အပိုင်း<၂၉>{z+u}

280 15 6
                                    

< Unicode >

အပြုံးဆိုတာ အရှုံးသမားတစ်ယောက်အတွက် နှစ်သိမ့်ဆုဆိုခဲ့ပါလျှင်လည်း ချိုမြိန်တဲ့မင်းအပြုံးတွေကို မောင်လက်ခံပါမယ်။

__________

မိုးတောင်ညိုလို့ ငိုလေပြီ။မိုးတောင်းချုန်းလို့ မုန်းလေသလား။မမွှေးတော့သည့် ရက်လွန်ပန်းတွေလို ညိုးငယ်ရသည်။မင်းအညိုးနဲ့ရွာသွန်းတဲ့ မိုးတွေလည်းမဆဲခဲ့ပါ။ဆံချည်တစ်မျှင်မျှ မေ့ပြစ်နိုင်ရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပါ။အောင်းတမေ့မေ့နှင့်သာ တစ်နေ့နေ့တော့ဖြင့် မောင့်မေတ္တာတွေ မင်းမြင်ပါလိမ့်မည်။​

မရိတ်သိမ်းရသေးသည့် စပါးပင်တို့က ယိမ်းနွဲ့လို့နေသည်။ယခုနှစ်က မိုးများသည်ကြောင့် စပါးပင်များပျက်စီးခဲ့ရသည်။မတိုင်ခင်နေ့က တယောတို့တဲငယ်လေး လေနီကြမ်း၍ပြိုလဲခဲ့သည်ကြောင့် မိုးငြိမ်ချိန်၌အလျင်အမြန်ပြင်ဆင်ရသည်။

တဲမြောက်ဘက်မှ နှာကြားဟုခေါ်ဆိုသော နွားညိုကြီးက သူအနားရောက်လျင် အဆာတောင်းတက်နေပြီဖြစ်သည်။အပြင်ဘက်ရှိ နွားစာခွက်ထဲမှ ကောက်ရိုးတို့ကရွဲရွဲဆိုလို့နေသည်။

တဲငယ်လေးနှင့်သိပ်မဝေးသည့် ကန်ကြီးထဲတွင် ကားများက မြူးနေသည်။မကြာခင်ကန်ပတ်မည်ဟု တယောကသူ့အားအသိပေးလာသည်။ကန်ပတ်လျှင် ငါးရံ့၊ငါးရှင့်နှင့်ငါးခူ အစရှိသော ငါးများအား ရေဗုန်းကြီးများနှင့်၁၀ဗုံးခန့်ရသည်ဟုဆိုသည်။ထိုငါးများက လက်ညိုးအရွယ်မှစ၍ တစ်ခါတစ်ရံ၅နှစ်ကလေးလက်တစ်ဖက်အရွယ်ထိပင်ရှိသည်ဟုဆိုသည်။အချို့နှစ်များတွင်တော့ ငါးမြူးသည်ဟုဆိုကာ ကန်ပတ်ကြသော်လည်း၁၀ကောင်ပင်ပြည့်အောင်မရကြ။ဤကဲ့သို့နှစ်များတွင်တော့ လူကြီးများက ကန်စောင့်နတ်ဟုသာ ယုံကြည်ကြသည်။

မိုးကြောင့် မန်ကျည်းပင်မှရွက်နုတို့ သူ့ထက်ငါအပြိုင်ထွက်လို့နေပြန်သည်။အဘွားရဲ့ခိုင်းစေမှုကြောင့် သူငယ်ချင်းနှစ်ဦး မန်းကျည်းရွက်နုလေးများအား ချွေကြသည်။အပင်သည်အရမ်းလည်းမမြင့်သလိုမနိမ့်လှပေ။တယောက ကျွမ်းကျင်စွာအပင်ပေါ်တက်၍ မြင့်သောနေရာမှရွက်နုလေးများအား ချွေယူသည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Where stories live. Discover now