Part 36

8K 493 18
                                    

Unicode

“သားသားရာ မဆိုးစမ်းနဲ့”

“ဆိုးမှာပဲ ဘာဖြစ်လို့ ကိုကိုကြီးသိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီး သူများကို စိတ်ဆင်းရဲအောင်လုပ်လဲ”

အိပ်ရာနိုးကထဲက သူ့ကိုထုရိုက်နေတာဖြစ်ပြီး ဘယ်လိုချော့ချော့ ချော့လို့မရ။ သူ့ထက် သားသားကအရင်နိုးနေတာဖြစ်ပြီး သူ့အား အခုထမှာလားမထဘူးနှင့် ကြိမ်းမောင်းနေပြီး သူတို့သိနေတဲ့အကြောင်းကို ဘယ်လိုသိတာလဲ မေးတာကြောင့် ပြောပြလိုက်တာဖြစ်သည်။ ပြောပြလိုက်လို့ ပြေလည်သွားမယ်ထင်ပေမယ့် အဲ့လိုမဟုတ်ပေ။ သူ့ကိုစိတ်ညစ်အောင်လုပ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်္ကျီတွေ luggage အသေးထဲ ကောက်ထည့်ကာ အိမ်မှာပြန်နေမယ်ဆိုပြီး လုပ်နေတာဖြစ်သည်။

“လာလာ လိမ္မာတယ် ကိုကိုကြီး ဘာလုပ်ပေးရမလဲပြော”

“လူကိုလာမထိနဲ့နော်၊ ဘာမှလုပ်ပေးစရာလဲမလိုဘူး စိတ်ပြေမှ ပြန်လာမယ်ပြောပြီးသား”

“အလင်းဇက်”

“ဟုတ်တယ် အဲ့ဒိအလင်းဇက်ကပဲ အိမ်မှာပြန်နေမလို့ ရပြီလား”

ဗြိ~~~~

Luggage ကိုဆွဲပိတ်ကာ အခန်းထဲထွက်ဖို့လုပ်တာကြောင့် ထန်တိုင်းပျို ဖယ်မပေးပဲပိတ်ရပ်ထားလိုက်သည်။ သူ့ကိုလမ်းဖယ်မပေးတာကြောင့် မျက်မှောင်ကြုတ်ကာ ကြည့်လာပြီး

“လမ်းဖယ်”

“မဖယ်ဘူး မပြန်ရဘူး”

“ပြန်မှာ”

“အလင်းဇက်”

“ဘာလဲ ကိုထန်တိုင်းပျို”

ဟား!!

ထန်တိုင်းပျို ဆံပင်ကိုလက်နှင့်သပ်လိုက်ကာ ရှေ့ကအဆိပ်ပြင်းလှတဲ့ကောင်လေးကို ကြည့်လိုက်၏။

“ဘယ်တော့ပြန်လာမှလဲပြော”

“မသိသေးဘူး ပျော်သလောက်နေမှာ အကြာကြီးဖြစ်ရင်လဲဖြစ်မှာ”

“ကိုကိုကြီးတောင်းပန်တယ်လေကွာ၊ ကိုကိုကြီးက သားသားကိုစချင်လို့လေ၊ တကယ်စိတ်ဆင်းရဲအောင်လုပ်တာမှမဟုတ်တာ”

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now