Part 9

8.3K 501 9
                                    

Unicode

“ကိုကို ဝန်းလေး အခုထိလဲ ကျောင်းမလာသေးဘူး”

“နေအုန်း ကိုကိုဖုန်းဆက်ပေးမယ်”

ထန်တိုင်းပျို တီလေးဆီဖုန်းခေါ်လိုက်ပြီး အခြေအနေမေးလိုက်၏။

“နေမကောင်းလို့တဲ့ ခွင့်တိုင်ပြီးပြီပြောတယ်”

“အဲ့ကောင်လေးက အဲ့လိုပဲ”

“ညက အများကြီးငိုနေမှာပေါ့၊ ညနေကျ သွားချော့လိုက်အုန်း”

“မချော့ဘူး ဆူပစ်အုန်းမယ်”

“ညီညီ”

ညီညီသည်ထိုသို့ပင်။ တိုင်းဝဠာပျို စာသင်ရင်းဘေးမှာထိုင်နေမည့်သူမရှိတာသိသည့်တိုင် လှည့်လှည့်ကြည့်မိနေသည်။ ထမင်းစားချိန်တွင်လဲ ပန်းကန်တွေပိုယူလို့ယူ၊ ဝန်းလေးထမင်းစားမယ် ခေါ်လို့ခေါ်နှင့်။ ထန်တိုင်းပျိုသည် သူ့၏ညီညီအား ကြည့်ကာရယ်ပါတော့သည်။

“ကိုကို မရယ်နဲ့ ညီညီက ယောင်သွားလို့”
“အင်းပါ”

ထန်တိုင်းပျို ရယ်သံစွက်ကာ ပြောလိုက်သည်အား တိုင်းဝဠာပျိုသည် စူပုတ်ကာကြည့်နေတော့သည်။

“ကိုကို!”

“အင်းအင်း မရယ်တော့ဘူး၊ ညနေ ဝန်းလေးဆီသွားရအောင် စားတွေပြန်ကူးပေးရမယ်လေ”

“ပြီးရော”

သွား သွားချင်တယ်ပေါ့။ မသိရင် စားပြန်ကူးပေးမယ့် သူသွားမည်ကိုလိုက်ရသည့်ပုံဖမ်းနေသည်။ ညနေ ဖေဖေကျောင်းလာကြိုသည်နှင့် ဝန်းယံတို့အိမ်ကိုလိုက်ပို့ဖို့ပြောလိုက်ရ၏။

“သားငယ် ဝန်းယံလေးကို အရမ်းမနိုင်စားပါနဲ့”

“မနိုင်စားပါဘူး ဖေဖေကလဲ အဲ့ကောင်လေးက ပျော့ကိုပျော့တာ၊ ငိုတာနည်းနည်း ဖျားတာများများ”

“သားကအကြီးလေ၊ ဝန်းလေးအကြောင်းလဲ သားသိရဲ့သားနဲ့၊ ဝန်းလေးက သားဒါဆိုဒါလေ ဝန်းလေးကိုသေချာချော့လိုက်နော်"

“ဟုတ်ဖေဖေ”

တိုင်းဝဠာပျို ဖေဖေ့စကားအား ဟုတ် ဟုသာနာခံလိုက်သည်။ ဖေဖေဝင်ပြောနေသည်ဆိုထဲက သူနည်းနည်းလွန်နေပြီလားဟု တွေးမိလိုက်၏။ ဝန်းယံတို့အိမ်ရောက်သည်နှင့် ဖေဖေသည်ဧည့်ခန်းမှာထိုင်ကာ တီတီတို့နှင့်စကားပြောကာကျန်ခဲ့သည်။

Love is everything (Complete) Uni & Zawgyiحيث تعيش القصص. اكتشف الآن