Part 3

9.2K 550 6
                                    

Unicode

"မိုင်းဇက် ဘာဖြစ်နေတာလဲ"

"ဘာဖြစ်လို့လဲ"

"လာဒီကို"

ရှိုင်းသည်အလုပ်စားပွဲမှ မိုင်းဇက်လက်အားဆွဲယူလိုက်ပြီး ဆုံလည်ထိုင်ခုံကိုလှည့်ကာ သူ့အပေါ်မှာထိုင်စေသည်။ ပေါင်ပေါ်မိုင်းဇက်ရောက်လာသည်နှင့်ခါးကိုဖက်ကာခေါင်းကိုစောင်းပြီး မိုင်းဇက်မျက်နှာကိုကြည့်လိုက်၏။ မိုင်းဇက်သည်ဘာမှမပြောပဲ မှိုင်တွေ‌တွေနှင့်။

"ငါ့ဟာလေး ဘာဖြစ်နေလဲ မှန်းကြည့်ရအောင်"

"ဘာ ငါ့ဟာလေးလဲ မင်းနော်"

"ငါ့ဟာလေးမို့လို့ ငါ့ဟာလေးလို့ခေါ်တာလေ ဘာဖြစ်လို့လဲ"

"အလုပ်မပြီးသေးပဲနဲ့လုပ်လေ၊ ငါ ရုပ်ရှင်ကြည့်မလို့"

"ဒီကိုကိုအလုပ်လုပ်နေတာကို ထိုင်ကြည့်နေ"

"ဟွန်း မကြည့်ချင်ပါဘူး ဒါကြီးကနေ့တိုင်းမြင်နေရတာကို"

"ဘာပြောတယ် အေးတွေ့မယ် လာခဲ့"

ရှိုင်းသည် မိုင်းဇက်အားပေါင်ပေါ်တင်ကာဖက်ထားရင်းပင် ဗိုက်ထဲလက်လျိုဝင်ကာ ဗိုက်သားတွေကို ဖျစ်တော့သည်။

"ရှိုင်း..အား!! မလုပ်နဲ့လို့ နာတယ်လို့"

"လုပ်မှာပဲ ဒီယောက်ျားကိုပဲ ပြောနေသူကိုအပြစ်ပေးရမှာ"

"အား!! မပြောတော့ဘူး ယောက်ျားတော်တော့ နာတယ် နာတယ်"

"ပြန်ခေါ်ပါအုန်း ယောက်ျားလို့"

"ယောက်ျား"

အင့်!!

ဘုန်း!!

ရှိုင်းမိုင်းဇက်အားချီလိုက်ပြီး အိပ်ရာပေါ်ကိုပစ်ချကာ အပေါ်မှအုပ်မိုးလိုက်သည်။

"ယောက်ကျားကို ငြုတုတု‌လာခေါ်နေတယ်"

"မင်းခေါ်ခိုင်းတာလေ"

"ယောက်ျားက ပုံမှန်ပဲခေါ်ခိုင်းတာပါ၊ မင်းကိုက လာမြှူဆွယ်နေတာ"

"မမြှူဆွယ်ပါဘူး"

ပြွတ်!

"ရှိုင်း! မင်း.."

"အင်း..ထအဝတ်တွေချွတ်လိုက်"

မိုင်းဇက်မှာ ဘာမှလည်းမလုပ်ရပါပဲ ရှိုင်း၏ခပ်မာမာအရာသူ့ကိုလာထိနေတာကိုသိပြီးအတည်ပြုလိုက်တာဖြစ်သည်။ တကယ်ကိုသူထင်နေသည့်အတိုင်းပင်။ ရှိုင်းတို့က ထိုသို့သေးသေးလေးပင်စလို့မရ။ ရှိုင်းကိုယ်တိုင်သည်လည်းအဖော်အချွတ်တွေမြင်ရင်တောင်ဘာမှမဖြစ်ပဲ မိုင်းဇက်ဆီမှ ဒီလိုအသံလေးကြားရရင် စိတ်ကဝုန်းကနဲဖြစ်ကာ စိတ်ပါလာတော့တာဖြစ်သည်။ အချစ်ကိုအခြေပြုကာ လက်ထပ်ခဲ့တာမဟုတ်ပေမယ့် တစ်ရက်တစ်ရက် ပိုပိုချစ်လာရတာဖြစ်၏။

Love is everything (Complete) Uni & ZawgyiOnde histórias criam vida. Descubra agora