Part 33

8.2K 497 18
                                    

Unicode

"၄ လွှာကိုတက်သွားတာတွေ့ပါတယ် သူဌေး"

ထန်တိုင်းပျိုရောက်လာသည်နှင့် စောင့်ကြည့်ခိုင်းထားသူသည် ချက်ချင်းပြောလာ၏။ ၄ လွှာဆိုသည့်အထပ်အား ခြေလှမ်းဘယ်နှစ်လှမ်းနဲ့ရောက်သွားလဲ မသိသည့် သူဌေးနောက်ကို အမှီလိုက်ရသည်။

ဒုန်း!!!

ကျွီ!!

ဒုန်း!!

လော့ချလိုက်ဖို့မေ့သွားသည့် တံခါးသည်ကန်ထုတ်ခံလိုက်ရပြီး ပွင့်ထွက်သွားသည်။ အဆင်သင့်ရှိနေသည့် လူတစ်ယောက်သည် သတိဝင်လာကာမှ ရှေ့တိုးလာကာ ထန်တိုင်းပျိုအားရွယ်လိုက်၏။ ခန္ဓာကိုယ်ချင်းမမျှတတဲ့ ထိုလူသည်

ဖြောင်း!

ထန်တိုင်းပျို နားရင်းကိုတစ်ချက်ပဲ ချလိုက်ရပြီးလဲသွားတော့သည်။

သားသားကိုအပြင်မှာမတွေ့ ဒေါသထွက်နေသည်ကြောင့် ထန်တိုင်းပျို မျက်နှာသည်ကြောက်ဖို့ကောင်းနေ၏။ အပြင်မှအသံကြားသည်နှင့် အခန်းတံခါးဖွင့်ကြည့်လာသည့်လူအား ကန်ထုတ်လိုက်ပြီး အခန်းထဲဝင်သွားလိုက်သည်။

တောက်!

“ဘယ်သူမှတ်လို့ လာထိတာလဲ ခွေးသားတွေ”

လှုပ်ရှားမှုအနည်းငယ်သာရှိသည့်သားသားအား မွေ့ယာပေါ်တွင် အဝတ်တွေချွတ်ဖို့ကြိုးစားနေသည်။ သားသားအပေါ်ပိုင်းတွင် အဝတ်မရှိတော့။

“ကို…ကို..ကြီး..”

အလင်းဇက် မေ့သွားတာပဲသိပြီး သတိပြန်ရလာသည့်အခါတွင် အခန်းထဲရောက်နေတာဖြစ်ပြီး သူ့အဝတ်တွေချွတ်ဖို့ကြိုးစားနေတာကြောင့် ရုန်းနေတာဖြစ်ပြီး သူ့နှာခေါင်းဝအား အဝတ်တစ်ခုနှင့်ထပ်ကာထိတွေ့လိုက်သည်ကြောင့် ရုန်းနိုင်ခြင်းမရှိပဲ မူးဝေကာ ဘာကိုမှတုန့်ပြန်နိုင်ခြင်းမရှိ။ ထိုအချိန် ကိုကိုကြီးဟုသာ စိတ်ထဲမှာတနေနိုင်တော့သည်။ သူနောက်ဆုံး မြင်လိုက်သည်က ကိုကိုကြီးအသံနှင့်လူတစ်ယောက်အား ရိုက်နေသည့်မြင်ကွင်းပင်။

သူ့ဆီ ဝင်လာသည့်တစ်ယောက်သည် တစ်ချက်ထဲနှင့်လဲမသွားသည်ကြောင့် ထိုလာအားဆုံးမနေရင်း မျက်လုံးထဲတွင် သားသားလည်ပင်းအား ဆေးထိုးအပ်တစ်ခုနှင့်ထိုးနေတာတွေ့လိုက်သည်နှင့် ဒေါသတို့သည်လွတ်ထွက်သွားကာ ထန်တိုင်းပျို ဘာကိုမှမမြင်တော့ပေ။ ကုတင်ပေါ်ရှိ mask အုပ်ထားသည့်သူသည် ဆေးကုန်သွားသည့်ဆေးထိုးအပ်ကာ အပြင်ထွက်ပြေးဖို့ကြံနေသည်ကြောင့် တစ်ဖက်ကလူအား ဆောင့်ကန်လိုက်ပြီး ထွက်ပြေးမည့်သူအား ဂုတ်မှ လှမ်းဆွဲကာ

Love is everything (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora