Finale

16K 600 22
                                    

Unicode

“သားသားကို လာခေါ်ပေးမှာလား”

“အင်း”

“လာခေါ်ပေးမယ်ဆိုပြီး driver ပဲမလွှတ်လိုက်နဲ့နော် ဒီနေ့ကစာမေးပွဲနောက်ဆုံးရက်”

“လာခေါ်ပေးမယ်ဆိုကွာ”

“ကိုကိုကြီးကလဲ ၃ နာရီလောက်လေးကို စောင့်နေလိုက်ပါလား”

“ဒီနေ့စာမေးပွဲဖြေအုန်းမှာလား”

အဝေးသင် နောက်ဆုံးနှစ် စာမေးပွဲနောက်ဆုံးရက်ဖြစ်တာကြောင့် ထန်တိုင်းပျို လိုက်ပို့တာဖြစ်သည်။ ပြီးခဲ့တဲ့ရက်တွေက အလုပ်ကိစ္စရှိလို့  driver နဲ့လွှတ်ပေးထားတာဖြစ်ပြီး ဒီနေ့ကနောက်ဆုံးရက်လည်းဖြစ်အလုပ်လဲပါးတာကြောင့် သူလိုက်ပို့တာဖြစ်သည်။ ဒါကိုအထဲမဝင်သေးပဲ သူ့ကိုစောင့်နေရန်ပြောနေတာ။ သားသားမစောင့်ခိုင်းလည်း သူစောင့်နေဖို့စဉ်းစားထားပြီးသား။ သားသားပို့ပြီး ပြန်ရမှာနဲ့ ပြန်လာရမှာနဲ့ လမ်းမှာတင်အချိန်ကုန်နေမှာကြောင့် စောင့်နေဖို့အစောကထဲက စိတ်ကူးပြီးသားကို သားသားသည် ဂျီကျနေတာဖြစ်၏။

“ပြွတ်! သွားတော့မယ်”

သူဘာမှပြန်မပြောပဲနေနေတာကြောင့် ပါးကိုလာနမ်းက နမ်းလို့မမြည်ပဲ ပြွတ်လို့မြည်အောင် အသံလည်းထုတ်သေးတာဖြစ်သည်။ အထဲကိုဝင်သွားသည့် သားသားကိုမျက်စိတစ်စုံးကြည့်ပြီးတော့မှ အရိပ်ရတဲ့နေရာရှာကိုကားထိုးကာ ကားထဲမှာပဲစောင့်နေလိုက်ရသည်။ PA ဆီဖုန်းဆက်ကာ အလုပ်ကိစ္စတွေညွှန်ကြားနေရင်း အချိန်ကဘယ်လိုကုန်လို့ကုန်သွားမှန်းမသိ။ အထဲက ကျောင်းသားတွေ တစ်ယောက်စနှစ်ယောက်စ ထွက်လာတာတွေ့တာနဲ့ ထန်တိုင်းပျို ကားကို ကျောင်းရှေ့ဘေးကျကျကိုမောင်းသွားကာ စောင့်နေလိုက်သည်။ သူကြည့်နေတုန်းမှာ သားသားထွက်လာတာကိုတွေ့လိုက်၏။ ခဏအကြာသားသားဘေး ကျောင်းသားတစ်ယောက်ရောက်လာကာ ဘာတွေပြောနေလည်းမသိ သားသားသည်ခေါင်းခါကာ စကားပြန်ပြောနေသည်။

“ငါခွင့်တောင်းပေးမယ်လေ မင်းကိုကိုကြီးဆီမှာ လိုက်ခဲ့ပါလားကွာ”

“မလိုက်တော့ဘူး ကိုကိုကြီးနဲ့လျှောက်လည်မလို့ အစီအစဉ်ရှိပြီးသား”

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now