Part 23

8.4K 483 14
                                    

Unicode

"မို့တော့ ထန်တိုင်းပျိုကိုပြန်အားကိုးရတော့မှာပဲ"

"မမို့မို့လွင်အတွက်အဆင်ပြေမှာပါ၊ foreign မှာလုပ်ငန်းခွင်ဝင်တဲ့သူပဲ"

"ထင်လို့ပါကွာ၊ တို့ကအဲ့လောက်လဲ မဟုတ်ပါဘူး"

"လေ့လာကြည့်ပါအုန်း မဆင်မပြေတာရှိရင်ပြောပါ"

"အိုခေ၊ ဒါနဲ့ မမို့ဖြင့် မမို့ခေါ်ပါလား နာမည်အပြည့်အစုံခေါ်နေရတာ မမောဘူးလား"

"အပြည့်အစုံခေါ်ရတာ ကျွန်တော့်အတွက်အဆင်ပြေလို့ပါ"

"ကောင်းပါပြီ"

မြန်မာနိုင်ငံကိုခဏပြန်လာခိုက် လေယာဉ်ဆင်းတာနဲ့ မြင်လိုက်ရသည့် ဒီကောင်လေးကို သူ သဘောကျသွားတာဖြစ်၏။ ဒယ်ဒီ့မေးကြည့်တော့မှ profile အပြည့်အစုံကိုသိရပြီး မိဘချင်းစကားစခိုင်းထားသေးသည်။ သို့ပေမယ့် ကောင်လေးသည်အိမ်ထောင်မပြုချင်ဘူးဆိုသည့်အကြောင်းပြချက်ပြကာ သူ့ကိုယဉ်ယဉ်လေး ငြင်းလိုက်တယ်မလား။ ဒီကောင်လေးအနားမှာနေကာ လေ့လာချင်တာကြောင့် ဒယ်ဒီ့အစုရှယ်ရာအတွက် သူနေရာတစ်ခုဝင်ယူလိုက်တာဖြစ်၏။

"ဒါနဲ့ ရှေ့နှစ်ရက်မြောက် ဒင်နာရှိတာ တို့မင်းနဲ့အတူပွဲတက်လို့ဖြစ်တယ်မလား၊ ဒီကပဲ တန်းသွားမှာဆိုတော့လေ"

"ရတယ် လိုက်ခဲ့ပါ"

"ကျေးဇူး"

ဒင်နာအတူသွားဖို့သည်ငြင်းလို့မကောင်း။ ဒယ်ဒီ့ဆီ သူ့အားကမ်းလှမ်းပေမယ့် သူငြင်းထားသည်မဟုတ်လား။ အစုရှယ်ရာရှင်အနေနှင့်ရှိနေသည်ကို ဒင်နာတော့အတူတက်မှဖြစ်မည်။ မို့မို့လွင် ဒင်နာအတွက် dress အားလှပကျော့ရှင်းစေမည့်ဝတ်စုံရွေးထားလိုက်သည်။ သူနဲ့ကိုယ်နဲ့တွဲသွားလျှင်မျက်လုံးထဲကထွက်မသွားပဲ လူတိုင်းပါးစပ်မှ အားကျတယ်၊ လိုက်ဖက်တယ် ဆိုတာမျိုးပြောလာစေရန် သူဖန်တီးဖို့အသင့်။ ၃၀ နားမှာဝဲနေသည့် ထန်တိုင်းပျိုသည် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်နေပါလျှက်နှင့် ဘာကြောင့်များ ရည်းစားမထား၊ အိမ်ထောင်ပြုဖို့မစဉ်းစားလဲ စဉ်းစားလို့မရဖြစ်နေ၏။ ညီဖြစ်သူတောင် အိမ်တောင်ကျခဲ့တာ ကြာပြီမဟုတ်လား။

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now