Unicode
နှစ်ဖက်မိဘအသိုင်းအဝိုင်းနှင့်ပင် လက်မှတ်ထိုးပွဲကျင်းပဖို့တိုင်ပင်ပြီးသည်နှင့် ရှေ့နေအားဖိတ်ကြားထားလိုက်၏။ အိမ်ခြံဝန်းထဲမှာပဲ နေရာထိုင်ခင်းလုပ်ကာ လက်မှတ်ထိုးမှာဖြစ်ပြီး နေရာထိုင်ခင်းအတွက် အပြင်မှ ဝန်ဆောင်မှုကိုခေါ်ယူကာ ပြင်ခိုင်းမှာဖြစ်သည်။ မိသားစုသုံးစုပဲ တက်ရောက်မည့်ပွဲဖြစ်၏။
“ပါးပါး”
“အင်း”
“ကိုကိုကြီးက သားသားဆီ ဘာလို့မလာတာလဲ”
“အလုပ်လုပ်နေတာလေ၊ ဟိုက အားတာမဟုတ်ဘူး”
“ကိုကိုကြီးမအားရင် သားသားက ကိုကိုကြီးဆီသွားလို့ရတာပဲလေ”
“အလင်းဇက် ငါလက်မှတ်မထိုးခင်အထိ မတွေ့ရဘူးပြောထားတယ်နော်”
“အသဲနှလုံးမရှိတဲ့သူ…..ပါးပါးက အသဲနှလုံးမရှိတဲ့သူ……”
မိုင်းဇက် စိတ်ဆိုးရမလား ရယ်ရမလား မသိတော့ပေ။ သားသားသည် သီချင်းလိုလို ဆိုပြီး အခန်းထဲပြန်ဝင်သွား၏။ အပြင်လဲမထွက်ခိုင်းပဲ တွေ့လဲမတွေ့ရဘူးပြောထားသည်ကြောင့် ခြေငြိမ်နေတာဖြစ်သည်။
အိပ်ခန်းထဲပြန်ဝင်သွားသည့်အလင်းဇက်သည် မွေ့ယာထဲတွင်ဝင်ကာခွေခေါက်နေ၏။ ပါးပါးသည် လက်မှတ်မထိုးရသေးခင်အထိ အိမ်တွင်နေရမည်ဟု သတ်မှတ်ထားပြီး ကိုကိုကြီးနှင့် တွေ့လဲမတွေ့ရပေ။
“ပါးပါး ဖုန်းလေး သနားပါ”
သူ့ရှေ့တွင် မျက်နှာငယ်နှင့် လက်နှစ်ဖက်ဖြန်ကာ ဖုန်းလာတောင်းနေသည့်သားသားအား ကြည့်လိုက်ပြီး မိုင်းဇက် သက်ပြင်းအရှည်ကြီးချလိုက်၏။ ဟိုတယ်မှပြန်ရောက်သည့်ညကထဲက ဖုန်းကိုသိမ်းထားတာဖြစ်သည်။
“ခန္ဓာကိုယ်ကရော အကုန်ကောင်းသွားပြီလား”
“ကောင်းသွားပြီ ကြာနေပြီကို ပါးပါးက မသိတာလဲမဟုတ်ဘူး”
“အလင်းဇက်”
“ဟီးဟီး”
ဒီကောင်လေး မပြောရဲတာမရှိ။ သည်လိုကိစ္စကို ကိုယ့်အဖေကိုပြန်ပြောစရာလား။ အသံနည်းနည်းမာသွားတော့လဲ သွားဖြဲပြီး ရယ်ပြနေသေးသည်။ ဖုန်းထုတ်ပေးလိုက်သည်နှင့် ကဆုန်ပေါက်ကာပြေးထွက်သွား၏။
အထဲရောက်သည်နှင့် ကိုကိုကြီးကို ဖုန်းခေါ်လိုက်သည်။
VOCÊ ESTÁ LENDO
Love is everything (Complete) Uni & Zawgyi
FantasiaStating ...... 1 September 2022 End - 10 November 2022 13th creating S2 of ခက်ထန်ပျို Picture from Pinterest (Crd. org upload)