Unicode
(ကျမ ဂိတော့မယ် တစ်နေ့ကို မတူတဲ့ သုံးပုဒ်ကိုနေ့တိုင်းအပ်နေတော့ ကျမဂိတော့မယ်ရှင်)“ဖေ့ ကိုကိုကြီးဘယ်တော့ ပြန်လာမှာလဲ”
“ညနေမှပေါ့”
“ဘာဖြစ်လို့ ညနေမှပြန်လာမှာလဲ”
“ကိုကိုကြီးက စာသင်နေတာလ"
"သားသား စာသင်သလိုလား”
“ဟုတ်တာပေါ့”
“အဲ့ဆို ညနေမှ ပြန်လာမှာပေါ့”
“အေးပေါ့ကွ”
“မုန့်ပါလာမှာလား”
အိမ်တွင် အလင်းဇက်လေးမေးသမျှ ခက်ထန်ပျိုတစ်ယောက် ဖြေနေရ၏။ ခက်ထန်သွားသည့်နောက်ကိုလည်း တစ်ကောက်ကောက်လိုက်နေသည်။ ဖေ့ကိုသားသား ကူလုပ်မယ်ဟုဆိုကာ ကူလုပ်တာနည်းနည်း သူမေးတာဖြေရတာ များများဖြစ်နေ၏။ သားကြီး သင်တန်းသွားချိန်အထိ မနိုးသေးတာကြောင့် သူ့မှာဘယ်အချိန်နိုးမလဲ စောင့်ကြည့်နေရသေးသည်။ သားကြီးအခန်းထဲကထွက်လာကာ သူတို့အခန်းကိုဖွင့်ဝင်သည်။ သူ့မြင်သည်နှင့် ဖေ့ ကိုကိုကြီးကိုမတွေ့ဘူး ဘယ်မှာလဲ စသည်ဖြင့်တောက်လျှောက်မေးနေတာဖြစ်သည်။ ခက်ထန်မှာ အလင်းဇက်အား မျက်နှာသစ်သွားတိုက်အကုန်လုပ်ပေကာ အဝတ်ပါလဲပေးရသေးသည်။ တခြားစိတ်ဝင်စားမည့်အရာပြလိုက်လဲ ခဏပင်။ ကိုကိုကြီး ဘယ်တော့ပြန်လာမှာလဲ ကိုပဲမေးနေတာဖြစ်၏။
“ဘယ်သူရောက်လာလဲ မသိဘူး သားပေါက်ရေ၊ အိမ်ရှေ့မှာ ကားသံကြားတယ်”
ကားသံကြားသည်နှင့်ခေါင်းထောင်ကာ အလင်းဇက်သည် အိမ်ရှေ့ပေးထွက်သွား၏။ ကိုကိုကြီးပြန်လာတာလား သူသိချင်နေပြီလေ။ သို့ပေမယ့် ကိုကိုမဟုတ်ပဲ ပါးပါးဖြစ်နေသည်။ အလင်းဇက် နှုတ်ခမ်းအားစူကာ ချာကနဲလှည့်ကာ အိမ်ထဲပြန်ဝင်ပြေးသွား၏။
“ဟားဟား”
ရှိုင်းသည် သားကိုကြည့်ကာ ရယ်မိလိုက်သည်။ မိုင်းဇက် အိမ်ထဲလိုက်ဝင်ကာ လူဆိုးပေါက်စနောက်လိုက်ရ၏။
“ကိုကိုကြီးလား သားပေါက်”
“မဟုတ်ဘူး”
ČTEŠ
Love is everything (Complete) Uni & Zawgyi
FantasyStating ...... 1 September 2022 End - 10 November 2022 13th creating S2 of ခက်ထန်ပျို Picture from Pinterest (Crd. org upload)