကပ်ပြီး နေ့လည်ကိုအမျိုးများဖိတ်၍ အလှူထမင်း၊ဟင်းတို့ ဖိတ်ကျွေးလေသည်။ကာယကံရှင်ဖြစ်သည့် သားဒီပက နေ့လည်အထိသာ မျက်နှာပြပြီး ညနေမဆောင်းခင် သူငယ်ချင်းများနှင့်တွေ့ရန် ထွက်ခွာသွားတော့သည်။
သားဒီပတွင် သူငယ်တန်းထဲကပေါင်းသည့် ချမ်းမြေ့ဝေဟူသော သူငယ်ချင်းတစ်ယောက်ရှိသည်။သူတို့သူငယ်ချင်းနှစ်ယောက်သည် ငယ်ငယ်က နို့ချောကလတ်အတွဲဟု လူသိများသည်။ချမ်းမြေ့ကအသားဖြူသလောက် သားဒီပက အသားညိုသည်။ငယ်ငယ်ကအဆော့သန်သလို အညာသားလေးဖြစ်သည်ကြောင့် အညိုရောင်သန်းလွန်းသည့် အသားအရည်က ကြီးကောင်ဝင်လာချိန်တွင်ရှည်လျားသောအရပ်နှင့် ညိုညိုစိုစိုဖြစ်လာသည်ကြောင့် မိန်းကလေးများအကြားတွင် လူကြိုက်များလေသည်။
ESTÁS LEYENDO
ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်
Romance[U] အဲ့ဒီလောက်တောင် ချစ်ခဲ့ရပါတယ် မဟုတ်ပါဘူး ဦးလေးငယ်။ အဲ့ဒီလောက်တောင် ချစ်နေတုန်းပါပဲ။ ဦးလေးငယ်ဟာ လုလင် ဘယ်တော့မှရိုးမသွားမဲ့ ချောကလတ်တုံးလေးရယ်ပါ။ အရာရာအားလုံးက အဲ့ဒီနေ့မှာ ပြန်လည် စတင်တယ်....၊ကံတရားဟာ တစ်ပတ်ပြန်လည်တယ်......၊အိမ်မက်တွေက အချိန်တစ်ခ...