Part 30

9.3K 545 19
                                    

Unicode

"ကိုကိုဝန်းလေး"

"ဟင် သားသား"

"ကိုကိုဝန်းလေး တစ်ခုခုဖြစ်နေတာလား"

"ဘာမှမဖြစ်ပါဘူး"

"သားသားကို မညာနဲ့နော် သားသားကအကုန်သိတယ်"

အလင်းဇက်ကိုကြည့်ကာ ဝန်းယံရယ်လိုက်မိသည်။ ဒီကလေး မသိတာဘာရှိလဲ သူသိချင်သည်။ အခုလဲ သူတစ်ခုခုဖြစ်နေသည်ကို ရိပ်မိနေ၏။ မော်ဒယ်တစ်ယောက် တင်ထားတဲ့ဓါတ်ပုံနောက်မှာ ကိုကိုပါနေတာကိုတွေ့လိုက်ပြီး ဝန်းယံစဉ်းစားနေတာဖြစ်သည်။ မော်ဒယ်သည် ယောက်ျားလေးဖြစ်ပြီး တတ်သစ်စမော်ဒယ်ဖြစ်နေ၏။ ဒီတစ်ခါ စိတ်ပူရသည်က မိန်းမတစ်ယောက်နှင့်မဟုတ်ပဲ ယောက်ျားတစ်ယောက်ဖြစ်နေ၏။

"ကိုကိုဝန်းလေးလို့"

"ဟင် အင်း"

"သားသားကို ပြောပြ သားသားကူညီမှာပေါ့"

ကလေးကိုဘယ်လိုပြောပြရမလဲ။ ဒီအတိုင်းဓါတ်ပုံထဲမှာ ပါနေတာမလား။ သူကပဲ ပုံကြီးချဲ့ကာ စိတ်ပူနေတာလား။ မရမကမေးနေသည့် အလင်းဇက်ကြောင့် ဝန်းယံပြောပြလိုက်ရသည်။

"အဲ့ဆို သားသားတို့ အဲ့မော်ဒယ်ကို လိုက်ချောင်းမယ်"

"သားသား"

"ဘာမှမဖြစ်ဘူး၊ ကိုကိုဝန်းလေး မလိုက်ချင်နေ သားသားပါသားသားလှုပ်ရှားမယ်"

ကလေးကိုတစ်ယောက်ထဲလွှတ်လို့တော့မဖြစ်။ ပြီးတော့ဒါက ကိုယ့်ကိစ္စမလား။ သူမလိုက်လို့တော့မဖြစ်။ ဝန်းယံသည် အလင်းဇက်လေးဘေးနားထိုင်ကာ အလင်းဇက်လေး ရှာဖွေနေသည်များကိုကြည့်ကာ အံ့ဩနေရတော့သည်။ တက်သစ်စမော်ဒယ်ဆို‌သည့် ကောင်လေး၏ entertainment ကိုရှာပြီး ဘယ်တွေသွားတတ်လဲ ရှာဖွေနေ၏။

"ကိုကိုအပြင်သွားမယ်"

"ဟင်! အခုလား"

"ဟုတ်တယ်လေ၊ ကိုကိုတိုင်းကို စနိုက်ကျော်ချင်နေတဲ့ သူကိုလိုက်ချောင်းရမယ်"

ဝန်းယံ အလင်းဇက်လေးခေါ်ရာကို လိုက်သွားရသည်။ ကားကလဲ အလင်းဇက်လေးပဲ မောင်းတာဖြစ်၏။

"သားသား အဆင်ပြေလို့လား မိသွားအုန်းမယ်"

"ကိုကိုဝန်းလေးကလဲ မစိုးရိမ်နဲ့ လာလာ"

Love is everything (Complete) Uni & ZawgyiOnde histórias criam vida. Descubra agora