အပိုင်း<၁၇>{z+u}

207 16 0
                                    

< Unicode >

အလိုချင်ဆုံးသူစိမ်းက ခင်ဗျားရယ်ပါ။
အချစ်ခံချင်တဲ့ အတ္တဟာ စိတ္တဇ
အချစ်ဦးက ဝိုးတစ်ဝါးလှောင်ရယ်လို့ ခပ်တိုးတိုးဆိုတယ် မင်းမပိုင်ဆိုင်ခဲ့ရတဲ့ လှပခြင်းဟာ ငါပါတဲ့။

____________________

ခြံဝန်းထဲတွင် မီးရောင်စုံများ လင်းလက်လို့နေသည်။ဒီကနေ့ညသည် သီတင်းကျွတ် လပြည့်ညဖြစ်သည်။လမ်းထဲတွင် ကလေးငယ်များ၏ ပြေးလွှားဆော့ကစားနေသံများ၊ဗြောက်အိုးဖောက်ကာ ခပ်ဝေးဝေးပြေးရင်းသဘောတကျရယ်ဟစ်နေကြသည့် ကလေးငယ်တို့၏အသံတို့က ညအချိန်မှာဖုံးလွှမ်းလုနီးနီးပင်။တတောက်တောက်အသံမြည်သော လက်တွန်းလှည်းကလေး တွန်းနေသည်ံ့ကလေးငယ်၏ မျက်ဝန်းများဟာတောက်ပလို့နေသည်။

မိမိတို့အိမ်တွင်တော့ ကလေးငယ်များမရှိသည်ကြောင့် လှလှပပမီးပုံးလေးများ ချိတ်ဆွဲမထားသော်လည်း ရောင်စုံလင်းနေသည့်မီးကြိုးလေးကိုတော့ ခြံဝန်းထဲတွင် သီတန်းလို့ထားသည်။

လုလင်ပျိုက အိမ်ထဲမှဆီမီးထွန်းကာ ပူဇော်သင့်သည့် ရေအိုး၊မီးဖို၊ဆန်အိုးနှင့်အစရှိသည်များကို လှည့်ပတ်ထွန်းညှိပြီး၍ အပြင်သို့ပြန်လည်ထွက်လာချိန်တွင် အိမ်ရှေ့ဆင်ဝင်အောက်၌ မီးထွန်းနေသည့် ဦးငယ်အားတွေ့လိုက်ရသည်။အိမ်အဝက ကြမ်းပြင်ပေါ်တွင် ဆီမီးခွက်လေးအား မီးညှိနေသည့် အန်တီရှင်နှောင်းထံမှ စနောက်ကာ မီးကူးနေသည့် ဦးငယ်၏ပုံရိပ်အား လုလင်ပျိုက တိတ်တိတ်လေးရပ်ကြည့်လို့နေသည်။

အင်္ကျီအဖြူလည်ကတုံး၏ လည်ပင်းမှရွှေကြယ်သီးက သူကိုယ်တိုင်ရှာဝယ်ပေးခဲ့ခြင်းဖြစ်သည်။ခရမ်းရောင်အကွက်စိတ်ပုဆိုးစက စောင့်ကြောင့်ထိုင်နေသည်ကြောင့် ခြေဖုဝါးနုနုပေါ်တွင် အုပ်မိုးလို့ကျနေသည်။ရှားရောင်ကတီပါဖိနပ်သည် မနှစ်က ဦးလေးငယ်အား သူကန်တော့ခဲ့သော ကန်တော့ခံပစ္စည်းဖြစ်သည်။

ဦးလေးငယ်ဘေးမှ အပြိုင်ရယ်မောနေသော အန်တီရှင်နှောင်က ဦးလေးငယ်အကြိုက်ဆုံးအရောင်ဖြစ်တဲ့အနီရောင်ဝမ်းဆက်လေးနဲ့လှချင်တိုင်းလှလို့နေသည်။ပုရိသများကြွေဆင်းသွားလောက်သည့် အဖုအထစ်ခန္ဓာကိုယ်တို့နှင့် အန်တီရှင်နှောင်းအား တစ်ခါတစ်ရံတော့လည်း အားကျမိပါသည်။သူသာ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့လျှင် ယခုထက်ပိုပြီး အခွင့်အရေးရှိလောက်မလားဟု တွေးမိဖူးသည်။

ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်Donde viven las historias. Descúbrelo ahora