Part 32

8.2K 497 18
                                    

Unicode

ဘွဲ့တစ်ခုရမှ ဖြစ်မည်ဟုဆိုတာကြောင့် သားသားသည်အဝေးသင်ပဲယူလိုက်ပြီး ကပ်သီလေးပင်ကျောင်းအပ်ခွင့်ရကာ စာမေးပွဲဝင်ဖြေလိုက်၏။ အလင်းဇက် အလုပ်ဆို၍ အိမ်တွင်ဂိမ်းဆော့မည်၊ ပါးပါးဆီသွားမည်၊ ကိုကိုကြီးနောက် တစ်ခါတစ်လေ လိုက်သွားပြီး၊ ငယ်ငယ်ကထဲ ပေါင်းသည့် သူငယ်ချင်းတစ်ချို့နှင့်တစ်ခါတစ်လေအပြင်တွင်တွေ့သည်။ အခုလဲပျင်းသည်ကြောင့်အပြင်ထွက်လာတာဖြစ်ပြီး ဈေးဝယ်စင်တာတွင် တစ်ယောက်ထဲပတ်နေတာဖြစ်သည်။

“ကိုကိုဝန်းလေး”

ဝန်းယံကိုတွေ့သည်နှင့် အလင်းဇက် တာ့တာလှမ်းပြလိုက်ပြီး ဝန်းလေးရှိသည့်နေရာကိုအပြေးသွားလိုက်သည်။ ဝန်းလေး ဒယ်ဒီနှင့်အတူ နေ့လည်စာစားရန် ရုံးခန်းအပေါ်ထပ်မှ အောက်ကိုဆင်းလာတာဖြစ်ပြီး အလင်းဇက်ကိုတွေ့သွားသည်နှင့် အံ့ဩသွား၏။

“သားသား ဘယ်ကို”

“ဘယ်မှ မသွားဘူး ပျင်းလို့ လျှောက်ကြည့်နေတာ”

“နေ့လည်စာ စားမလို့ လိုက်စားမလား ကိုကိုနဲ့ဒယ်ဒီနဲ့အတူတူ”

“စားမယ် စားမယ်၊ နေအုန်းနေအုန်း ကိုကိုကြီးကို ကိုကိုဝန်းလေးနဲ့အတူတူ နေ့လည်စာစားမှာ လှမ်းပြောလိုက်အုန်းမယ်”

တကယ်ပါ ဝန်းလေ အလင်းဇက်ကိုကြည့်ကာ ရယ်လိုက်သည်။ ဒီကလေး ကိုကိုကြီးကို အဲ့လောက်တောင်ချစ်ရလားမသိ။ ငယ်ငယ်ကထဲက ကိုကိုကြီးလက်ပေါ်မှာအနေများတဲ့ ဒီကလေးက ကိုကိုကြီးကို ဒီလိုချစ်တာတော့မဆန်းပေ။ နေ့လည်စားစားရန် စင်တာရှေ့က မြန်မာထမင်းဆိုင်အား ဒယ်ဒီနှင့်အတူတူ လမ်းကူးသွားလိုက်သည်။

“သူ့ကိုဘယ်အချိန် ဘာလုပ်လို့ရမလဲ မင်းကူစဉ်းစားစမ်းပါ”

“ဟေ့ရောင် သူ့အချိန်တွေက ဘာမှလုပ်လို့ရမယ့် အချိန်တွေမဟုတ်ဘူး၊ တခြားသူတွေလို club တွေဘာတွေ သွားတယ်ဆိုတစ်မျိုး၊ အခုဟာက..”

ထွက်သွားသည့် သုံးယောက်နောက်ဆက်မလိုက်ပဲ တစ်ဖက်တွင်ကျန်ခဲ့ကာ စင်တာတွင်ဈေးဝယ်သလိုလိုနှင့် ပစ္စည်းရွေးကာ စကားပြောနေသည့် ခွန်းဆက်နှင့်လူစိမ်းတစ်ယောက်။ ခွန်းဆက်ဘေးရှိ လူစိမ်းသည် အလင်းဇက်ကိုစောင့်ကြည့်နေပြီး အနောက်မှလိုက်နေသည်မှာ ရက်အနည်းငယ်ရှိနေပြီဖြစ်သည်။

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now