Part 6

8.4K 550 10
                                    

Unicode

"မိုင်းဇက်!"

"ငါ့ကိုလာမအော်နဲ့နော် ငါကိုယ်ဝန်ဆောင်ထားတာ"

ကျစ်!

ရှိုင်း မိုင်းဇက်အား ဖြစ်နိုင်လျှင် ဆွဲပြီးရိုက်ချင်နေတော့သည်။ ဒီကောင်လေး ဘယ်အချိန်ထဲက ကြံစည်နေသလဲ။ သူ့မှာတော့ နိုင်ငံခြားမှာ ရှိတဲ့အမျိုးတွေဆီ ခဏသွားချင်တယ်ဆိုလို့ လွှတ်ပေးတာဖြစ်ပြီးတစ်လနေလည်းပြန်မလာ၊ နှစ်‌လနေလည်းပြန်မလာ၊ ပြန်မလာနှင့်မျှော်လိုက်ရတာ။ ပြန်လာတော့ ဗိုက်တစ်လုံး ပါလာတော့သည်။ မနက်တိုင်း ကိုယ့်အရာကို သူ့လက်အသုံးပြုပြီး လုပ်နေသည်က ဒီလိုလုပ်ဖို့တဲ့လေ။ သေချာသည် သူကြံစည်နေတာ နှစ်ပေါက်နေလောက်သည်။ အခုမှ မျိုးအောင်သွားတာဖြစ်လောက်ပြီး အမျိုးတွေဆိုသည်ကို အကြောင်းပြကာ သူမသိအောင် သွားထည့်လာတာဖြစ်၏။

ဗိုက်သည်သိသိသာသာ ထွက်လာခြင်းတော့မရှိသေး။ ဖေဖေနှင့်မေမေသည်လည်း ကိုယ်ဝန်ဆောင်ကို မအော်ရဘူးဟုဆိုကာ သူ့ဘက်တွင် အပြတ်အသတ်ပါနေတော့သည်။ သူအော်ချင်လို့ အော်နေတာမဟုတ်။ ဒီကောင်လေး မိုက်လုံးကြီးလို့ပြောနေရတာဖြစ်၏။ သူသိမှာဆိုး၍ ခက်ထန်တို့ကိုလည်း အကူအညီမတောင်းရဲပဲ တစ်ယောက်ထဲကြိတ်လုပ်နေပုံရသည်။ အခုတော့ သူအမှားမလုပ်ထားသည့်အတိုင်း စုပုတ်ပုတ်ရုပ်နှင့် ခပ်တည်တည်ထိုင်နေ၏။

“ကဲသားရယ် အခုက ကိုယ်ဝန်နဲ့ဖြစ်နေပြီမလား မစူတော့နဲ့ထိုင်တော့”

“စူချင်လို့ စူနေတာမှမဟုတ်တာ မာမီရဲ့၊ ဆေးရုံက စိတ်ချရရဲ့လား ဘာမှလဲ မသိရပဲ သူလုပ်ချင်တာပဲလုပ်နေလို့လေ”

ကျွီ!!

အိမ်ရှေ့ကားရပ်သံကြားသည်နှင့် အထန်ကောင်ရောက်လာပြီဆိုသည်ကို ရှိုင်းသိလိုက်သည်။ သူသိသိချင်း အထန်ကောင်ဆီဖုန်းဆက်လိုက်တာ ဖြစ်၏။ ခက်ထန်သည်လည်း ရှိုင်းဆီက ကြားကြားချင်း ချက်ချင်းထွက်လာလိုက်တာဖြစ်သည်။ သားနှစ်ယောက်ကပါလိုက်မယ်လုပ်နေတာကြောင့် ခေါ်လာရသေး၏။ မိုင်းဇက် ဒီလိုလုပ်လိမ့်မယ်လို့ ခက်ထန်လည်း မထင်တာအမှန်ပင်။ အိမ်ထဲဝင်လိုက်သည်နှင့် သူမှန်သည့်ဒီဇိုင်းနှင့်ထိုင်နေသည့် မိုင်းဇက်ရယ် မတ်တပ်ရပ်ခါးထောက်ပြီး တစ်ခုခုလုပ်လိုက်ရမှ ကျေနပ်မယ့်သူရယ်သည် စစ်ခင်းနေပုံရသည်။

Love is everything (Complete) Uni & ZawgyiDove le storie prendono vita. Scoprilo ora