Part 21

9.5K 517 16
                                    

Unicode


တိုင်းနှင့်ခက်ထန်တို့အိမ်တွင် မိသားစုတွေဆုံနေတာဖြစ်ပြီး သားနှစ်ယောက်သည် ဖေဖေတို့နှင့် မာမီရှေ့တွင် ငြိမ်နေကာ သွားစိကာရယ်ပြနေသည်။ သားငယ်အား ခက်ထန်ခြေရောလက်ရော မြှောက်ထားလိုက်၏။ ငယ်သေးလို့ ပေးစားဖို့စကားမဆက်မိသေးတာကို ခိုးပြေးသွားသည့် နှစ်ယောက်အား သူဘာမှမပြောချင်တော့။ လေးလေးသည် သူ့မြေးအား ပြုံးပြုံးကြီးကြည့်နေသည်။

“ငါ့မြေးက အဖေထက်လက်သွက်တာပေါ့”

“ရက်စ် ဖိုးလေး”

“အဟမ်း”

လေးလေးပြောသည်ကို လက်မထောင်ကာ သူ့ကိုယ်သူဂုဏ်ယူနေသည့် သားငယ်အား တိုင်းသည် ချောင်းသံပေးကာ ကြည့်လိုက်သည်။ အားလုံးထဲတွင် ဝန်းယံလေးသည် မျက်လုံးလေးကလည်ကလည်နှင့် သူ့ဒယ်ဒီနှင့်မာမီအား ကြည့်လိုက်၊ သူတို့အား ကြည့်လိုက်၊ သားကြီးကြည့်လိုက်လုပ်ကာ ငြိမ်နေသည်။ လုပ်ချင်ရာလုပ်သွားပြီးမှ ဆူမှာကြောက်နေတာဖြစ်၏။

လူကြီးတွေတိတ်နေပေမယ့် တစ်ယောက်ထဲအလုပ်ရှုပ်နေသူရှိ၏။ အလင်းဇက်သည် ကိုကိုကြီးပေါ်တွင်ထိုင်ကာ ဂျယ်လီအား တစ်ခုပြီးတစ်ခု ဖောက်စားနေသည်။ ဒီလိုအိစိအိစိလေးတွေဝါးရသည်အား သူအရမ်းကြိုက်သည်။ ကိုကိုကြီး ရင်ခွင်ထဲဝင်ကာ သေသေချာချာထိုင်နေတာ မဟုတ်ပဲ ရင်ဘတ်အားမှီပြီး မတ်တပ်ရပ်နေတာဖြစ်၏။ သူသည် အားလုံးဘာဖြစ်နေလဲ နားမလည်ပါ။ ကိုကိုကြီးအားပွတ်သပ်ကာ သူလုပ်ချင်ရာလုပ်မည်။ စားချင်တာစားမည်။

“ကိုကိုကြီး”

ဘေးအားလှည့်ကြည့်ပြီး နောက်ထပ်ဂျယ်လီတစ်ခုဖောက်ခိုင်းရန်လုပ်လိုက်သည်။ မှီကာရပ်နေသည့် အလင်းဇက်သည်လေး အရပ်ရှည်လာပြီး သူ၏ခေါင်းလေးသည် ထိုင်နေသည့်ထန်တိုင်းပျို၏မျက်နှာနှင့်တစ်တန်းထဲဖြစ်နေ၏။ ထန်တိုင်းပျိုသည် ဂျယ်လီဖောက်ခိုင်းနေသည့် အလင်းဇက်လေးပါးအား မွှေးကြူလိုက်ပြီး ဖောက်ပေးလိုက်သည်။ ဖောက်ပြီးသား ဂျယ်လီလက်ထဲရောက်လာသည်နှင့် အလင်းဇက်လေးသည် ကိုကိုကြီးပါးအား ဂျယ်လီပေနေသည့် နှုတ်ခမ်းနှင့်နမ်းလိုက်ကာ ထပ်စားတော့၏။

“ကဲ အဲ့တော့ ဝါလဲကျွတ်ပြီဆိုတော့ ပွဲလုပ်ဖို့ပဲတိုင်ပင်ရတော့မှာပေါ့”

“အင်း လက်ထပ်ပွဲကို ဘယ်လိုလုပ်ချင်လဲ”

“Baby ဘယ်လိုလုပ်ချင်လဲ”

သားငယ် ဝန်းလေးအားခေါ်သည့်နာမ်စားကြားပြီးသည်နှင့် ခက်ထန်သည် မျက်ခုံးပင့်တက်သွားသည်။ Baby ခေါ်ရသည့်အကြောင်းရင်းအား သူတို့သိသည်မဟုတ်လား။ အဲ့တုန်းကတောင် သူတို့ဝိုင်းရယ်မိကြသေးတာဖြစ်၏။

“ကိုကိုက ဘယ်လိုလုပ်ချင်လို့လဲဟင်၊ ဝန်းလေးက မသိဘူးလေ တစ်ခါမှာမှ လက်မထပ်ဖူးတာ”

“ကိုကိုကရော လက်ထပ်ဖူးလို့လား ပြောအုန်း”

“မဆူပါနဲ့ ဝန်းလေး ပြောချင်တာ အဲ့လိုမဟုတ်ဘူး၊ ကိုကိုက အကြီးပဲအဲ့ဒါကိုပြောတာ”

ကလေးနှစ်ယောက်တွင် ဝန်းလေးသည် သားငယ်သဘောအတိုင်းဖြစ်နေသည်။ လက်ထပ်ပွဲလုပ်ဖို့ကိစ္စအား သားငယ်ကိုပဲမေးပြီး လဝန်းတို့နှင့် တိုင်ပင်ဖို့ပဲ စဉ်းစားလိုက်၏။

“ကိုကိုကြီး လက်ထပ်တာကဘာလဲ”

တောက်လျှောက်ငြိမ်နေသည့် အလင်းဇက်လေးသည် လက်ထပ်ပွဲကဘာလဲဟုမေးလာသည်။

“လက်ထပ်ပွဲက ဘာလဲဆိုတော့ အဖေ အမေ၊ အဖေ မတူတဲ့သူစိမ်းလူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ တစ်သက်လုံးအတူတူရှိချင်လို့ လက်ထပ်လိုက်တာလေ”

ထန်တိုင်းပျိုသည် ကလေးနားလည်လွယ်အောင်ပြောပြလိုက်သည်။ ကိုကိုကြီးစကားအား အသေအချာနားထောင်နေသည့် အလင်းဇက်လေးသည် နှုတ်ခမ်းထော်ထော်,ထော်ထော်နှင့်ဂျယ်လီဝါးရင်း စဉ်းစားခေါင်းငြိမ့်လိုက်၏။

“အဲ့ဆို သားသားလဲ ကိုကိုကြီးကိုလက်ထပ်မယ်”

…………..

အားလုံးသည်တိတ်ဆိတ်သွားကာ အကြည့်တို့သည် အလင်းဇက်လေးဆီသို့ရောက်ကုန်ကြသည်။ မိုင်းဇက်သည် သားအားမျက်လုံး အပြူးသားနှင့်ကြည့်လိုက်မိသည်။

ဟားဟား…….

ဧည့်ခန်းထဲရှိ ရှိသမျှလူတိုင်းသည် ရယ်ကြတော့သည်။ ရှိုင်းသည်လည်း သားအားကြည့်ကာ ရယ်လိုက်၏။ မရယ်နိုင်သူသည် မိုင်းဇက်တစ်ယောက်ပဲရှိလိမ့်မည်။ မိုင်းဇက်တွက်ချက်ကြည့်နေမိ၏။ သားနှင့်သားကြီး၏ ကွာမည့်အသက်ကိုဖြစ်ပြီး တွက်ကြည့်ပြီးအဖြေထွက်လာသည်နှင့် မျက်လုံးထပ်ပြူးသွားပြန်သည်။ သူ၏သားလေးသည် အခုအရွယ်ထဲက…။ မဖြစ်သားအား ထိန်းကျောင်းမှဖြစ်အုန်းမည်။ ကလေးက ကလေးလိုမနေပဲ လက်ထပ်ဖို့တွေပြောနေလို့ဖြစ်သည်။

ထန်တိုင်းပျိုသည်လည်း အလင်းဇက်လေးကြည့်ကာ ဘာပြောရမှန်းမသိတော့။

ရွှတ်! ရွှတ်!

ဟိဟိ!

အားလုံးရယ်ကြပေမယ့် အလင်းဇက်လေးသည် မမှုပါ။ ကိုကိုကြီး ပါးအား တရွှတ်ရွှတ်နမ်းရင်း လည်ပင်းအားဖက်ကာ ရမ်းခါနေပြီးရယ်နေသည်။ နောက်ထပ်အံ့ဩနေသူသည် ဝန်းယံဖြစ်ပြီး အလင်းဇက်အား ပါးစပ်လေးအဟောင်းသားနှင့်ကြည့်နေမိသည်။ ဒီကောင်လေးသည် သူ၏ Hero လေးဖြစ်နေပြီလား။ သူလုပ်ချင်ရာကိုလုပ်နေသည့် အငယ်ဆုံး အလင်းဇက်လေးအား သူအားကျပြီးရင် အားကျနေရ၏။

“ကိုကိုကြီး သားသားနဲ့လက်ထပ်မယ်”

“ပေါက်စလေး အဲ့လိုမပြောရဘူးလေ”

ထန်တိုင်းပျို ကလေးအားသွန်သင်ဆုံးမရန်တွေးလိုက်မိသည်။ ကလေးသဘာဝမသိလို့ပြောမိသည်ပဲထားအုန်း ဒီလိုစိတ်စွဲသွားလို့မကောင်း။ သူချစ်ပေးသည့်ချစ်ခြင်းအား ကလေးတစ်မျိုးထင်သွားလို့မဖြစ်။

“အဲ့ဆို ဘယ်လိုပြောရမှာလဲ”

“အဲ့ဒါက လူကြီးဖြစ်ပြီး အရွယ်ရောက်မှ ကိုယ်ချစ်တဲ့သူကိုတွေ့မှာ ပေါက်စလေး အရွယ်ရောက်ပြီး ချစ်တဲ့သူတွေ တွေ့အုန်းမှာ”

“ဟွန် ဟုတ်လား”

“ဟုတ်တာပေါ့”

စဉ်းစားခန်းဖွင့်ကာ ငြိမ်သွားသည့် အလင်းဇက်လေးကြောင့် ထန်တိုင်းပျို သက်သာရာရသွားသည်။

“ရှိုင်းမင်းသားတော့ မလွယ်ဘူးဟေ့”

“ငါ့သားကို ငါလဲမနိုင်ဘူး တစ်နေ့တစ်နေ့ ပြောလိုက်တဲ့စကား၊ လည်ကလည်လိုက်တာပြောမနေနဲ့၊ သူ့စကားကို လိုက်မှီတဲ့သူ အိမ်မှာဘယ်သူမှမရှိဘူး”

တကယ်လဲ အိမ်တွင် စကားအများဆုံးကသားဖြစ်သည်။ သူတို့တစ်ခုခုလုပ်နေလျှင်လဲ ဒါကဘာလဲ၊ ဒယ်ဒီဘာဖြစ်လို့ ဒီလိုလုပ်တာလဲ၊ ပါးပါး ဒါကိုပြန်ပြင်ပေးအုန်း စသည်ဖြင့် သူတို့အနားရတယ်ရယ်မရှိ။ မေးတာလဲစုံပြီး တစ်ခါတစ်လေ သားဘာတွေမေးနေမှန်း ရှိုင်းနှင့်မိုင်းဇက်လဲ မသိပေ။

>>>>>>>>>>>>>>>>>>>>>>>>>

“ကိုကို”

“အင်း"

“အဲ့ဒါဆို ဝန်းလေးတို့က ဒင်နာပဲလုပ်တော့မှာလား”

“အင်း ဘာဖြစ်လို့လဲ ဝန်းလေး ဘာလုပ်ချင်လို့လဲ”

“မဟုတ်ဘူးလေ မေးကြည့်တာ”

“လာပါအုန်း ကိုကို့ဆီ”

ဝန်းယံလေးသည် ကိုကိုနှင့်အတူလိုက်နေတာဖြစ်ပြီး သူတို့မင်္ဂလာပွဲအတွက် နောက်ဆုံးသဘောတူညီမှုကိုမေးနေတာဖြစ်သည်။ လာအုန်းဆိုတော့လဲ ကိုကိုစကားနာခံကာ ကိုကိုဘေးဝင်ထိုင်လိုက်သည်။ ကိုကိုသည် သူ့အားဆွဲယူပြီး ပေါင်ပေါ်ထိုင်ခိုင်း၏။

“အတွင်းခံက ဘာဖြစ်လို့ဝတ်ထားတာလဲ”

“ဘာလို့လဲ ဝတ်နေကျလေ”

“အခုမဝတ်တော့နဲ့လေ”

“ဘာဖြစ်လို့လဲ”

“ရှုပ်တယ်လေ ပြီးရင်လဲပြန်ချွတ်ရမှာ၊ အထပ်ထပ်ချွတ်နေရတာပေါ့”

“ကိုကို!”

ဒီကိစ္စအား စလိုက်တိုင်းမျက်နှာတွေရဲလာသည့် ဝန်းလေးသည် ချစ်ဖို့ကောင်းသည်။ အိမ်ထောင်သည်လေးဖြစ်သွားပေမယ့် ဝန်းလေးသည် ကလေးလိုပင်ရှက်တုန်းဖြစ်၏။

“ဘာကိုရှက်နေတာလဲ ဘေဘီလေးက”

စကားဆက်မပြောပဲ ရေငုံနှုတ်ပိတ်လေးလုပ်နေသည့် ဝန်းလေသည် တကယ်ကိုအသည်းယားဖွယ်ကောင်းသည်။

“အာ့! ကိုကို လိုက်မကိုက်နဲ့”

အသည်းယားလွန်း၍ နှာခေါင်းထိပ်အား ကိုက်ဆွဲလိုက်၏။

“မကိုက်စေချင်ရင် အသည်းယားအောင်မလုပ်နဲ့လေ”

“ကိုကိုက ဘယ်လိုမျိုးကို အသည်းယားတာလဲ”

“ဝန်းလေးလုပ်နေတဲ့ပုံစံအတိုင်းကို အသည်းယားတယ်”

“ဟွန့် အဲ့ဒါဆို ကိုကိုအသည်းယားအောင် တကူးတက လုပ်စရာမလိုဘူးပဲ အကုန်လုံးကိုအသည်းယားနေတော့လေ”

မကိုက်နဲ့လေလို့ပြောသည့်ကောင်လေးသည် သူအသည်းယားတာကိုလည်း လိုချင်နေတာဖြစ်ကြောင်း တိုင်းဝဠာပျိုသိလိုက်သည်။

“ဟီးဟီး ကိုကို ယားတယ်၊ အား…မလုပ်တော့နဲ့ ယားတယ် ကိုကို!!”

သူ တကယ်ပဲ ကိုကို ကိုက်ကာမှကိုက်ရော ကိုကိုအသည်းယားပြီး သူ့အပေါ်အဲ့လိုအပြုအမူလေးတွေလုပ်တာကို သဘောကျပါသည်။ သူပြောလိုက်သည့် နောက်ဆက်တွဲစကားကြောင့် ကိုကို့၏ ကလူကျီစယ်မှုအောက်တွင် တွန့်လိမ်နေအောင်ဖြစ်နေ၏။ အခန်းထဲရှိ ကလေးနှစ်ယောက်သည် အချစ်ကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲများကို ဆက်လက်လုပ်ဆောင်နေလေသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဒင်နာအတွက် ဝတ်စုံအားသွားကြည့်သည့်အခါတွင်လဲ ဝတ်ကြည့်သမျှအားလုံးသည် အသားဖြူဖြူလေးဖြစ်နေသည့်ဝန်းလေးနှင့်လိုက်ဖက်နေ၏။ ယခုအခါတွင်တော့ ဝန်းလေး၏ပုံတိုင်းသည် တိုင်းဝဠာပျို၏ ig account တွင် နေ့စဉ်လိုလိုနေရာယူနေတော့သည်။ အိပ်ပျော်နေလျှင်လဲ အိပ်ပျော်နေသည့်ပုံ ဖြစ်ပြီး အသည်းယားလွန်း၍ ခိုးရိုက်ထားသည့်ပုံများသည် တောက်လျှောက်တက်လာတာဖြစ်၏။ ဒါကိုကြည့်ကာ အံ့ဩပြီးစိတ်တို့ဆောက်တည်ရာမရဖြစ်နေသည်က မိုးမြင့်စံဖြစ်သည်။

ဒီနှစ်ယောက်ဒီလိုချက်ချင်းကြီး လက်ထပ်လိုက်လိမ့်မလို့ သူထင်ခဲ့တာမဟုတ်။ ‘ငါ့အစာလေး’ လို့တင်ခဲ့တုန်း သူတို့နှစ်ယောက်ချစ်နေကြမှန်းခန့်မှန်းမိပေမယ့် နောက်ဆက်တွဲပုံတွေကြောင့် သူတို့နှစ်ယောက် ယူလိုက်ပြီဆိုတာကိုသိလိုက်ရတာဖြစ်သည်။ စောင့်ပုံထဲတွင် လက်တစ်ဖက်အား ခေါင်းအုန်းကာ အိပ်နေသည့်ဝန်းယံ၏ ပေါ်နေသည့်လည်ပင်းတို့တွင် အညိုကွက်တွေဖြစ်နေပြီး သူတို့အားလုံးသိလိုက်ကြတာဖြစ်၏။ ခေါင်းအုန်းခံထားသည့် လက်ပိုင်ရှင်သည် ပြေးကြည့်စရာမလိုအောင် တိုင်းလက်မှန်း သူသိလိုက်သည်။ ချက်ချင်းလက်ထပ်ရလောက်သည့်အထိတောင်ဘာကဘယ်လိုဖြစ်သွားလဲမသိပဲ သူလက်လျော့လိုက်ရတော့မှာလားဆိုသည့် အတွေးတို့ဝင်ရောက်လာ၏။

“ကိုကို ဒါပဲယူရအောင်လေ”

ဒင်နာအတွက် ဝတ်စုံလာဝတ်ကြည့်နေတာဖြစ်ပြီး ဝတ်ပြီးသည့်ဝတ်စုံတွေအား ရှေ့တွင်ချကာကြည့်နေသည့် ကိုကို့အား ဝန်းလေးနောက်ဆုံး ဝတ်သည့်ဝတ်စုံအား ယူရန်ပြောနေရတာဖြစ်သည်။ ဝတ်စုံ ဝတ်ကြည့်နေရသည်က တော်တော်များနေပြီး ကိုကိုသည် ဒါလဲမဟုတ် ဟိုဟာလဲ မဟုတ်နှင့် ဘာယူမှန်းကိုမသိ။

“နေအုန်း ကိုကိုကြည့်နေတယ် လာကိုကို့ဘေးမှာ လာထိုင်”

တိုင်းသည်လည်း ဝတ်စုံအားစိတ်တိုင်းမကျ၍ ရွေးနေတာမဟုတ်။ ဒါတွေအားလုံးသည် တခြားနိုင်ငံမှ ဖေဖေမှာပေးထားသည့် ဝတ်စုံတွေဖြစ်သည်။ ဝတ်လိုက်သည့်ဝတ်စုံတိုင်းသည် အသားဖြူသည့်ဝန်းလေးနှင့်လိုက်ဖက်နေသည်ကြောင့်ဖြစ်၏။

“ဝန်းလေးဖို့ ဒီအဖြူယူမယ်”

ဝန်းလေး သက်ပြင်းခိုးချလိုက်သည်။ နောက်ဆုံးသူ့အတွက်ရွေးပြီးသွားသည်ကြောင့်ဖြစ်၏။ ကိုကိုစိတ်တိုင်းမကျပဲ ထပ်ဝတ်ခိုင်းလျှင်လည်း သူငြင်းနိုင်မှာမဟုတ်ပဲ ထပ်ဝတ်ပေးအုန်းမှာဖြစ်သည်။ သို့ပေမယ့် သူပင်ပန်းနေပြီဖြစ်၏။

“ဝန်းလေးက အဖြူဆိုတော့ ကိုကိုကဘာယူမှာလဲ”

“ကိုကိုက အနက်နဲ့နက်ပြာထဲက ကြည့်နေတာ၊ ဝန်းလေးရွေးပေး”

“ဟင်! ကိုကိုကြိုက်တာယူလေ”

သူ မရွေးလို့မဟုတ်ပါ။ သူရွေးလိုက်၍ ကိုကိုမကြိုက်မှာရယ်၊ မလိုက်ဖက်မှာရယ်ကို စိုးရိမ်နေတာဖြစ်သည်။

“ကိုယ့်ယောက်ျားအတွက်ပဲ ကိုယ်ရွေးပေးရမှာပေါ့ ပြွတ်!”

“ကိုကို!”

ကိုကိုသည်ဘာမှန်းမသိပါ။ လူကြားထဲ လိုက်ဖက်ပြီးနမ်းလို့နမ်းနှင့်။ ကိုကိုနမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ဘက် မျက်လုံးဝှေ့ကြည့်လိုက်သည့်အခါ သူတို့အားဝတ်စုံပြပေးနေသည့် ဝန်ထမ်းလေးများသည့် ပြုံးစိစိနှင့်ဖြစ်နေသည်။ ကိုကိုသည် အရှက်မရှိ။

“အနက်ပဲယူတော့ ကိုကို၊ ပြီးရင် အပေါ်မှာ ဖေဖေပြောထားတဲ့အတိုင်း စိန်ပွင့်တပ်အုန်းမှာမလား”

“အိုကေ ဝန်းလေး ရွေးပေးတာပဲ ယူလိုက်တော့မယ်”

အနက်နှင့်အဖြူဝတ်စုံအား ရွေးပြီးသည်နှင့် ဖေဖေပေးလိုက်သည့် စိန်ပွင့်များထည့်ထားသည့် ဗူးလေးအား တာဝန်ရှိသူကို ပေးခဲ့လိုက်သည်။ စိန်ပွင့်လေးများအား ရင်ထိုးနေရာတွင်သုံးမှာဖြစ်၏။ အပြန်ကားပေါ်တွင် ဝန်းလေးသည်ကိုကို့ဖုန်းအား ယူကာလျှောက်ကြည့်နေလိုက်သည်။ အိမ်ထောင်သည်လေးသည် သူ့အားပိုင်ဆိုင်ပြီးသည်နှင့် မသိမသာ သူ့ပစ္စည်းတွေကို ချယ်လှယ်နေသည်အား တိုင်းဝဠာပျိုသိ၏။ အရင်ကဆိုလျှင် ဖုန်းအားယူမည်ဆိုပါက ကိုကိုခဏလောက်ဟုပြောကာ ယူကြည့်မည့်အကြောင်းအရာအား ပြောသေးတာဖြစ်သည်။ သူနှင့်ကိုယ်သည် ယူပြီးပြီဆိုကတည်းက သူ့ပစ္စည်းတွေအား ယူသုံးသည့်အခါတွင် မပြောတော့။ တိုင်းသည်လည်း လွှတ်ပေးထားတာဖြစ်၏။ ဝန်းလေး ဘာကိုဝင်ကြည့်နေလဲ သူသိသည်။ ဝန်းလေး နားရွက်တွေနီလာပြီမဟုတ်လား။

ဝန်းလေးကိုယ်တိုင်လည်း နားရွက်များနီလာပြီး အသားတွေပူလာသည်ဟု ခံစားလိုက်ရသည်။ ဗီလာရောက်နေသည့်ပုံမှအစ ကိုကိုသည် အိပ်ရာပေါ်တွင် ကိုကို့လက်အား ခေါင်းအုန်းကာ သူအိပ်နေသည့်ပုံမှအဆုံး အားလုံးတင်ထားတာကိုတွေ့လိုက်ရ၏။ ကိုကိုဒီလောက်အထိ တင်ထားမည်ဟု သူထင်ခဲ့တာမဟုတ်။

“card တွေတော့ရလာပြီ အနည်းအကျဉ်းပဲဖိတ်မှာဆိုတော့ တစ်ရက်ထဲနဲ့ဖိတ်လို့ပြီးပါတယ်”

ဒင်နာအတွက် ဖိတ်စာကဒ်လေးတွေရလာပြီး အနက်ပေါ်တွင် ရွှေရောင်မှိန်မှိန်လေးနှင့် သူတို့နာမည်တွေအားရေးထားဖြစ်သည်။ ဖေဖေနှင့်မေမေတို့ နာမည်ပဲပါပြီး ကုမ္ပဏီနာမည်တွေမထည့်ပဲ ရိုးရိုးရှင်းရှင်းနှင့်ဂန္တဝင်ဆန်သည်။

“ကြိုက်လား”

“ဟုတ်”

ဇွဲယံအရှေ့ရှိ သားအားကြည့်မိသည်။ သားတောင်အရွယ်ရောက်ပြီး အိမ်ထောင်ကျသွားပြီဖြစ်သည်။ သားနှင့်သမီးအား ကလေးလိုမြင်နေသည့် မိဘထဲတွင်သူပါလိမ့်မည်ဖြစ်သည်။

“သား"

“ဗျာ”

“လာပါအုန်း ဒယ်ဒီ့ဆီ”

သားသည်သူ့ဘေးဝင်ထိုင်ကာ သူ့ခါးကိုဖက်ပြီးချွဲသည်။ ဒီလိုချွဲတတ်သည့် ကလေးသည် အိမ်ထောင်ကျသွားပြီတဲ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် တခြားသူလဲမဟုတ်ပဲ ဆရာ့သားနှင့်ဆိုသည့်ကြောင့် သူတို့စိတ်ချရပြီမဟုတ်လား။

“ဒယ်ဒီ ဝမ်းနည်းနေလား”

“ဝမ်းနည်းပါဘူးဗျာ၊ ဒယ်ဒီက ဒယ်ဒီသား အရွယ်ရောက်လာတာ ဒီအထိလို့မထင်ထားပဲ ကလေးလို့မြင်တုန်းလေ”

“ဒယ်ဒီကလဲ”

ဝန်းယံ ဒယ်ဒီ့အား ကပ်ချွဲလိုက်သည်။ ဒယ်ဒီသည် သူတို့မောင်နှမနှစ်ယောက်အားချစ်ပေမယ့် အရမ်းကြီးထုတ်မပြတတ်။ တစ်ခါတစ်လေ သူတို့ဘာလိုလဲမမေးပဲ လိုအပ်တာတွေ ဝယ်ပေးထားတတ်၏။

“ကိုကို့အပေါ် အရမ်းစိတ်မကောက်နဲ့အုန်းနော်”

“ဟီးဟီး အဲ့ဒါက သူ့ပါသူကောက်သွားတာ ဒယ်ဒီရဲ့”

ဇွဲယံသားခေါင်းလေးအား ပွတ်လိုက်သည်။ သားလေးသည် ခိုင်းနှိုင်းရမည်ဆိုလျှင် ပျော့ပျော့နှင့်နံသည့် ကြောင်ချေးလေးဖြစ်၏။ တိုင်းဝဠာပျိုလေးအား မိန်းကလေးတစ်ယောက်နှင့်တွဲတွေ့လိုက်လျှင် စိတ်ကောက်ဖို့ကိုအရင်တွေးတာဖြစ်သည်။ တွဲတွေ့ရသည့် မိန်းကလေးနှင့် ပတ်သက်မှုသည် ရိုးရိုးလား ဆန်းဆန်းလား သူ မစဉ်းစား။ သူစဉ်းစားသည်က စိတ်အရင်ကောက်မည်။ ပြီးလျှင် သူကျေနပ်အောင် ချော့ရမည်။ တိုင်းဝဠာပျိုလေးသည်လည်း ဒီလိုအဆင့်ဆင့်ကိုဖြတ်ကျော်ရ၏။ ယခု ရုတ်တရက်ခိုးပြေးသွားသည့် ကိစ္စသည်လည်း ထိုအကြောင်းအရာ အနည်းငယ်ပါဝင်မှာသေချာသည်။ နောက်ဆုံးတော့ စိတ်ကောက်လွယ်သည့် သားသည် အိမ်ထောင်သယ်လေးဖြစ်သွား၏။

“ဝန်းလေးကို မိတ်ကပ်တွေမလူးပေးနဲ့နော်”

“သိပါတယ် သားရယ် မာမီတို့သိပါတယ်၊ cleaning တို့ toner တို့ နို့ရည်တို့တော့ လူးပါရစေ”

ဝန်းလေးမျက်နှာအား ကိုင်တွယ်နေသည့် မာမီများအား တိုင်းဝဠာသတိပေးလိုက်သည်။ ဝန်းလေးအား မိတ်ကပ်တွေလိမ်းပေးမှာ သူမကြိုက်။ အနည်းငယ်တောင် ဝန်းလေးမျက်နှာပေါ်အား မိတ်ကပ်တွေသူအတင်ခံမှာမဟုတ်။ အိပ်ခန်းထဲတွင် သူတို့နှစ်ယောက်ဝတ်မည့် ဝတ်စုံတွေအား ချိတ်ထားသလို၊ လက်ပတ်နာရီ ဆင်တူ၊ လက်စွပ်ဆင်တူ တွေအား တင်ပေးထားသည်။

“ကိုကိုကြီး သားသားက ဒါလေးဝတ်ရမှာလား”

“ဟုတ်တယ်လေ၊ သားက မဝတ်ချင်ဘူးလား”

“မဟုတ်ဘူး သားသားက ကိုကိုကြီးလိုဝတ်ချင်တာ ဆင်တူလေ”

“ဟုတ်ပြီကွာ အလင်းဇက်လေး ကြီးလာရင် ကိုကိုကြီးနဲ့ဆင်တူဝတ်မယ် ဟုတ်ပြီလား”

“တကယ်လား”

“တကယ်ပေါ့”

အလင်းဇက်လေးသည် ကိုကိုကြီးအခန်းထဲတွင် လျှောက်ကာမွှေနေသည်။ ဒယ်ဒီနှင့်ပါးပါးနဲ့အတူ မနက်ထဲကရောက်နေတာဖြစ်ပြီး ကိုကိုကြီးအခန်းသည် သူ့အခန်းပင်ဖြစ်ကာ အခန်းထဲတွင် နေ့ခင်းဘက်လည်းအိပ်လိုက်သေးသည်။ သူ့အတွက် ကိုကိုကြီးဝယ်ပေးထားသည့် suit ကိုလည်း ကြည့်ကာ complain တက်သေးတာဖြစ်၏။

“သားသား ရေချိုးမယ်လာ"

“သားသားပါသားသား ချိုးမှာ”

“ဟင်! ဘာဖြစ်လို့လဲ”

“သားသားလူကြီးဖြစ်နေပြီ”

“ဟားဟား ဟုတ်ပြီကွာ၊ အဲ့ဒါဆို ကိုကို ကန်ထဲဆပ်ပြာစပ်ပေးထားမယ်”

“ဟုတ်”

တကယ်ပါ အသက် ၇ နှစ်ကျော် ၈နှစ်သည် သူ့ကိုယ်သူလူကြီးဖြစ်နေပြီတဲ့လေ။ ထန်တိုင်းပျို ကလေးအတွက် ဆပ်ပြာစပ်ပေးလိုက်ပြီး ခေါ်လိုက်သည်နှင့် အလင်းဇက်လေးသည် ရောက်လာကာ

“ကိုကိုကြီး အပြင်ထွက်လေ”

“အေးပါကွာ၊ ကလေးက လူကြီးဖြစ်နေတာမေ့နေလို့”

“အခု သိပြီနော်၊ သားသားက လူကြီးဖြစ်နေပြီ၊ အပြင်မှာစောင့်ပါ”

“ဟုတ်ကဲ့ပါခင်မျာ”

ဒင်နာသည် သူငယ်ချင်းများကိုလည်းမဖိတ်ပဲ လူကြီးပိုင်းများနှင့်သာ ကျင်းပကြသည်။ ရောက်လာကြသည့် သူငယ်ချင်းများသည် စီးပွားရေးအရ ဆက်စပ်မှုရှိသည့် အဖေတွေနှင့်လိုက်လာကြတာဖြစ်သည်။ အဖြူနှင့်ဝန်းလေးသည်လည်း ဥနေအောင် ချစ်ဖို့ကောင်းသလို အနက်နှင့်တိုင်းဝဠာပျိုသည်လည်း sexy ဆန်ဆန်ကြည့်လိုက်ကောင်း၏။ ရင်ကပ်ပန်းနေရာတွင် စိန်တစ်လုံးပဲထည့်ထားပြီး အရေးအသွေးကောင်းသည်ကြောင့် တဖြတ်ဖြတ်နှင့်ဖြစ်နေသည်။

ကိုယ့်လက်မှလွတ်သွားသည့် တိုင်းဝဠာပျိုအား မိုးမြင့်စံကြည့်နေပြီး မိုးမြင့်စံတောက်လျှောက်ကြည့်နေသည်ကို ဝန်းလေးသည် မြင်နေရ၏။ ကိုကိုနှင့်သူ၏ မင်္ဂလာဒင်နာမှန်းသိလျှက်နှင့် မိုးမြင့်စံသည် ဘာကြောင့်များ သည်လောက်ကြည့်နေသည်လဲ။

“ကိုကို”

“အင်း လာဒီကို ပင်ပန်းနေပြီလား”

“ကိုကိုနမ်းလိုက်ရင် ပင်ပန်းတာပျောက်သွားမယ်ထင်တယ်”

“ဟားဟား”

လူကြီးတွေသည် အချင်းချင်းစကားပြောကာဧည့်ခံနေရပြီး တိုင်းဝဠာပျိုသည် ဝန်းလေးအားခေါ်သွားကာ ထောင့်ဝိုင်းတွင်သွားထိုင်၍ နမ်းလိုက်၏။ ဒါကိုအားလုံးမြင်နေရသည့် မိုးမြင့်စံ၏အကြည့်တို့သည် နေရာရွေ့သွားပြီဖြစ်သည်။ နမ်းပြီးခွာလိုက်သည့်အချိန် ဝန်းယံ မိုးမြင့်စံဘက်လှည့်ကြည့်လိုက်သည်။ ယခုတော့ မိုးမြင့်စံသည် သူတို့အားမကြည့်တော့ပေ။ အားလုံးကို သဘောပေါက်သည် တိုင်းဝဠာပျိုသည် ပြုံးကာ ဝန်းလေးအားကြည့်လိုက်၏။ ဝန်းလေးသည် သူ့အား သဝန်တိုနေတာဖြစ်သည်။

“ကျေနပ်သွားပြီလား”

“ဘာကိုလဲ”

“မိုးမြင့်စံ မြင်အောင်နမ်းပြလိုက်လို့လေ”

ကိုကိုသည် ဘယ်လိုသိသွားတာလဲ သူမစဉ်းစားတတ်။

“ကိုကိုက မင်းအပိုင်ပါ၊ မင်းကလွဲပြီး ကိုကို့ဆီမှာ ဘယ်သူမှမရှိဘူး၊ အဲ့ဒါကြောင့် ဝန်းလေးက ဘာမှစိုးရိမ်စရာမလိုဘူး ကိုကိုပြောတာသဘောပေါက်လား”

“ဟုတ်”

“လိမ္မာတယ် ညကျမှ ဆုချမယ်”

“ကိုကို!”

“ဟားဟား လာ ဖေဖေတို့ဆီသွားရအောင်”

မင်္ဂလာ ဒင်နာပွဲသည် အောင်မြင်စွာပြီးဆုံးသွား၏။ ဒင်နာပြီးသည်နှင့် သူတို့အားလုံးလဲ မပြန်ကြတော့ပဲ တိုင်းဦးစက်မုန်နှင့်ခက်ထန်ပျိုတို့အိမ်တွင် အိပ်လိုက်သည်။ အားလုံးသည် သူ့အခန်းသူအိပ်ကြပေမယ့် အလင်းဇက်သည် ခပ်တည်တည်နှင့် ကိုကိုကြီးအခန်းထဲ ဝင်သွားကာ ကိုကိုကြီးဗီဒိုထဲမှ ကိုကိုကြီးဝယ်ပေးထားသည့် ညဝတ်အင်္ကျီလဲကာ ကိုကိုကြီးအိပ်ရာပေါ်တက်ကာ အိပ်လိုက်၏။ သည်အိပ်ရာသည် သူသိတတ်သည့်အချိန်ကထဲက သူ့အိပ်ရာပင်။

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now