အပိုင်း<၂၀>{z+u}

224 18 0
                                    

< Unicode >

ပျော်ရွှင်တဲ့အခါမင်းကို သတိရပြီး၊
ဝမ်းနည်းတဲ့အခါမင်းကို တမ်းတပါတယ်။
မောင့်လက်ကို တွဲနိုင်ရဲ့လားလို့ မင်းမေးတဲ့အခါ၊ဦးစွာလှည့်ထွက်ခဲ့သူဟာ ကိုယ်ဖြစ်ပါလိမ့်မယ်။

______________

ဆေးရုံကဆင်းပြီးလို့ နောက်တစ်နေ့မှာပဲ သားဒီပ က မန္တလေးသို့ ဆင်းလာခဲ့သည်။ရန်ကုန်အိမ်မှာရှိနေစဥ်တစ်လျှောက်လုံးတွင် မမက သူ့ရဲ့လက်ထပ်ပွဲအပေါ်ဆုံးဖြတ်ချက်အား ပြန်လည်စဥ်းစားရန် အကြိမ်ကြိမ်ဖြောင်းဖျခဲ့သည်။သို့ပါသော်လည်း သားဒီပသည်၊ မိမိမှာ နှစ်ကြိမ်မြောက်အမှားအားကျူးလွန်မိမည်အား ကြောက်ရွံ့သည်ထက်ပိုနေပြီဖြစ်သည်။

အတိတ်မေ့ပြီး ရန်ကုန်သို့ရောက်သွားသည့်နေ့ရက်များတွင် အဆက်အသွယ်မလုပ်ခဲ့သော ဖေဖေ​က လက်ထပ်ရမည့်အစီအစဥ်အားခေါင်းငြိမ့်လိုက်စဥ်ကစလို့ စကားကောင်း ဆိုလာခဲ့ပြီး ယခုတွင်လည်း အိမ်ပြန်ရောက်လာသည့် မိမိကို အပြုံးနှင့် ကြိုဆိုခဲ့သည်။ထိုအပြုံးအား နောက်ဆုံးမြင်ခဲ့ရသည်က ထိုအကြောင်းအရာများအစမပြုမှီကဖြစ်လိမ့်မည်။ယခုတွင် ဧည့်ခန်းထဲမှာ သီတင်းစာထိုင်ဖတ်နေသည့် ဖေဖေက သူ့အား အပြုံးနှင့်ကြိုဆိုသည်။

သူ့ရဲ့ မတော်တဆမှုအား မသိရှိသေးသော မိဘများက သူ့ရဲ့လက်ထပ်ပွဲအပေါ် ခေါင်းငြိမ့်လက်ခံခြင်းသည် အတိတ်မေ့နေခြင်းကြောင့်ဟု အထင်မှားနေပုံပင်။မိမိ၏အတိတ်အား ပြန်လည်သတိရခြင်းကိုတော့ဖြင့် မမရော၊သူပါ မိဘနှစ်ပါးထံပြောပြရန်အစီအစဥ်မရှိခဲ့ပါ။

သားဒီပသည် အရင်စိတ်နှင့်ဆိုပါလျင် ထိုလက်ထပ်ပွဲအား ငြင်းဆို၍ ဖခင်အားပြသနာရှာမည်ဖြစ်သော်လည်း ယခုအချိန်တွင်ထိုသို့ဆန္ဒများမရှိခဲ့ပါ။သားဒီပသည် ရန်ကုန်အိမ်ကပန်းခြံထဲတွင် သူ၏သူငယ်ချင်းအား မိမိအပေါ်ဘယ်လောက်ချစ်ကြောင်းဝန်ခံနေခဲ့သည့် ဆယ်ကျော်သက်လေး လုလင်ပျို၏ပုံရိပ်အားမြင်ရိပ်မိသည်။သူသည် ထပ်မံ၍လမ်းမှားအား မလျှောက်ချင်တော့ပါ။

"သားငယ် နားအုန်းနော်၊မေမေလေ သားကြိုက်တဲ့ ကြာဇံချက်လေး ချက်ပေးထားတယ်သိလား.."

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Tahanan ng mga kuwento. Tumuklas ngayon