Part 13

7.9K 503 7
                                    

Unicode

“အင့်! ဟင့်! တိုတိုရီး”

ညဘက်ရောက်နေပြီဖြစ်ပြီး အိမ်ထဲဝင်လာသည့် အလင်းဇက်လေးသည် မျက်ရည်တွေနှင့်။ သူ့ပါးပါး လက်ထဲတွင်ဖြစ်ကာ အဆင်သင့်စောင့်နေသည့် ထန်တိုင်းပျိုဆီ လက်လှမ်းလာတော့သည်။

“အင်း ကိုကိုကြီး ချီမယ် မငိုတော့နဲ့နော်”

ထန်တိုင်းပျို နာရီကြည့်လိုက်သည့်အခါ ၇ နာရီ ရှိနေပြီဖြစ်သည်။ လေးလေးမိုင်းဇက် ဖုန်းကြိုဆက်ထားသည်ကြောင့် အောက်ဆင်းကာ ဖင်မထိုင်နိုင်ပဲ လာစောင့်နေရတာဖြစ်၏။ အလင်းဇက်လေးသည် အပြင်ထွက်မယ် လုပ်နေတာဖြစ်ပြီး ကိုကိုကြီးဆီသွားမယ်ဟု ဂျီကျနေကြောင်း၊ မနက်မှလိုက်ပို့မယ် ပြောပေမယ့် မရကြောင်း၊ မသွားမချင်းအရမ်းငိုနေတာကြောင့် အိမ်ကထွက်လာပြီဆိုသည့်အကြောင်းတွေဖြစ်သည်။

“သားငယ်လေးက အိမ်လည်ချင်နေတာ ဟုတ်လား၊ ပါးပါးတို့က မလွှတ်လို့လား”

“ဝုတ်ရယ် ဟင့်! ပါး…ပါးပါးဂ မတွားရဝူးချိုပြီးကြောနေတာ ဟင့်!”

သားငယ်ပေါက်လေးသည် သားကြီးလက်ထဲတွင် သားကြီးလည်တိုင်အား ဖက်ကာ နှာရည်တွေကျနေရင်း သူ့ပါးပါးလိုက်မပို့သည်ကို တိုင်နေတာဖြစ်၏။ အသန့်ကြိုက်သည့် သားကြီးသည်လည်း သားငယ်လေးနှင့်တွေ့ကာမှ အသန့်ဆိုတာဘာမှန်းမသိတော့။ နှာရည်တွေလဲ သုတ်ပေးနှင့်။ အလင်းဇက်လေးသည် ၁ နှစ်ကျော် ၂ နှစ်နီးပါး ရှိနေပြီဖြစ်ပြီး သားကြီးကိုတော့ တော်တော်ခင်တွယ်သည်။

မိုင်းဇက်သည် သားအားကြည့်ပြီးသက်ပြင်းချလိုက်သည်။ မိုးချုပ်နေလို့ မနက်မှလိုက်ပို့ပါမယ်ဆိုလဲမရ။ လိုက်မပို့မချင်း ငိုယိုနေတာဖြစ်ပြီး လိုက်ပို့မယ်ဆိုမှ တိတ်တာဖြစ်သည်။ လမ်းတစ်လျှောက်လုံး တိတ်လိုက်လာတာဖြစ်ပြီး ခြံထဲကားဝင်ကာ သားကြီးကိုတွေ့မှာထပ်ငိုတော့တာဖြစ်သည်။ ထပ်ငိုရုံတင်မဟုတ်။ ခက်ထန်ချော့နေသည်ကို သူ့ကိုတိုင်သေးတာဖြစ်သည်။

ရှိုင်းသည် မိုင်းဇက်သက်ပြင်းချနေသည်ကို သိကာခါးအား ဖက်လိုက်ပြီး နားထင်စပ်လေးအားနမ်းလိုက်သည်။ သားလေး ပူဆာသည့် အထဲတွင် ကိုကိုကြီးဆီလိုက်ပို့သည် မပါမဖြစ်။ မအိပ်မချင်း ခက်ထန်တို့အိမ်မှာထားရမည့်ပုံဖြစ်နေသည်။

Love is everything (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora