Part 14

7.9K 488 3
                                    

Unicode

“ပါးပါး တိုတိုရီးတို့အိမ်ကိုတွားမျယ်”

“ကိုကိုကြီးတို့ စာမေးပွဲဖြေနေတာလေ သားသားရယ်”

“ချာမေးပွဲက ဘာရို့ဖြေတာရဲ”

“စာမေးပွဲဖြေပြီးမှ ကိုကိုကြီးတို့က သူတို့ကြိုက်တာ ဆက်လုပ်လို့ရမှာပေါ့”

“အဲ့ချို တားရဲဖြေမျယ်”

မိုင်းဇက် သားကိုကြည့်ပြီးရယ်လိုက်သည်။ ဗိုက်လေးကပူပြီးလုံးလုံးတစ်တစ်လေးဖြစ်နေပြီး ဒိုက်ပါကိုပါဘောင်းဘီထဲ ထည့်ဝတ်ပေးတာသည်ကြောင့် သား၏ဗိုက်သည်ပိုလုံးနေတော့၏။ ဖင်လေးကောက်ကောက်, ကောက်ကောက်နှင့်ဗိုက်လုံးလုံးလေးဖြင့် သူ့နောက်မှ တစ်ကောက်ကောက်လိုက်ကာ ကိုကိုကြီးတို့အိမ်သွားမယ် လိုက်ပြောနေတာဖြစ်သည်။ စာမေးပွဲဖြေနေတာဆိုတော့ သူပါဖြေမယ်တဲ့လေ။

“လာပါအုံး စာမေးပွဲဖြေမယ့် ပါးပါးသားလေး”

နောက်ကတစ်ကောက်ကောက် လိုက်နေသည့်သားအား မိုင်းဇက်ချီလိုက်သည်။

“သားသားလေးက ဘာစာမေးပွဲဖြေမှာလဲ”

“တိုတိုရီး ရိုယေ”

“ဟုတ်လား”

“ဟုတ်ရယ်”

“စာမေးပွဲဖြေပြီးရင် ဘာလုပ်မှာလဲ ပါးပါးကိုပြောပါအုန်း”

“တိဝူးယေ”

“ဟာ မသိလို့အပစ်ပေးမယ်”

“အား..ယားရယ်...ပါးပါး ရုတ်နဲ့…ဟား…ယားရယ်..”

ကလေးရှိသည့်အိမ်သည် ဆည်းလည်းလေးသဖွယ်ဖြစ်ဆိုသည်က အမှန်ပင်။ တိတ်ဆိတ်နေသည့်အိမ်သည် သားကြောင့်စကားသံတွေဆူညံ့လာ၏။ မပီကလာ ပီကလာနှင့် စကားပြောသည်က အသဲယားဖို့ကောင်းသည်။ လည်ပင်းလေးတွေ ဗိုက်ကလေးတွေကို နမ်းပြီး ဖွဖွလေးကိုက်သည့်အခါ ယားတယ်ဟုဆိုကာ တွန့်လိမ်နေတော့၏။ နှစ်ဖက်မိဘတွေလဲ သူတို့မြေးလေးကိုချစ်ကြ၏။

“ပါးပါးနဲ့သားနဲ့အူမြူးနေတာ လာပါအုန်းဒယ်ဒီ့ဆီ”

ရှိုင်းသည်အပြင်မှပြန်လာကာ လက်ထဲတွင်ပါလာသည့် အိတ်အားချကာ သားကိုချီသည်။

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now