<Unicode>
ဗျည်း၊သရသည် 'က'မှစပြီး..ကျွန်တော့်ဘဝသည် 'ဦး' နဲ့မှစတင်သည်။
စကားစုတိုင်းတွင် 'ပုဒ်မ' ချ၍အဆုံးသတ်သော်လည်း၊ကျွန်တော့်၏အချစ်များသည် '.' ချ၍ ပြီးဆုံးမသွားနိုင်ပါ။____________________
ကောင်းကင်သည်ပြာလဲ့လဲ့ဖြင့် မြင့်မားစွာတည်ရှိလို့နေသည်။အပြာရောင်မိုးသားပြင်ပေါ်တွင် ယှဥ်တွဲလျှောက်လှမ်းနေသော အဖြူတိမ်တိုက်များကြောင့် နွေရာသီ၏ကောင်းကင်သည် အလှဆုံးသော သဘာဝအလှတစ်ခုဖြစ်နေခဲ့သည်။တစ်ချိန်က စိမ်းလန်းခဲ့သော သစ်ရွက်နုတို့သည် ရင့်ရော်ကာ ယခုအချိန်အခါတွင် အဝါရောင်သို့ကူးပြောင်း၍ မဟာပထဝီမြေကြီးပေါ်သို့ သက်ဆင်းကြရသည်။
နွေရာသီဟာ တစ်ရိပ်ရိပ်နှင့်အလွန်တရာပူလောင်လို့နေသည်။မနှစ်ကထက် ယခုနှစ်သည်ပူပြင်း၍ ၊ ယခုနှစ်ထက် နောင်နှစ်က ပိုပူလိမ့်မည်။မြန်မာနိုင်ငံတွင် မေတ္တာတရားများနှင့်အတူ လျော့ပါးလာသည်က ကြီးမားလှစွာသော ပင်အိုကြီးများဖြစ်သည်။တစ်ချိန်က ကောင်းစွာအရိပ်ရခဲ့သော ကြီးမားလှသည့်အပင်ကြီးများက တိုးတက်လာသောလူနေမှုအဆင့်အတန်းကြောင့် ဖယ်ရှားခြင်းခံခဲ့ရတော့သည်။
ခြံထောင့်ရှိ ကံ့ကော်ပန်းတို့က အစွမ်းကုန်ပွင့်ဖူးလို့နေသည်။သင်းပျံ့ကာ ထုံမွှေးသော ကံ့ကော်ပန်းတို့က နွေဦးရာသီ၏အထင်ကရပန်းတစ်မျိုးဖြစ်ပြီး၊နွေဦးကံ့ကော်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။အဖြူရောင်ပွင့်ဖတ်များ ဝန်းရံထားသော အဝါရောင်ဝတ်စံအား အချို့များ အမျိုးသမီးတို့က သနပ်ခါးအဖြစ်သွေးလိမ်းကာ၊သူ(မ)တို့၏ ပါးပြင်အား မွှေးကြိုင်စေသည်။
ပြာသိုလ၏ ရာသီပန်းဖြစ်သော ခွာညိုတို့သည်လည်း ပွင့်လန်းခဲ့ပြီးပြီဖြစ်သည်။သားဒီပသည် ယောက်ျားလေးတစ်ဦးဖြစ်သော်လည်း ပန်းပျိုးခြင်းနှင့်ပန်းရောင်စုံပွင့်လန်းနေသော သူ၏ဥယျာဥ်အား အမောပြေကြည့်ရှု့ရခြင်းသည် အကြိုက်ဆုံးအလုပ်တစ်ခုဖြစ်သည်။ထို့အပြင် အမျိုးသားများက ပန်းမပျိုးရ၊ပန်းမကြိုက်ရဟူသည့် ဥပဒေလည်းမရှိခဲ့ပါ။
KAMU SEDANG MEMBACA
ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်
Romansa[U] အဲ့ဒီလောက်တောင် ချစ်ခဲ့ရပါတယ် မဟုတ်ပါဘူး ဦးလေးငယ်။ အဲ့ဒီလောက်တောင် ချစ်နေတုန်းပါပဲ။ ဦးလေးငယ်ဟာ လုလင် ဘယ်တော့မှရိုးမသွားမဲ့ ချောကလတ်တုံးလေးရယ်ပါ။ အရာရာအားလုံးက အဲ့ဒီနေ့မှာ ပြန်လည် စတင်တယ်....၊ကံတရားဟာ တစ်ပတ်ပြန်လည်တယ်......၊အိမ်မက်တွေက အချိန်တစ်ခ...