Part 24

8.6K 490 10
                                    

Unicode

"ကိုကို တကယ်လိုက်မလို့လား"

"လိုက်မှာလေ"

ကုမ္ပဏီတွင် လူတစ်ယောက်သည် သူ့အားကြောင်နေသည်ဟုဆိုကာ ကိုကိုသည်သူနှင့် ကုမ္ပဏီကိုလိုက်ရန်ပြင်နေတာဖြစ်သည်။

"ကိုကို့ကို ဆံပင်စည်းပေး"

"ဆံပင်က စည်းလဲ နည်းနည်းလေးပဲပါတာကို ညှပ်ဆိုလဲမညှပ်ဘူး"

ပါးစပ်မှရေရွတ်ကာ မမှီတမှီဆံပင်အား စည်းပေးလိုက်သည်။ ဒီအတိုင်းထားတာမှကောင်းအုန်းမည်။ စည်းထားသည်ဆံပင်သည် ခေါင်းစည်းကြိုးနောက်တွင် လက်နှစ်ဆစ်လောက်ပဲ ထွက်နေတာဖြစ်၏။ သူအဲ ရုံးအဝတ်အစားဝတ်ထားတာဖြစ်ပြီး ကိုကိုသည်သူ၏ပုံစံအတိုင်း jogger pants နှင့်တီရှပ်ကိုဝတ်ထားတာဖြစ်သည်။

"သားငယ် ဝန်းလေးနဲ့လိုက်သွားမလို့လား"

"ဟုတ်တယ် ဖေဖေ"

"အင်းအင်း ပြဿနာမရှာနဲ့အုန်း"

ဖေဖေသည်သူလိုက်သွားရသည့်အကြောင်းရင်းအားသိနေ၍သူ့အားသတိပေးနေတာဖြစ်၏။ ဖေဖေသတိပေးပေမယ့် နားထောင်သင့်လျှင်နားထောင်မည်။ တစ်ဖက်လူအချိုးမပြေလို့ကတော့ ငြိမ်နေမှာမဟုတ်။

ဝန်းထမ်းများသည် ကုမ္ပဏီအတွင်းလက်ချင်းယှက်ကိုင်ကာဝင်လာသည့် လူနှစ်ယောက်ကို နှစ်ခါပြန်ငေးနေရသည်။ သူတို့လူကြီးလေးဘေးတွင် အရာအားလုံးဖြတ်ကျော်မလာအောင် ကာကွယ်ထားသည့် တံတိုင်းကြီးသဖွယ် sexy ကျကျလူတစ်ယောက်ပါလာသည်မဟုတ်လား။ သူတို့လူကြီးလေးအား လွှတ်မပေးသလို ဒီလူသည် သူတို့လူကြီးလေး၏ အမျိုးသားမှန်းလဲအားလုံးသိသည်။ ဒီလိုတစ်ခါမှလိုက်မလာဖူးပဲ အခုမှ ဘာဖြစ်လို့လိုက်လာလဲ သိသည့်သူသလိုရှိသလို မသိသည့်သူလည်းရှိ၏။

အခန်းထဲဝင်လိုက်သည်နှင့် ဇွဲယံသည်သားနှင့်ပါလာသည့် တိုင်းဝဠာပျိုကိုကြည့်ကာ အံ့ဩသွား၏။

"သား လိုက်လည်တာလား"

"ဟုတ်တယ် လေးလေး၊ ဝန်းလေးကိုကြောင်နေတဲ့သူရှိတယ်လို့ကြားလို့"

"ကိုကိုကလဲ ထင်ရာလျှောက်ပြောနေပြန်ပြီ"

"အထင်လား တကယ်လား ဒီနေ့တွေ့ရမယ်လေ baby"

Love is everything (Complete) Uni & ZawgyiDove le storie prendono vita. Scoprilo ora