Part 17

8K 490 16
                                    

Unicode

Pilot လုပ်ချင်ပါသည်ဆိုသည့်သားငယ်နှင့် ဖေဖေနဲ့ဒယ်ဒီ့အလုပ်တွေလုပ်ပေးချင်ပါသည်ဆိုသည့် သားကြီးသည် အခုတွင် သူတို့နှင့်သက်ဆိုင်သည့် ပညာရပ်တွေသင်ယူနေပြီဖြစ်သည်။ သားနှစ်ယောက်အတွက် ဒယ်ဒီနှင့်ဖေဖေသည် ကားတစ်ယောက်တစ်စီးဝယ်ပေးထားပြီး လိုအပ်သည်များ အားလုံးလုပ်ပေးထား၏။

ဝန်းယံလေးသည် သားကြီးနှင့်အတူကျောင်းတူပြီး သားကြီးသည် ဝန်းယံအားသူနှင့်အတူ သွားစေပြန်စေ လိုက်ပို့သည်။

"ဝန်းလေး လာခဲ့"

ထန်တိုင်းပျို ဝန်းလေးအားသူ့အနားလာရန်ခေါ်လိုက်သည်။ ဝန်းလေးသည် အခုမှပိုစွံလာတာဖြစ်ပြီး ဘေးနားတွင် ယောက်ျားမိန်းမ ဝိုင်းဝိုင်းလည်နေ၏။ ဒီကိစ္စကိုပဲ လိုက်ဖြေရှင်းနေရသည့် သူ့မှာ အလုပ်တစ်ခုလိုဖြစ်နေသည်။

"ကိုကိုကြီး ညနေလမ်းမှာ တစ်နေရာဝင်ရအုန်းမယ်"

"အင်း ဝင်လေ၊ ဒါနဲ့အဲ့ကောင်တွေနဲ့အရောမဝင်နဲ့နော်"

"မဝင်ပါဘူး၊ ဝန်းလေးက ကိုယ့်ပါကိုယ်နေတာ၊ စကားလာပြောတော့လဲ ပြန်မပြောလို့ကောင်းမလား"

ဝန်းလေးအနားတွင် ညီညီရှိမှန်းသိလျှက်နှင့် ဘာလိုလိုညာလိုလို စကားလာပြောတဲ့သူတွေအများသား။ သူရှိပေမယ့် တကယ့်ပိုင်ရှင်သည် အတူရှိမနေသည်ကြောင့်လဲ ပါ၏။ ဝန်းလေး သူနဲ့အတူတက်ချင်လား မတက်ချင်ဘူးလား မသိပေမယ့် ညီညီသည်ဝန်းလေးအား တစ်ယောက်ထဲကျောင်းထားရမှာ စိတ်မချဘူးဆိုသည်ကြောင့် ဝန်းလေးသည် သူနှင့်အတူပါလာတာဖြစ်သည်။ ထန်တိုင်းပျိုသည် ကျောင်းတက်ရင်း ဝန်းလေးအား စောင့်ရှောက်ရသေး၏။

“ကိုကိုက အခုတလော ဒီဘက်ကို သိပ်တောင်မလာဘူးနော် ကိုကိုကြီး”

“အမြဲလာနိုင်မလားကွ”

“ဘာဖြစ်လို့လဲ၊ ပြောတော့ အားတာနဲ့ ဝန်းလေးတို့ဆီလာတွေ့မယ်ဆို”

“မင်းကရော သွားမတွေ့ချင်ဘူးလား”

“သွားတွေ့ကြမလားဟင်”

“အင်း ညနေကျ ငါတို့တစ်ချိန်လွှတ်ပြီးသွားတွေ့ကြမယ်”

“တကယ်”

Love is everything (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora