Part 12

8.2K 501 8
                                    

Unicode

သားနှစ်ယောက် အခန်းထဲဝင်လာ၍ ခက်ထန်သည်ထူးဆန်းနေသည်။ သားနှစ်ယောက်သည် သိတတ်သည့်အရွယ်အခန်းခွဲအိပ်သည့်နေရက်မှ စပြီး ဒီလိုဝင်လာချင်းမရှိ။ သူတို့အခန်းထဲဝင်လျှင်လည်း ကြိုက်တာမဟုတ်။ ဝင်ချင်သည့်ကိုယ်သည် ခိုးဝင်ရတာဖြစ်သည်။

“ကလေးတွေ ထူးဆန်းနေတယ်”

“ဖေဖေတို့ဆီ သားတို့က လာလို့မရဘူးလား”

“ဟုတ်ပါရဲ့ ကိုယ့်ဒယ်ဒီနဲ့ဖေဖေ့ အခန်းထဲလာတာကို မလာရဘူးလား”

သားနှစ်ယောက်သည် ကျွန်တော်ဟု သုံးနေပြီးမှ သည်ညတွင်သားဟုသုံးလာလေသည်။ ပြီးသည်နှင့် photo album တွေထားသည့် show case ကိုဖွင့်ကာ album တွေအားလုံးကိုမချလာကာ သူတို့ကုတင်ပေါ်တက်ကြတော့သည်။ နှစ်ယောက်သား အားယားမှောက်ကာ သားနှစ်ယောက်သည် သူငယ်ငယ်တန်းကပုံတွေကစပြီးကြည့်တော့၏။

“ဖေဖေ့ ဒီပုံက ကလေးလေးနော်”

“ဖေဖေလဲ အဲ့လိုကလေးလေးဖြစ်ခဲ့တာလေ”

ခက်ထန် သားနှစ်ယောက်ဘေးသွားထိုင်ကာ ဝင်ဖြေပေးလိုက်သည်။

“ဟုတ်သားပဲ မေ့သွားလို့”

သားနှစ်ယောက်သည် သူငယ်ငယ်တုန်းက ပုဆိုးနှင့်ပုံလေးအား ကြည့်ကာသူ့အား ကလေးလေးလို့ပြောနေ၏။

“ဖေဖေ့မျက်လုံးလေးတွေက လှတယ်၊ ကိုကိုနဲ့အတူတူပဲ”

“ညီညီက ဆံပင်လေးကလှတယ် အညိုရောင်လေး ကိုကိုကြိုက်တယ်”

“ဖိုးဖိုးနဲ့ဖွားဖွားကြီး၊ ဒါကဖိုးလေး”

“ဖိုးလေး ဆိုမှ ကိုကိုတို့ ဖိုးနဲ့ဖွားဆီ မရောက်တာကြာပြီ၊ ဒယ်ဒီ ဒီတစ်ခေါက်ပိတ်ရက် ဖိုးနဲ့ဖွားဆီ သွားရအောင်”

“ရတာပေါ့ ဒယ်ဒီနဲ့ဖေ‌ဖေသားတို့ကိုလိုက်ပို့မယ်”

သားနှစ်ယောက်သည် သူတို့ဖိုးနဲ့ဖွားဆီ တစ်လတစ်ခါတော့ ရောက်အောင်သွားတတ်သည်။ တစ်ခါတစ်လေ မသွားရတာ ကြာသွားလျှင် သွားဖို့ပူဆာတတ်၏။

“ဒီမှာ ဒီမှာ ဖေဖေ ဟိုးနောက်မှာ ဒယ်ဒီ"

“ဟုတ်တယ် ဒယ်ဒီက ဖေဖေ့ကိုကြည့်နေတာ၊ ဖေဖေက ကင်မရာကိုပဲကြည့်နေတာ”

Love is everything (Complete) Uni & ZawgyiTempat cerita menjadi hidup. Temukan sekarang