Part 37

8.7K 467 8
                                    

Unicode

ဝန်းလေး အစောကြီးနိုးကာ ကိုကိုနိုးမယ့်အချိန်အထိစောင့်နေလိုက်သည်။ ကိုကိုသည် ညက သူ့အားအော်ငေါက်ကာ ဆူပြီးဒေါသထွက်နေပေမယ့် တစ်ခါပဲဆူလိုက်တာမလား။ သို့ပေမယ့် သူ့ကိုအရင်အိပ်ခိုင်းကာ ဘယ်အချိန်ကိုကိုလာအိပ်လည်း သူမသိခဲ့။ သူရေအရင်ချိုးကာ ကိုကို့အတွက်ပါ အဝတ်တွေထုတ်ပေးထားလိုက်သည်။

“ကိုကို”

…….

ကိုကို့ကိုသွားထိကာ လှုပ်နှိုးချင်ပေမယ့် ညကအရှိန်နဲ့အော်လိုက်မှာကြောက်တာကြောင့် သွားမလှုပ်ရဲ။

“ကိုကို”

ဘေးနားမှ တိုးတိုး,တိုးတိုးနှင့်ခေါ်နေသံကြောင်း တိုင်းဝဠာပျို နိုးလာပြီး ဘေးကိုလှည့်ကြည့်လိုက်၏။ ဘေးနားတွင် ငုတ်တုတ်လာထိုင်ကာ မျက်နှာငယ်လေးနဲ့လာခေါ်နေတဲ့ ဝန်းလေး။

“ဟို ၈ နာရီထိုးနေပြီ ကိုကို”

တိုင်းဝဠာပျို နာရီတစ်ချက်ကြည့်ကာ အိပ်ရာထပြီး ရေချိုးခန်းဝင်လိုက်သည်။ သွားတိုက်ဆေးပါထည့်ကာ အဆင်သင့်လုပ်ထားတာကြည့်ကာ တိုင်းဝဠာပျိုရယ်ချင်သွားသည်။ အပြင်ရောက်တော့လဲ အဝတ်လေးကိုင်ကာ သူ့နောက်လျှောက်လိုက်၏။

“ဘာလုပ်နေတာလဲ”

“ကိုကို ဘာလိုလဲလို့ ကြည့်နေတာလေ”

“မလိုဘူး သွားထိုင်နေ မျက်စိကိုရှုပ်နေတာပဲ”

“ဟင့်! အဲ့လိုမပြောပါနဲ့”

ငိုမဲ့မဲ့နဲ့သူ့အနားလာကာ ဖက်ပြန်သည်။

“ဝန်းလေး ကိုကို့စကားပဲနားထောင်တော့မှာ၊ ဝန်းလေးကို မဆူပါနဲ့နော်၊ ဝန်းလေးမှားပါတယ်နော်”

“ဖယ်အုန်း”

“ဟင့်အင်း”

“ဝန်းယံ ငါဆိုင်သွားကြည့်ရအုန်းမယ်၊ မင်းဒီလိုတွယ်ကပ်နေရင် ငါအလုပ်ဘယ်လိုလုပ်မလဲ”

“ဝန်းလေးပါ လိုက်ခဲ့မယ်”

“သဘောပဲ ဟိုကျမှ ကဂျီကကြောင်မကျနဲ့”

“မကျဘူး ကိုကိုနဲ့လိုက်ခဲ့မယ်နော်"

လှစ်ကနဲ အဝတ်လဲခန်းထဲပြေးဝင်သွားကာ အဝတ်သွားလဲနေ၏။ ဒီကောင်လေး ထပ်မဆိုးရဲအောင် မှတ်လောက်သားလောက်အောင် ပညာပေးမှဖြစ်မည်။ ကားပေါ်မှာလဲ သူ့ဘက်ကစကားမပြောတော့ ဝန်းလေးသည် အရင်လိုစကားသံထွက်မလာပဲ သူ့ကိုပဲ လှည့်ကြည့်လှည့်ကြည့်လုပ်နေတာကို မျက်လုံးထောင့်က မြင်နေရ၏။

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now