အပိုင်း<၂၄>{z+u}

258 15 0
                                    

< Unicode >

ငယ်ရွယ်စဥ်မှာ အချစ်ဦးဟာနွေဦးလိုလှပတယ်။
ကိုယ်ခိုနားခဲ့ဖူးတဲ့ သစ်ကိုင်းခြောက်လေးက ကြိုးပျက်လို့ရယ်၊မင်းပုံရိပ်ဟာ လေနဲ့အတူလွင့်ပျယ်တယ်။

_______________

ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီးနောက်မှာ သားဒီပက အတိတ်မေ့သွားခဲ့သည်။ဒီအဖြစ်အပျက်က နှစ်ဖက်မိဘတွေအတွက် အဆိုးထဲကအကောင်းလို့ယူဆခဲ့ကြသည်။အချစ်ကြောင့် လူ့လောကထဲက တိတ်တိတ်လေးထွက်ခွာသွားခဲ့တဲ့လူငယ်လေးရဲ့ မည်သည့်အမှတ်တရ ကမှ ကျန်ရစ်မနေခဲ့ပါ။

"အကယ်၍များ မင်းသာတစ်ချိန်ချိန်ပြန်သတိရလာခဲ့မယ်ဆိုရင် သူတို့သားရဲ့အုတ်ဂူကိုလာတွေ့မှာစိုးလို့တဲ့ တစ်ခါထဲ မီးသ​ဂြိုလ်လိုက်ကြတယ်လေ..."

သဲမောင်ရဲ့စကားကို ပြန်တွေးမိတော့ သားဒီပ ခပ်ရဲ့ရဲ့ပြုံးလိုက်မိသည်။
မင်းရဲ့နှလုံးသားထဲက နာကျင်ခြင်းရော၊ကိုယ်အတွက် တရားမျှတမှုမရှိခြင်းပါ သူတို့ကနားမလည်ခဲ့ကြဘူး။အချစ်ကစစ်မှန်ခဲ့ပေမဲ့ အချိန်မှားခဲ့ကြတဲ့ ကိုယ်တို့အတိတ်က၊ လှပတဲ့နာကျင်ခြင်းအဖြစ်ပဲ ကျန်ရစ်ခဲ့တယ်။

အရင်က သူတို့နှစ်ယောက်အတူထိုင်ဖူးတဲ့ ခရေပင်လေးအောက်မှာ ခြေစုံရပ်လိုက်သည်။ကြယ်တံခွန်မြတ်နိုးခဲ့တဲ့ စံပယ်တွေက ​သားဒီပလက်ထဲမှာ ဖွေးဖွေးလှုပ်လို့ တည်ရှိနေသည်။

ခရေပင်ခွကြားမှာ ပန်းတွေကို အသာတင်လိုက်သည်။

ကိုယ့်ကို နှုတ်ဆက်စကားလေးတောင်မဆိုခဲ့ပဲ မတူညီတဲ့ ကမ္ဘာတစ်ဖက်ဆီထွက်ခွာသွားခဲ့တယ်။
ရင့်ကျက်နေလောက်မဲ့ ၃၀ ကျော်အရွယ်ကိုယ့်ကို မြင်ချင်တယ်ဆိုတဲ့ မင်းစကားတွေက မနက်ခင်းနေရောင်ခြည်နဲ့အတူတိုးဝင်ပျောက်ကွယ်ခဲ့ပြီ။

ကိုယ်အိပ်မက်က နိုးထလာတိုင်း မင်းကရှိမနေခဲ့ဘူး။အခန်းငယ်လေးထဲမှာ အထီးကျန်မှု၊အကူအညီမဲ့ခြင်းနဲ့ ဦးနှောက်ထဲကမင်းကိုအဖြေရှာခဲ့ခြင်းသာ ရှိခဲ့တယ်။ကိုယ်သာ ပြတ်သားနိုင်ခဲ့ရင် အခုချိန်မင်းက ကိုယ့်အရှေ့မှာပြုံးရယ်နေရလောက်မလား။ကိုယ်မသိဘူး၊မင်းလည်းမသိဘူး။အနာဂတ်မှာ မင်းကတော့ ကြိမ်းသေပေါက်ရှင်သန်နေလိမ့်မယ်။ကိုယ်မင်းကို လက်လွှတ်နိုင်ပါ့မလား ။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Donde viven las historias. Descúbrelo ahora