Part 19

7.9K 487 10
                                    

Unicode

“သင်တန်းဆင်းပွဲကို ဘယ်မှာလုပ်မှာတဲ့လဲ”

“ဘယ်မှာလဲတော့မသိဘူး တိုင်းဝဠာပျိုတို့အိမ်က သင်တန်းဆင်းပွဲကို စပွန်ဆာပေးထားတာတဲ ပျော်စရာကြီး”

“ဟဲ့ ကုန်မှာနော် ရာတောင်ကမှာမဟုတ်ဘူး ထောင်ချီနေမှာ”

“သူတို့အတွက်တော့ အေးဆေးပဲပေါ့”

လေယာဉ်မောင်၊ လေယာဉ်မယ် သင်တန်းဆင်းပွဲအကြောင်းအကြောင်းအား ပြောဆိုတိုင်ပင်နေကြတာဖြစ်၏။ အတန်းထဲရှိ လူကုန်သည် သူ့လူနှင့်သူစုကာ ဒီအကြောင်းအား ပြောဆိုနေကြပြီး တိုင်းဝဠာပျိုသည် အားလုံးအားလျစ်လျူရှု့ကာ ဖုန်းပြောနေသည်။

“ညနေ ကိုကိုလာခေါ်မယ်”

…………….

“ရပါတယ်ဆို ဝန်းလေးရာ ကိုကိုလာခေါ်မယ်ဆို ပြီးရောမလား”

………….

“အင်း အဆင်သင့်လုပ်ထား ဟိုရက်က shopping ထွက်တုန်းက ဝယ်ခဲ့တဲ့ လိမ္မော်ရောင်နုနုလေးဝတ်ခဲ့”

…………

“ဟုတ်ပြီ ကိုကို ဝင်ခေါ်မယ်နော်”

သင်တန်းဆင်းပွဲတွင် ဝန်းလေးအားခေါ်သွားရန် တိုင်းဝဠာပျိုစီစဉ်ထားတာဖြစ်၏။ ဝန်းလေးအား သူသွားသည့်နေရာတိုင်းခေါ်သွားဖြစ်နေသည်။ ဝန်းလေးသည် အရစ်သန်သည်။ အလုပ်လုပ်သည့်အချိန်သွားကြည့်သည့်အခါ စေ့စေ့စပ်စပ်လုပ်တတ်၏။ အလုပ်တွင် အဆင်ပြေသလောက် သူ့အပေါ်တွင် အရမ်းရစ်သည်။ ဒီလိုရစ်နေသည့်ကောင်လေးကိုပဲ သူ့မှာချစ်နေရတာမဟုတ်ဘူးလား။ ဝန်းလေးတင်မဟုတ် ကိုကိုပါ လာမှာဖြစ်၏။ Treasure နှင့် Apex မှ စပွန်ဆာပေးထားသည့်အတွက်ကြောင့် ဒယ်ဒီရော၊ ဖေဖေရာ တက်မှာဖြစ်ပြီး ကိုကိုပါ, ပါမှာဖြစ်သည်။

ဖုန်းဆက်နေသံအားကြားသည်နှင့် မိုးမြင့်စံ စိတ်တို့သည် ထိုင်းမှိုင်းသွားသည်။ ကိုယ်တွေသင်တန်းဆင်းပွဲကို မဆိုင်သူတွေခေါ်နေသည်အားမကြိုက်။ ဒီကောင်လေးက နေရာတကာမှာ ပါမှဖြစ်မှာလား။ သို့ပေမယ့် စပွန်ဆာပေးထားသည့်သူဖြစ်နေသည်ကြောင့် ပြောလို့လဲမဖြစ်။ သို့ပေမယ့် အဲ့သည့်စပွန်ဆာထဲတွင် သူတို့သည်လည်းအကျဉ်းပါသည်မဟုတ်လား။

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now