< Unicode >
အများကြီးနွေးထွေးပေမဲ့အစား၊
အမြဲတမ်းထွေးပွေ့ပေးဖို့ တောင်းဆိုခဲ့တယ်။
မတွေ့ဖြစ်ခဲ့၊မဆုံဖြစ်ခဲ့ဖို့ ဆုတောင်းမယ်~
'၁'ကနေပြန်စလည်း ခင်ဗျားကိုပဲထပ်ချစ်ဖြစ်ခဲ့တာ လှပတဲ့ ~~ ဝဠ်ကြွေး~~ တစ်ခုဖြစ်လိမ့်မယ်။____________
ကောင်းကင်ဟာ နီလာကျောက်တစ်လုံးလို ပြာလဲ့၍အဖိုးထိုက်လှပလွန်းသည်။နွေရာသီများတွင် ကောင်းကင်ဟာ လက်လှမ်းမှီရန်ပို၍ဝေးကွာလွန်းကြောင်း လူကြီးများပြောခဲ့ဖူးသည်။ဧပြီလရဲ့အပူချိန်မှာ အမြင့်ဆုံးမှာရောက်ရှိနေသော်လည်း ပွဲကြိုက်ခင်မြန်မာပြည်သူများအတွက် အရေးမကြီးလှပေ။
ပျော်စရာကောင်းသည့်ပွဲတစ်ခုဖြစ်လာလျှင် လူများက လန်းဆန်းကြသည်ဟူသော စကားအတိုင်းပင် ဧပြီလရှိ သင်္ကြန်ပွဲတော်က မြန်မာလူမျိုးများအတွက် လက်လွှတ်မခံချင်သော ပွဲတော်တစ်ခုဖြစ်သည်။သင်္ကြန်သည် အကြို၊အကျ၊အကြတ်၊အတက်ဟူ၍ လေးရက်ရှိပြီး တစ်ချို့နှစ်များတွင် ရက်ထပ်၍၅ရက်ဖြစ်တက်သည်။
ကလေးငယ်များက မိမိတို့အိမ်ရှေ့ထွက်လို့ရေဗုံး အသေးလေးများချကာ အိမ်ရှေ့မှဖြတ်သော လူများကိုရေလောင်းကြသည်။အရှေ့နှစ်နှင့်မတူသော ရေပြွစ်အသစ်၊ရေဗုံးအသစ်များကို ထုတ်ယူကာ အားတက်သရောရေပတ်ကြသည်။
လူမလာသည့်အချိန်များတွင် အချင်းခြင်း ရေလောင်းကြရင်း၊မိမိကိုယ်ကို လောင်းရင်းနဲ့သာ ရေများရွှဲရွှဲစိုနေကြပြီး၊တစ်ခါတစ်ရံ မိဘများ၏ နေမကောင်းဖြစ်မည်ဟူသော ပူပင်စကားကြောင့် အရင်ဆုံးပြန်သွားရသူသည် နှုတ်ခမ်းများဆူကာ မကျေနပ်ကြပေ။အပျို၊လူပျိုလေးများနှင့် သက်လတ်ပိုင်းများက ရန်ကုန်မြို့လည်ခေါင်ရှိ မဏ္ဍပ်များသို့ရေပတ်ခံထွက်ရန် လူစုကာကားဌားကြသည်။နေလောင်မည်စိုးရိမ်သောကြောင့် လက်ရှည်များဝတ်ကြသည်။ကားထဲတွင် ရေများအိုင်သည်အထိ ရေများဝင်ရောက်လာပြီး၊အချို့က ဆောင်လာသည့်ခွက်များနှင့် ထိုရေများပြန်ခပ်ကာပတ်ကြသည်။
မီးသတ်ပိုက်တို့နှင့် အပတ်ခံရလျှင် ကျောပင်ကော့ရသည်။အချို့က ခွက်စောင်းခုတ်ရင်း ခံရသူနာသွားလျင် သိပ်သဘောကျ ကျသည်။မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍပ်ကလည်း အစီကားဆုံးထဲကတစ်ခုဖြစ်သည်။ယိမ်းအကများနှင့်မြန်မာရိုးရာခေတ်ဟောင်းသင်္ကြန်သီချင်းများ အများဆုံးသီဆိုကြသည်။အခြားသော မဏ္ဍပ်များက ခေတ်ပေါ်သီချင်းများ၊နိုင်ငံရပ်ခြားမှ ကခုန်ရန်မြူးသော သီချင်းများသီဆို၊ဖွင့်ထားသည်။
![](https://img.wattpad.com/cover/202935724-288-k652490.jpg)
VOCÊ ESTÁ LENDO
ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်
Romance[U] အဲ့ဒီလောက်တောင် ချစ်ခဲ့ရပါတယ် မဟုတ်ပါဘူး ဦးလေးငယ်။ အဲ့ဒီလောက်တောင် ချစ်နေတုန်းပါပဲ။ ဦးလေးငယ်ဟာ လုလင် ဘယ်တော့မှရိုးမသွားမဲ့ ချောကလတ်တုံးလေးရယ်ပါ။ အရာရာအားလုံးက အဲ့ဒီနေ့မှာ ပြန်လည် စတင်တယ်....၊ကံတရားဟာ တစ်ပတ်ပြန်လည်တယ်......၊အိမ်မက်တွေက အချိန်တစ်ခ...