အပိုင်း<၁၈>{z+u}

194 18 2
                                    

< Unicode >

နေကြာတွေလို မရေမရာငေးမောခဲ့တယ်။
ပိုင်ဆိုင်ရမှအချစ်ဆို မင်းငိုတဲ့အခါ မောင်ရင်နာရပါတယ်။
နှလုံးသားက တံခါးမပိတ်ခင် အကြိမ်ကြိမ်ရေရွတ်ခဲ့တယ် မင်းမှမဟုတ်ရင်မဖြစ်ဘူးတဲ့။

____________________

ပိုင်ဆိုင်ရမှအချစ်ဆိုခဲ့ရင် ဘာကြောင့်များ မောင့်ရင်အကွဲခံပြီးစွန့်လွှတ်ပါ့မလဲ။ချစ်သော မျက်နှာတစ်ချက်ညိုးယုံနဲ့တင် မောင်ရှုံးပါတယ်။သက်ရင်လည်းသေ ထားရင်စေ။အသက်ကို ချစ်မိခဲ့ချိန်ကစလို့ အရာရာမှာ မောင်ရှုံးပါတယ်။အချစ်ဟာ မောင်တစ်ယောက် ကျေနပ်စွာ ပေးအပ်ခဲ့တဲ့အရှုံးရယ်ပါ။

ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်က နေ့လည်နေ့ခင်းမို့ လူကျဲလို့နေသည်။ဤရပ်ကွက်ဟောင်းလေးက ပျော်ရွှင်စရာအမှတ်တရများမရှိသော်လည်း ငယ်ဘဝပုံရိပ်များပြည့်နှက်လို့နေသည်။လမ်းမပေါ်တွင်ဖိနပ်မပါဘဲ အပြေးအလွှားပန်းရောင်းခဲ့ရတဲ့ဘဝ၊ရေသန့်ဘူးထမ်း၍လိုက်ပို့ခဲ့ရသောဘဝ၊အလုပ်သမားလိုသည်ဟုဆိုလျင် အုတ်ပြေးထမ်းခဲ့ရသည့်ဘဝမှ သူ့အားကယ်တင်ခဲ့သည့် အန်တီယဥ်ယဥ်နှင့်ဦးလေးငယ်၏ ကျေးဇူးကိုဘယ်တော့မှမေ့မည်မဟုတ်ပေ။

ရပ်ကွက်ဟောင်းလေးက အရင်လိုမပြောင်းလဲပေ။အစစ်အမှန်ကျူးကလေးများ၏ဘဝက အနာဂတ်ပျောက်ဆဲပင်။

"လုလင် မင်းရောက်နေတာကြာပြီလား..."

အရင်ထက်အသားတွေညိုသွားတဲ့ ချမ်းသာက သူ့မျက်နှာခြင်းဆိုင်မှကော်ခုံလေးအား ဆွဲယူလိုက်ပြီးဝင်ထိုင်လာသည်။အနည်းငယ်ဆုတ်ပျက်နေသည့်ဝါးခမောက်ကိုဆောင်းလို့ထားပြီး၊အဖြူမဟုတ်တော့သည့် ချွေးခံအင်္ကျီနှင့်ပုဆိုးတိုတိုဝတ်ထားသော ချမ်းသာက ဘေးမှမြေကြီးပေါ်သို့ ကွမ်းတံတွေးနီနီများကို လှမ်းကာထွေးလို့နေသည်။

"မကြာသေးဘူး၊ မင်းရောအဆင်ပြေလား.."

"ပြေပါတယ်ကွာ တစ်နေ့စားဖို့ရရင်ပြီးပြီပေါ့ ဝယ်စရာများများစားစားလည်းမရှိပါဘူး.."

ချမ်းသာက ပါးစပ်ထဲက ကွမ်းလက်ကျန်များကိုထွေးထုတ်လိုက်ပြီး၊ရေနွေးကြမ်းငှဲ့လို့နေသည်။ချမ်းသာအား အကြိမ်ကြိမ်ကူညီဖို့ကြိုးစားသော်လည်း အငြင်းခံရစမြဲသာ။သူမိခင်က ကန်စွန်းရွက်ရောင်းပြီး၊ချမ်းသာက အရင်လိုပန်းရောင်းကာ ဘဝကိုအေးအေးချမ်းချမ်းနှင့် သားအမိနှစ်ယောက်ဖြတ်သန်းနေကြသည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Donde viven las historias. Descúbrelo ahora