Part 16

8.3K 498 7
                                    

Zawgyi

ခရီးသွားဖို့ကိစ္စအတွက် သူတို့အားလုံး ပုဂံကိုပဲရွေးလိုက်ပြီး ရက်ရွေးကာ အလုပ်တွေအားလုံးဖြတ်နေပြီဖြစ်သည်။ စက်မုန်မှာအလုပ်တွေပြီးအောင် ဖြတ်နေရပေမယ့် အိမ်တွင်ကျန်ခဲ့သည့် သားအဖသုံးယောက်သည် ခရီးထွက်ဖို့အတွက်ဟုဆိုကာ တစ်နေ့တစ်နေ့ shopping ထွက်နေတာဖြစ်သည်။ Shopping ထွက်တာ သားအဖသုံးယောက်ဖြစ်ပေမယ့် အပိုနှစ်ယောက်ပါသည်။ အငယ်သည် couple ဝတ်ရန်ဟုဆိုကာ တစ်အိမ်သားလုံးအတွက် ဆင်တူတွေဝယ်သည်။ သားကြီးတွင် ပေါက်စလေးအတွက်ဟုဆိုကာ စတိုင်ထုတ်မည့်အဝတ်အစားမှ နွေးနွေးဖြစ်စေမည့်အဝတ်အစားမှအဆုံးပါသည်။ သားကြီးတင်မဟုတ် သားငယ်တွင်လည်း ဝန်းလေးအတွက်ဟုဆိုကာ ပါသေးတာဖြစ်သည်။

“ကဲ ပုဂံကို shopping mall ရွှေ့ကြမလား၊ မသွားမချင်း ဝယ်လို့ပြီးမှာမဟုတ်တော့ဘူး”

“ဒယ်ဒီကလဲ”

ခက်ထန်လဲ သားတို့ကိုလွှတ်ပေးထားတာဖြစ်သည်။  

“ဖိုးလေးကလဲ လိုက်ခဲ့ပါဆို”

“ဖိုးလေးက ခရီးရှည်တွေမလိုက်တော့ဘူး သားကြီးရယ် ဖိုးလေးအတွက်ပါပိုလည်ခဲ့ဟုတ်ပြီလား”

သားကြီးသည် သူ့ဖိုးဖိုးအား ကပ်ခေါ်နေတာဖြစ်ပြီး လေးလေးသည်အသက်အရွယ်ကြီးလာသည်နှင့် အိမ်ထဲပတ်ကာ လမ်းလျှောက်တာလောက်ပဲ လုပ်ပြီး အပြင်ထွက်လေ့မရှိတော့။ လေးလေးအတွက် သူတို့ family doctor ကိုတော့ အကြောင်းကြားပေးထား၏။ သူတို့သွားလျှင် ယောက္ခမကြီးနှစ်ယောက်လဲ လေးလေးအဖော်ရှိအောင် လာနေမည်ဟုဆိုသည်။  

“ကျွန်တော်တို့လမ်းမှာနားအုန်းမှာမလား”

“နားရမှာ မနားလို့မရဘူး၊ ဆိုင်ကယ်နဲ့ကိုယ်စိတ်မချတာကိုနော် မရရအောင် သွားသေးတယ်”

“သားငယ်က အရမ်းမောင်းချင်နေတာလေ တိုင်းရယ်၊ ဒါပြီးရင် သူမောင်းဖို့အချိန်မရှိတော့ဘူးလေ ကောလိပ်သွားရတော့မှာကို”

“ဆင်ခြေတွေကြီးပဲ”

“ရွှတ်! ရွှတ်! ဆင်ခြေမဟုတ်ပါဘူး”

“ကိုယ့်ကိုစိတ်မထိန်းနိုင်အောင် လာမလုပ်နဲ့ ကိုယ်စိတ်မထိန်းနိုင်ရင် မနက်အငယ်အဆင်ပြေမှာမဟုတ်ဘူး”

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now