<Unicode>
နှလုံးသားတစ်ခုလုံးပျက်စီးပြီး၊ဦးနှောက်တစ်ခုလုံး ယိုယွင်းသွားတာကို အချစ်လို့ခေါ်ပါသတဲ့။
အချစ်ချောက်ကမ်းပါးက ဘယ်လောက်နစ်မလဲ။_______
ရင်မဆိုင်ရဲသူက လှည့်ပြန်ရပါတယ်။မျက်နှာတော်အညိုးမခံဝံ့သူက အရှုံးပေးရပါတယ်။
အများပြည်သူသုံး Bus ကားက တစ်ရွေ့ရွေ့မောင်းနှင်နေသည်။ကားနောက်တွင်ကျန်ရစ်ခဲ့သည့် ဝိုးတဝါးရှုခင်းများအား အဓိပ္ပါယ်မဲ့ငေးကြည့်နေခဲ့မိသည်။ရန်ကုန်မှကျော်လွန်ကာ သန်လျင်မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ရာသီဥတုကသိသာလှသည်။သစ်ပင်ကြီးများ များပြား၍ထင်သည် ဤအရပ်သည်ပို၍အေးလေသည်။
မြို့ကြီးပြကြီးက ပို၍ပူလောင်နေပေမဲ့၊ချစ်ခြင်းတရားများကတော့ပို၍အေးစက်နေခဲ့သည်။
တရိပ်ရိပ်ချန်ရစ်ခဲ့သော ရှု့ခင်းများက စွဲမြဲမနေခဲ့ပါ။သူ့ရဲ့စိတ်အလုံးစုံက ခန္ဓာကိုယ်မှစွန့်ခွာ၍ အခြားအရပ်သို့ရောက်ရှိနေခဲ့သည်။တွက်ကြည့်လျင် လပေါင်းများစွာကြာလေပြီ။ဖုန်းတစ်လုံးနှင့်သာ အကျိုးအကြောင်းမေးမြန်းသည်ထက် မပိုခဲ့သောဂရုစိုက်ခြင်းတွေမှာ အသားကျအောင်ကြိုးစားနေရသည်။မကြာခင် ချစ်ရသူမှာလဲ သက်ဆိုင်သူရှိလာပေတော့မည်။
လုလင်ပျို၏ ငယ်စဥ်အိမ်မက်သည် အင်ဂျင်နီယာတစ်ယောက်ဖြစ်ရန်သာ။ယခုတော့ ကြိုးစားမှုရလာဒ်က civil ကျောင်းသားတစ်ယောက်ဖြစ်လာလေပြီ။သူ့အနေနဲ့ အဝေးကိုအဓိက ပြေးထွက်ချင်သည်မို့ သန်လျင်မှ GTC ကျောင်းအား ရွေးချယ်ခဲ့သည်။
သန်လျင်တွင်အဆောင်ဌား၍ အိမ်ပြန်ရန်ငြင်းဆန်ခဲ့သည်။သူ့အတွက်အကောင်းဆုံးအဖြေဟာ ထွက်ပြေးခြင်းသာဖြစ်သည်။သူရဲဘောကြောင်သူဟုသာ သတ်မှတ်ထိုက်ပေမည်။သန်လျင်မှ ရန်ကုန်သို့ bus စီးလျင် ၁နာရီပင်မကျော်သော်လည်း လုလင်က အကြောင်းအမျိုးမျိုးပြကာ အဆောင်နေခဲ့သည်။ချစ်ရသူမှ သူ၏သက်ဆိုင်သူအား ချစ်ကြည်နူးနေပုံများကိုကြည့်ရှု့ရန် အသည်းမမာခဲ့ပါ။
ကိုယ်က အသည်းမမာနိုင်ခဲ့ပေမဲ့၊ချစ်ရသူက အသည်းမာပုံပေါ်သည်။အဆင်ပြေရဲ့လား ဆိုသည့် လေလှိုင်းမှတစ်ဆင့်အမေးတော်ရှိခဲ့သူက အခြားတစ်ဖက်မှာ မင်္ဂလာပွဲကြီးကျင်းပနေလိမ့်မည်။များပြားတဲ့ဧည့်သည်တွေအလည်မှာ အဖြူရောင်သတို့သမီးကို ရွှေလက်တွဲလို့ ပြုံးပျော်နေသူမှာ သူ၏ချစ်ရသူဖြစ်သည်။တွေးကြည့်ယုံနှင့်တင် နာကျင်ရပါသည်။
ESTÁS LEYENDO
ဆောင်းနှယ်အေး၍ နှင်းလိုဖြူသည်
Romance[U] အဲ့ဒီလောက်တောင် ချစ်ခဲ့ရပါတယ် မဟုတ်ပါဘူး ဦးလေးငယ်။ အဲ့ဒီလောက်တောင် ချစ်နေတုန်းပါပဲ။ ဦးလေးငယ်ဟာ လုလင် ဘယ်တော့မှရိုးမသွားမဲ့ ချောကလတ်တုံးလေးရယ်ပါ။ အရာရာအားလုံးက အဲ့ဒီနေ့မှာ ပြန်လည် စတင်တယ်....၊ကံတရားဟာ တစ်ပတ်ပြန်လည်တယ်......၊အိမ်မက်တွေက အချိန်တစ်ခ...