အခန်း<၁>{z+u}

1.8K 72 0
                                    

<Zawgyi>

အပြာတစ်ဖက်၊အမဲတစ်ဖက် မှားဝတ်ထား
တဲ့ ခြေတစ်စုံ....။အစွန်းကုန်ပြုံးရယ်နေတဲ့
နှုတ်ခမ်းပါး....။

မှုန်ဝါးစွာ ပျောက်ကွယ်လိုက်၊ဝိုးတဝါး ထွက်
ပေါ်လာလိုက်နှင့် အကြိမ်ကြိမ်သာ အတိအကျ
မြင်ရခြင်းမရှိ....။

"ချစ်တယ်....."၊"ထာဝရအတွက်လို့ ပြောထား
တယ်လေကွာ...."၊"ဟင့်အင်း......ငါကြောက်
တယ်..."၊"ငါအနားမှာ မင်းရှိရင် ငါမကြောက်
တော့ဘူး...."၊"ချစ်တယ်"

တိုးသဲ့သဲ့၊စူးရှရှ တစ်ကြိမ်တစ်လှည့် စကားသံ
တွေက မပြီပြင်ဝိုးတစ်ဝါးသာ....။

ဟာ့.......

အိပ်မက်မှ ရုန်းထွက်၍ နိုးထလာချိန်တွင် ခါ
တိုင်းလို ချွေးများရွှဲလျှက်၊ မျက်နှာပြင်ထက်
တွင် မျက်ရည်များ နင့်နေခဲ့သည်.....။

ဒီအိပ်မက်တွေ မက်နေခဲ့တာ ၁ လပင်ပြည့်
တော့မည်။မောဟိုက်လျက် စူးစူးရှရှ နာကျင် နေသည့် နှလုံးသားရှိရာ ဖက်အခြမ်းကို
အင်္ကျီထပ်မှ ဆုတ်ကိုင်လိုက်သည်....။

တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရသည့် ခံစား
ချက်၊ အိမ်မက်ထဲက မျက်ရည်များနှင့် သေချာ
မမြင်ရသော လူသားသည် သူ့အား နာကျင်
စေသည်......။

ဟား.....

သက်ပြင်းချကာ ပါးပြင်ထက်မှ မျက်ရည်များကို လက်ခုံဖြင့် ဖိသုတ်လိုက်ပြီး ရေချိုးခန်းသို့
ဝင်ကာ ပြင်ဆင်လိုက်သည်....။

"သား...ပီတာလေး ဗိုက်ဆာလောက်ပြီ သူ့ကို
အရင်သွားကျွေးလိုက်အုန်း...."

အပြာနုရောင် shirt လက်ရှည်နှင့် ပုဆိုးအပြာ
ရင့်စင်းလေးကို ဝတ်ကာ အလုပ်သွားရန် ဆင်း
လာသော သူ့ကို မမက ပီတာ လေးကို အစာ
ကျွေးခိုင်းလေသည်....။

မမ လှမ်းပေးလာသော ကြက်ပေါင်နှစ်ချောင်း
နှင့် ထမင်းဖြူထည့်ထားသော အစာခွက်ကို
ကိုင်ကာ သူ ထွက်လာတော့ ဧည့်ခန်းမှ ပီတာ လေးက အမှီးနှံ့ကာ စောင့်လို့နေသည်..။

"ဗိုက်ဆာနေပြီလား...ကောင်လေး...ဖေဖေ
မင်းအတွက် စားစရာယူလာပြီ...ရော့..ဖြေး
ဖြေးစားနော်...."

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Où les histoires vivent. Découvrez maintenant