Part 29

8.8K 500 15
                                    

Unicode

တစ်အိမ်လုံးတိတ်ဆိတ်နေ၏။ အဖေနှစ်ယောက် အရင်နိုးနေပေမယ့်လဲ အလိုက်တသိ သားတွေမနှိုးပဲနေလိုက်သည်။ ကလေးတွေက ငယ်သေးတယ်မလား။ သူတို့အားအင်တွေနဲ့က ပင်ပန်းမှာမဟုတ်။

"အငယ့်သားတွေ ဖုန်းဆက်ပြီးနှိုးလိုက်ပါတော့လား ၁၁ နာရီတီးနေပြီ၊ ဆင်းလဲမလာကြဘူး"

"တိုင်းကလဲ ကိုယ်ချင်းမစာဘူး၊ ထားလိုက် ဘယ်လောက်အိပ်ရေးပျက်နေလဲမှမသိတာ"

အငယ်က အငယ်ပင်။

ရွှတ်!

စိတ်မထိန်းနိုင်ပဲ နမ်းလိုက်မိသည့်အခါ လက်ထဲကိုင်ထားသည့် tablet ဘေးချလိုက်ပြီး သူ့နှုတ်ခမ်းတွေစွဲစုပ်တော့သည်။ အသက်ဘယ်လောက်ပဲကြီးလာလာ ဒီလိုကိစ္စသည် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တုန်းပင်။

သားနှစ်အခန်းထဲတွင်တော့ ဝန်းလေးသည် အရင်နိုးလာကာ သူ့ခွအိပ်နေသည့် ကိုကို့ဘက်လှည့်ကာ ကြည့်နေမိသည်။ ငယ်ငယ်လေးထဲက ကိုကိုပြောသည့်စကားအတိုင်း တသွေမတိမ်းနားထောင်တတ်သည့်သူသည် ကိုကို၏ပုံစံခွက်ထဲတွင် အံဝင်ခွင်ကျဖြစ်နေ၏။ သူ့ဘက်ကပဲ ကိုကို့ကိုအနစ်နာခံပြီးချစ်တာမဟုတ်။ ကိုကို ကိုယ်တိုင်လဲ သူ့ကိုအများကြီးအလိုလိုက်ကာ သူစိတ်ကောက်တိုင်း စိတ်ပြေအောင်ချော့သည်မဟုတ်လား။ အနားကိုတိုးကပ်လိုက်ပြီး ရင်ခွင်ထဲခေါင်းတိုးကာ ကိုကို့ကိုဖျစ်ညှစ်ကာ ဖက်ပစ်လိုက်၏။

"အင်! Baby ဘာဖြစ်လို့လဲ"

ခန္ဓာကိုယ်တင်းကြပ်သွားသည်နှင့်နိုးလာသည့် တိုင်စဝဠာပျိုသည့် ဝန်းလေးအား ပြန်ဖက်ကာငုံ့မေးလိုက်၏။ ဝန်းလေးသည် သူ့အားမော့ကြည့်လာကာ

"ကိုကို့ကို ချစ်လို့"

အသက် ၃၀ ကျော် ဒီလူကြီးသည် သူ့မျက်လုံးထဲတွင် ဆယ်ကျော်သက်လေးအတိုင်းပင် ဖြစ်နေသည်။ ဘယ်တော့မှပြောင်းမသွားတတ်သည့် စကားပြောပုံလေးသည် တကယ်ကို အူယားဖွယ်ဖြစ်၏။ တိုင်းဝဠာပျို ပြုံးကာ ဝန်းလေးအားဖက်လျှက် ပက်လက်လှန်လိုက်သည်။

"ပြွတ်! ပြန်ပြောပါအုန်း"

"ကိုကို့ကို ချစ်လို့"

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now